စစ်တပ်အာဏာသိမ်းနောက်ပိုင်း (၂) နှစ်ကျော်အတွင်း စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှု အကြိမ်ရေတွက် (၁၄၂၇) ကြိမ်ရှိကြောင်း ဉာဏ်အလင်းသစ် သုတေသနအဖွဲ့၏ စာတမ်းတစ်ခုမှာ ဖော်ပြထားပါသည်။
လေကြောင်းတိုက်ခိုက်မှုများသည် ပျှမ်းမျှအားဖြင့် ၃ ရက်လျှင် (၁) ကြိမ်နှုန်းဖြင့် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကိုင်း၊ ကရင်နှင့် ကရင်နီဒေသများသည် အများဆုံး တိုက်ခိုက်ခံရထားခြင်းဖြစ်ကြောင်း ဒီအဖွဲ့၏ မှတ်တမ်းက ပြောဆိုထားသည်။
ကရင်ဒေသသည် လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်ရေ ၃၂၂ ကြိမ်ရှိဖြင့် အများဆုံးဖြစ်ပြီး ဒုတိယအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးက အကြိမ်ရေ ၁၉၅ ကြိမ်တိုက်ခိုက်ခံရခြင်းဖြစ်သည်။
ဉာဏ်အလင်းသစ်၏ သုတေသနစာတမ်းအရ စစ်ကောင်စီသည် တစ်နှစ်ထက်တစ်နှစ် လေကြောင်းအသုံးပြုပြီး ဒေသကာကွယ်ရေးတပ် PDF များနှင့် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များ (EAOs) တိုက်ခိုက်နေခြင်းဖြစ်ကြောင်း တွေ့ရသည်။
အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် ၁၅၃ ကြိမ်နှင့် ၂၀၂၂ ခုနှစ်တွင်းမှာ ၈၂၀ ကြိမ်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလထိ ၄ လတွင်းမှာ (၄၅၄) ကြိမ် ပြုလုပ်ထားခဲ့ကြောင်း ဒီအဖွဲ့က အချက်လက်ပြုစုဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အပစ်မဲ့ အရပ်သားတွေပါ ထိခိုက်သေဆုံးကြရပြီး ဘာသာရေးအဆောက်ဦးတွေသာမကာ ကျေးရွာလုံးကျွတ်မီးလောင်ဆုံးရှုံးရမှုတွေများပြားလာနေပြီး ၎င်းလေကြောင်းတိုက်ခံရမှုဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးရွာက ဖြစ်စဉ်က ထိခိုက်မှုနှင့်လူသေဆုံးမှု အများဆုံးလဲဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ၂၀၂၂ ခုနှစ် အောက်တိုဘာလ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကို ကာကွယ်ဖို့အတွက် ပစ္စည်းတွေရရှိထားပြီဖြစ်ကြောင်း ပြောဆိုထားသည်။
ရှမ်းနီအသံ – ပေးပို့သည်။