5 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းဆိပ်ဖြူတွင် စစ်ကောင်စီလက်နက်ကြီးကျလို့ အမွှာပူးကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံး

ဆိပ်ဖြူတွင် စစ်ကောင်စီလက်နက်ကြီးကျလို့ အမွှာပူးကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် ငါးနှစ်အရွယ် အမွှာပူးကလေး ၂ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီ ၂၆ ရက် ညနေ ၅ နာရီခွဲခန့်တွင် ရွှေဘိုးကျွန်း ကပစ ၂၁ ကနေ ပစ်လိုက်သော လက်နက်ကြီးသည် ကင်မွန်းထောင့်ရွာတွင်းကို ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“အခုလောလောဆယ် ငါးယောက်လောက် သေတယ်။ အမေကြီးတစ်ယောက်ရယ် အမွှာပူးလေး နှစ်ယောက်ရယ်၊ သားရယ်၊ ချွေးမရယ်ပေါ့။ အမွှာပူးလေးတွေက လေးနှစ်ကျော်ပေါ့။ အိမ်ထဲကျပြီး ပေါက်ကွဲတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ၅ နှစ်အရွယ် အမွှာပူး ၂ ဦး၊ အသက် ၅၀ အရွယ် လင်မယား ၂ ဦးနှင့် အသက် ၈၀ အရွယ် အဘွားအို ၁ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်တွင် ကာကွယ်ရေးအဖွဲ့များက ဆိပ်ဖြူမြို့နယ် ကပစ ၂၁ ကို လျှော့တိုက်ဒုံး ၈ လုံးဖြင့် တိုက်ခိုက်ခဲ့သည်။

ကပစ ၂၁ သည် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုနေသည့် ဗုံးသီးများထုတ်လုပ်နေပြီး တိုက်ခိုက်မှုအပြီး၌ ထုတ်လုပ်မှု ရပ်တန့်သွားကြောင်း သိရသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

သံလွင်တိုင်းမ် ပေးပို့သည်။