မကွေးတိုင်း တပွင်ရွာရဲစခန်း PDF တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့

0
301
photo – MOD

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ် တပွင်ရွာ ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ပျူစောထီး၂ ဦးကိုလည်း လက်ရဖမ်းဆီးနိုင်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက် ညနေပိုင်းက စစ်ကောင်စီ ခ.လ.ရ-၂၅၃၊ ၂၅၄၊ ၂၅၅ နှင့် က.ပ.စ-၂၀ တို့၏ အင်အား ၄၀ ဖြင့် တပ်စွဲထားသည့် တပွင်ရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မင်းဘူး ခရိုင်၊ တပ်ရင်း-၃ က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွားချိန်အတွင်း စစ်ကောင်စီဘက်က စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့သည့် အတွက် ကျန်ရှိနေသည့် ပျူစောထီး ၂ ဦး၊ ဆိုင်ကယ် ၁ စီးနှင့် ရိက္ခာအနည်းငယ် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးပြီးနောက် တပွင်ရွာ ရဲစခန်းကို PDF တပ်တွေက မီးရှို့ ဖျက်ဆီးခဲ့ကြောင်းနှင့် အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် – PDF (စစ်ရုံးချုပ်) က သတင်းထုတ်ပြန်ခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here