ဂန့်ဂေါမြို့နယ် တောင်ခင်ရမ်း နယ်မြေရဲစခန်းက ရဲ ဒု-အရာခံဗိုလ်တစ်ဦး ပစ်သတ်ခံရ

0
415

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် တောင်ခင်ရမ်း နယ်မြေရဲစခန်းက ရဲ ဒု-အရာခံဗိုလ်တစ်ဦးကို နယ်မြေ စုပေါင်း ပ.က.ဖ က သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့ မေလ (၁၂) ရက်နေ့ မနက် (၈) နာရီဝန်းကျင်က လက်ဖက်ရည်သောက်ပြီး ပြန်လာတဲ့ ရဲဒုအရာခံ ဗိုလ် သိန်းဇော် ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တာပါ။

“ မနေ့က လက်ဖက်ရည်သောက်လာတဲ့အချိန်မှာ သေနတ်နဲ့ ခုနှစ်ချက်ပစ်ပြီးရှင်းလင်းလိုက်တာ။ ဒီလူက ရွာထဲမှာ ခွဲတမ်းပစ်တာတွေ၊ ပိုက်ဆံတောင်းတာတွေသောင်းကြမ်းလို့ရယ်၊ အချင်းချင်းပရိပက္ခတွေရှိ တယ်လို့ ဖရဲသီးသတင်းပေးတာကြောင့် ပစ်ခတ်လိုက်တာ။” လို့ ဂန့်ဂေါမြို့နယ် ပ.က.ဖ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ ရဲဒုအရာခံဗိုလ် ပစ်သတ်ခံရတဲ့ လဖက်ရည်ဆိုင်ရာ တောင်ခင်ရမ်းရဲစခန်းနဲ့ မီတာ (၂၀၀) ဝန်းကျင်သာဝေးပြီး သူနဲ့အတူပါလာတဲ့ ဆိုင်ကယ်တစ်စီးလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ဒေသခံနှစ်ဦးကို ဂန့်ဂေါတောင်ခင်ရမ်းနယ်မြေရဲစခန်းက ဖမ်းဆီးသွားတယ်လို့ သိရပြီး လက်ရှိအချိန်ထိ ပြန်လွှတ်ပေးတာမရှိဘူးလို့ သိရပါတယ်။

နယ်မြေ စုပေါင်း ပ.က.ဖ အဖွဲ့က ပစ်ခတ်လိုက်တဲ့ ရဲ ဒု-အရာခံဗိုလ် သိန်းဇော်ကို ညနေ (၃) နာရီဝန်းကျင်မှာ တောင်ခင်ရမ်းနယ်မြေရဲစခန်းက မီးသဂြိုလ်လိုက်တယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here