8 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းလှိုင်းဘွဲ့မြို့မရဲစခန်းက ရဲတပ်သားတစ်ဦး မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းထံ အလင်းဝင်

လှိုင်းဘွဲ့မြို့မရဲစခန်းက ရဲတပ်သားတစ်ဦး မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းထံ အလင်းဝင်

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့မရဲစခန်းက ရဲတပ်သားတစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းထံ အလင်းဝင်ခဲ့တယ်လို့ တနင်္သာရီတိုင်းစစ်ဌာန ပြန်ကြားရေးက ဇူလိုင် ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရဲတပ်ဖွဲ့ဝင် သက်တမ်း ၁၁ နှစ်ရှိပြီးဖြစ်တဲ့ ရဲတပ်သား ရန်နိုင်လင်းဟာ မိဘတွေရှိရာ တနင်္သာရီမြို့နယ်ဘက်ကို ထွက်ပြေးလာပြီးနောက် မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းထံ အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်သား ရန်နိုင်လင်းဟာ စစ်ကောင်စီဘက်က ပြည်သူတွေအပေါ် အနိုင်ကျင့်တာနဲ့ ဖမ်းဆီးသတ်ဖြတ်နှိပ်စက်မှုတွေ လုပ်ဆောင်နေမှုကို လက်မခံနိုင်တာကြောင့် ထွက်ပြေးလာတာဖြစ်တယ်လို့ တနင်္သာရီတိုင်းစစ်ဌာန တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အလင်းဝင်လာတဲ့ ရဲတပ်သား ရန်နိုင်လင်းကို မြိတ်ခရိုင် အမှတ် (၃) တပ်ရင်းက ကောင်းမွန်စွာ စောင့်ရှောက်ထားရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒနဲ့အညီ ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် အောက်ကင်းရွာအခြေစိုက် ခမရ (၅၅၇) တပ်က လမ်းကင်းတာဝန်ကျ စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်နဲ့အတူ တနင်္သာရီပကဖထံ အလင်းဝင်လာတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်