ထိန်းသိမ်းထားသောအရပ်သားတစ်ဦးသေဆုံးစေသည့် KNDF တပ်သား ၂ ဦးကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်

0
160
Photo – KNDF

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်နှစ်ဦးကို ၎င်းတို့ဖမ်းဆီးထိန်းသိမ်းထားသည့် မူးယစ်ရမ်းကားမှုစွဲချက်ဖြင့် အရပ်သားတစ်ဦးအား လက်နက်နှင့် မလျော်ကန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် အဆိုပါတပ်ဖွဲ့ဝင်၂ ဦးကို ထောင်ဒဏ် နှစ် ၂၀ နှင့် ၁ လ ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု KNDF က ထုတ်ပြန်လိုက်သည်။

KNDF က မတ်လ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် ကျူးလွန်သူ တပ်ဖွဲ့ဝင်နှစ်ဦးကို KNDF ဗဟို စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး စစ်ဘက်ဆိုင်ရာအက်ဥပဒေ ပုဒ်မ (၄၉) အရ ဗျူဟာစစ်ခုံရုံးတွင် စစ်ဆေးကြားနာမှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ကျူးလွန်သူ တပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ဘက်ဆိုင်ရာ အက်ဥပဒေ ပုဒ်မ (၂၂)၊ (၃၀) အရ ထောင်ဒဏ် (၂၀) နှစ်နှင့် (၁) လ ပြစ်ဒဏ်ကို ဗဟိုစစ်ခုံရုံးအဖွဲ့မှ အမိန့်ချလိုက်ခြင်း ဖြစ်သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖြစ်စဉ်အသေးစိတ်ကို အသေစိတ် သိရှိနိုင်ရန် KNDF ရဲ့ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် ထုတ်ပြန်ချက်အတိုင်းသာ ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။

မသင်္ကာသူအဖြစ် ဖမ်းဆီးထိန်းသိမ်းခံရသူသည် အသက် ၂၇ နှစ် အရွယ် ပီကင်းကောခူရွာ၌ နေထိုင်သူဖြစ်ပြီး ဖေဖော်ဝါရီလ ၂၁ ရက် ညပိုင်းတွင် ၎င်းအား သေဆုံးစေသည့်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here