ပခုက္ကူ ခလရ ၂၅၂ က စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး လက်နက်နှင့်အလင်းဝင်

0
163
Photo - Southern YSO PDF

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီ ခလရ ၂၅၂ တပ်က စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်နှင့် အလင်းဝင်ရောက်လာကြောင်း ရေစကြို Southern YSO PDF အဖွဲ့က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က အသက် ၂၀ အရွယ် တပ်သားအောင်ဆန်းလင်းနှင့် အသက် ၁၈ နှစ်အရွယ် တပ်သားအောင်သက်ပိုင်တို့က Southern YSO PDF အဖွဲ့ထံကို လက်နက်နှင့်တကွ အလင်းဝင်ရောက်တာဖြစ်သည်ဟု ဆိုသည်။

၎င်းတို့နှင့်အတူ MA-1 ၁ လက်၊ ကျည်ဘောက် ၁ ခု၊ 5.56 ကျည် ၂၅ တောင့် ယူဆောင်လာသည့်အတွက် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၆၀ ပေးအပ်ခဲ့ပြီး လွတ်မြောက်နယ်မြေတစ်ခုကို ပို့ဆောင်ပေးထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေစကြိုမြို့နယ်အခြေစိုက် Southern YSO PDF အဖွဲ့ထံ လက်နက်နှင့်တကွ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၂ ဦး၊ ရဲ ၂ ဦး စုစုပေါင်း ၄ ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

ထပ်မံပြီး လက်နက်နှင့် အလင်းဝင်ရောက်လာမည့် စစ်ကောင်စီတပ်သားများ ရှိနေသေးသော်လည်း ငွေကြေးအခက်အခဲကြောင့် မခေါ်ဆောင်နိုင်သေးသဖြင့် ပြည်သူများအနေနှင့် Southern YSO PDF အဖွဲ့ကို အားဖြည့်ကူညီပေးကြရန်လည်း တောင်းဆိုထားပါသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၃ သောင်းနီးပါး အထိ ရှိနေပြီဖြစ်သည်ဟု NUG အစိုးရ အချက်အလက် မှတ်တမ်းများအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here