ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရဟုဆို

0
346
ဓာတ်ပုံ - ၄၀ မမ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းလွှတ်တော်ဝင်းအတွင်းရှိ အစိုးရအဖွဲ့ရုံးကို ယနေ့ မေလ ၁၂ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် ၄၀ မမဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံက သိရှိရသည်။

“ဒီမနက်ပေါ့။ ၄၀ မမဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ထိခိုက်မှုအခြေနေကတော့ ခင်ဗျားတို့ သိတဲ့အတိုင်းပဲလေ။ သူတို့နေရာယူထားတဲ့ နေရာဆိုတော့ အထဲမှာ ဘယ်လောက်ထိခိုက်လဲ မသိရသေးဘူး” ဟု စမ်းချောင်း ပကဖ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအား အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ခွဲ (၁) နှင့် စမ်းချောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဖြစ်စဉ်အနီးနေရာတစ်ခုက လုံခြုံရေးတာဝန်ကျ ဝန်ထမ်းတစ်ဦးကလည်း “ကျနော်က ညဂျူတီဆိုတော့ မနက်အစောက အသံတော့ကြားလိုက်တယ်။ အခု မနက်ပြန်လာတော့ အဲနားကဖြတ်လာမှ ညကအသံက ဒီကဖြစ်နိုင်တယ်ဆိုတာ သိရတာ” ဟု ပြောသည်။

လက်ရှိတွင် အဆိုပါဝင်းသည် စစ်ကောင်စီတပ်များ၏ စစ်ကားများ၊ ရဲကားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်အများအပြားဖြင့် နေထိုင်နေရာယူထားသည့် နေရာတစ်ခုဖြစ်ကြောင်းလည်း သိရှိရသည်။

ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်များသည် အဓိက လမ်းမကြီးများပေါ်ရှိ ရဲစခန်းများရှေ့တွင် အကာအရံ တားဆီးတုံးများ ပြန်လည်ပိတ်စို့ချထားမှုများ ပြုလုပ်လာကြောင်းကိုလည်း တွေ့ရှိရသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here