တနင်္သာရီမှာ ရိက္ခာပြန်လာယူသော စစ်ရှောင်ဒေသခံ ၇ ဦး ဖမ်းဆီးခံရ

0
256
ပုံစာ - ညောင်ပင်ကုန်းကျေးရွာပြမြေပုံ (Photo –CJ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာတွင် ရိက္ခာလာပြန်ယူသော စစ်ရှောင်ဒေသခံ ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးချုပ်နှောင်ထားကြောင်း ဒေသခံတွေက ပြောဆိုသည်။

ဇွန် ၇ ရက် နေ့လယ်ပိုင်းက ညောင်ပင်ကုန်းကျေးရွာတွင် စစ်ရှောင်ဒေသခံ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦးဟာ စားနပ်ရိက္ခာလာပြန်ယူစဉ် စစ်ကောင်စီတပ်နှင့်တိုးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဖြစ်သည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောသည်။

ဖမ်းဆီးသွားသည့် စစ်ရှောင်ဒေသခံများကို တနင်္သာရီအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၅၅၆) နှင့် အမှတ် (၃၀၆) အမြောက်တပ်တို့က စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရပါသည်။

ညောင်ပင်ကုန်းကျေးရွာ ဒေသခံများသည် ပြီးခဲ့သည့် မေလကုန်ကတည်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ ခြင်းကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် တနင်္သာရီမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲများအပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ် မပြန်ရဲကြကြောင်း သိရသည်။

သံလွင်တိုင်းမ် – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here