1 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းထားဝယ်တွင် စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦးသေဆုံး

ထားဝယ်တွင် စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦးသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသတွင် စစ်ကောင်စီတပ်က လေကြောင်းနှင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး စာသင်ကျောင်းအဆောက်အဦတချို့ ထိမှန်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့ နေ့လယ် ၁ နာရီခွဲခန့်တွင် ထားဝယ်အရှေ့တောဒေသက တောင်သုံးလုံးကျေးရွာနှင့် ကျောက်မဲတောင်ရွာအကြားကို စစ်ကောင်စီလေယာဉ်က ပေါင် ၂၀၀ ဗုံးနှစ်လုံး လာရောက်ကြဲချသွားသည်ဟု ဆိုသည်။

လေကြောင်းနှင့် ဗုံးကြဲခံရမှုကြောင့် တောင်သုံးလုံးကျေးရွာနေ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး နောက်ကျောဗုံးစထိမှန် သေဆုံးသွားပြီး တောင်သုံးလုံးကျေးရွာက မူတန်းကျောင်းအဆောက်အဦး ထိမှန်ပျက်စီးခဲ့သည်။

ယင်းသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်သုံးလုံး၊ ကျောက်မဲတောင်ရွာက ဒေသခံတချို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာခံတချို့မှာ ရွာထဲမှာပင်နေထိုင်ကြပြီး အခြေအနေစောင့်ကြည့်နေသည်ဟု ဆိုသည်။

တဖက်တွင်လည်း ကျောက်မဲတောင်နှင့် တောင်သုံးလုံးတဝိုက်ကို တော်လှန်ရေးတပ်တို့ ဝင်ရောက်လာတာကြောင့် မေတ္တာမြို့ရှိ စစ်ကောင်စီဗျူဟာစခန်းကနေ လက်နက်ကြီးများနှင့် တောင်သုံလုံးနှင့် ကျောက်မဲတောင်ရွာဘက်ကို ပစ်ခတ်နေကြောင်း ဒေသခံတို့က ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့ကလည်း တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မြေးအဖိုးနှစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။