4 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းမီဇိုရမ်ပြည်က ရေဘေးသင့် စစ်ဘေးရှောင် ပလက်ဝဒေသခံတွေအတွက် အကူအညီလိုအပ်နေ

မီဇိုရမ်ပြည်က ရေဘေးသင့် စစ်ဘေးရှောင် ပလက်ဝဒေသခံတွေအတွက် အကူအညီလိုအပ်နေ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်၊ တွီဒင်း၊ ကာကီနဲ့ လောင်ဆွီးကျေးရွာတွေမှာ ရေဘေးသင့်နေတဲ့ စစ်ဘေးရှောင် ပလက်ဝဒေသခံတွေအတွက် နေအိမ်ပြန်လည်တည်ဆောက်နိုင်ရန် သစ်ဝါး၊ ရေပုံးတွေနဲ့ အခြေခံစားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ လိုအပ်လျက်ရှိနေတယ်လို့ ပလက်ဝကောင်စီ၊ စစ်ဘေးရှောင်နှင့် လူသားချင်းစာနာကူညီရေးဌာန ရဲ့ ဇွန်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ဘေးရှောင် ရေးဘေးသင့် ပလက်ဝဒေသခံတွေကို ဇွန်လ ၂၇ ရက်နေ့က ကာကီစခန်းကို ဆန် (၁၀၇) အိတ်၊ လောင်းပဆူးစခန်း ဆန် (၂၅) အိတ်၊ တွီဒင်းစခန်းကို ဆန် (၁၀၇) အိတ် စုစုပေါင်း ဆန်အိတ် အပြင် ဆား (၁၀၀) အိတ်၊ ဆီ (၄၈) ဘူးနဲ့ နေအိမ်လုံးဝပျက်စီးသွားတဲ့ နေအိမ် ၈၅ ဆောင်အတွက် တစ်အိမ်ထောင်ကို ရှုပီး (၃၀၀၀) နဲ့ စုစုပေါင်း ရှုပီး (၂၅၅,၀၀၀) ကို အလှူရှင်တွေရဲ့ ကျေးဇူးကြောင့် ပလက်ဝကောင်စီ၊ စစ်ဘေးရှောင်နှင့် လူသားချင်းစာနာကူညီရေးဌာန အနေနဲ့ သွားရောက်လှူဒါန်းနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်၊ တွီဒင်းကျေးရွာနဲ့ ကာကီကျေးရွာတွေမှာ စစ်ဘေးရှောင်နေတဲ့ ပလက်ဝစစ်ဘေးရှောင်တွေ နေထိုင်တဲ့နေရာတွေမှာ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး စစ်ရှောင်တွေရဲ့ နေအိမ်တွေလည်း ရေမြှုပ်၊ မျှောပါ ပျက်စီးတာတွေ ကြုံခဲ့ကြရတာဖြစ်ပါတယ်။

Chin World