ဖယ်ခုံ ရက်ရှည်တိုက်ပွဲ စစ်ကောင်စီဘက်က အရာရှိ ၁ ဦး အပါဝင် ၂၀ ကျော်သေဆုံး

0
359
ပုံစာ - တိုက်ပွဲအတွင်း စစ်ကောင်စီထံက သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများ (Photo- PDF/Pekhon)

ကရင်နီ (ကယား) ပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စုထဲရှိ ခေါင်းအိကျေးရွာနှင့် စက်တော်ကျေးရွာတို့တွင် စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား ဖြစ်ပွားသည့် ရက်ရှည်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၂၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ ၃ ရက် မှ ဇွန်လ ၁၃ ရက်အထိ ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၂၇ ဦး သေဆုံးခဲ့ကြောင်းနှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ MBPDF (1007) တပ်ရင်းမှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း PDF – Pekhon တပ်ရင်း အမှတ် (၁၀၀၂) က ဇွန်လ ၁၄ ရက်က ထုတ်ပြန်ပြောဆိုသည်။

PDF တပ်ဖွဲ့ဝင်တစ်ဦးက “စကစဘက်က ထိုးစစ်ဆင်လာတော့ ကျနော်တို့ ဒေသကာကွယ်ရေးတပ်တွေကလည်း ကာကွယ်ရတာပေါ့။ တိုက်ပွဲကာလအတွင်း အထိအခိုက် ရှိခဲ့တာပေါ့။ တိုက်ပွဲ ၁၀ ရက်တာ ကာလအတွင်းကတော့ ကျနော်တို့ ထုတ်ပြန်ထားပြီးလည်း ဖြစ်တယ်။ စာရင်း အတိအကျနဲ့ပါ” ဟု ပြောသည်။

တိုက်ပွဲ ၁၀ ရက်တာ ကာလအတွင်း စစ်ကောင်စီမှ MA – 2 (၁) လက်၊ MA – 3 (၁) လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း PDF – Pekhon သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

အဆိုပါ ကျေးရွာများသို့ စစ်ကောင်စီ အမှတ် (၇) စစ်အခြေခံ လေ့ကျင့်ရေးတပ် အပါအဝင် တပ်မ (၆၆) လက်အောက်ခံ တပ်ရင်းများက စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီ စစ်ကြောင်းကို LKPDF၊ DMO-PDFs၊ DMO Local-PDFs ၊MBPDF ပူးပေါင်းစစ်ကြောင်းများနှင့် KRU၊ KNDF တို့ ပူပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိရဉ္စရာ ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here