ပုလောမှာ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်

0
195

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နန်းပရုပ်ကျေးရွာအနီးတွင် မေ ၂၄ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါသည်။

ယင်းနေ့ နံနက် ၆ နာရီလောက်မှာ ပလောက်မြို့၊ တန်းမြင့်စစ်အခြေခံလေကျင့်ရေးကျောင်းကနေ အင်အား ၅၀ ကျော်နှင့် ထွက်လာသော စစ်ကားကြီး ၂ စီးကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်း ၆ လုံးဆွဲပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြိတ်ခရိုင် တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ရှိသူကတော့ အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပုလောဘက်သွားမည်ကို သတင်းအရ ကြိုတင်သိရှိခဲ့သည့်အတွက် လက်ဦးမှုရယူပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီယာဉ်တန်းဘက်မှ ဒေသကာကွယ်ရေးအဖွဲ့များ ရှိနိုင်မည့်နေရာတွေကို မှန်းပြီး ၄၀ မမ အပါအဝင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်မှုလုပ်ဆောင်ခဲ့သော်လည်း အထိအခိုက် တစ်စုံတစ် ရာမရှိဘဲ ဆုတ်ခွာနိုင်ပါသည်။

ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့ကလည်း ပုလောမြို့နယ် ထမင်းမစားကျေးရွာနှင့် နန်းပရုပ်ကျေးရွာကြားမှာ စစ်ကောင်စီကား မိုင်းထိပြီး အရာရှိ ၁ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ပါသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပုလောမြို့နယ်မှာတော့ စစ်တပ်အာဏာသိမ်း၂ နှစ်အတွင်း စစ်ကောင်စီယာဉ်တန်းများ မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်က အထိနာနေတာလည်း ဖြစ်သည်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here