တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ် ဗျူဟာကုန်းတစ်ခု တိုက်ခိုက်ခံရ

0
412

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းနဲ့ စစ်ကြောင်းထိုး လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တစ်ရက်တည်း သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၁ ရက်နေ့ မနက်ပိုင်းမှာ ရေဖြူကျေးရွာရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းကို KNU တပ်ရင်း ၁၁ နဲ့ ပူးပေါင်းတပ် ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုမိနစ် ၃၀ နီးပါးကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တွေရဲ့ ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အဲဒီနေ့ မနက် ၉ နာရီအချိန်လောက်မှာလည်း တနင်္သာရီမြို့နယ် သိန်းခွန်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာကနေ နှစ်ဖက် တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်က ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

တနင်္သာရီမြို့နယ်ကို ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးအပတ်ကစပြီး စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် နေ့စဉ်နဲ့အမျှ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် သိန်းခွန်၊ ချောင်းနှစ်ပေါက်၊ အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here