6 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းထားဝယ်၊ ပကာရီရဲစခန်းဂိတ်တွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့များကို စနိုက်ဘာနှင့်ပစ်ခတ်ခဲ့

ထားဝယ်၊ ပကာရီရဲစခန်းဂိတ်တွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့များကို စနိုက်ဘာနှင့်ပစ်ခတ်ခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ပကာရီကျေးရွာရဲစခန်းအနီး စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီတပ်သားတစ်ဦး စနိုက်ဘာနှင့် ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားသည်ဟု ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၂၄ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်က ပကာရီကျေးရွာရဲစခန်းဂိတ်တွင် စစ်ဆေးရေးလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒူရကစစ်ကြောင်းအဖွဲ့က စနိုက်ဘာနှင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားတစ်ဦးသည် အခင်းဖြစ်ရာနေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ဒူရကစစ်ကြောင်းက ပြောဆိုသည်။

ပကာရီရဲစခန်း စစ်ဆေးရေးဂိတ်သည် လုံခြုံရေးအကြောင်းပြပြီး ခရီးသွားများထံကနေ ငွေကြေးတောင်းခံနေသည့်အတွက် စနိုက်ဘာနှင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒူရကစစ်ကြောင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

စနိုက်ဘာနှင် ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိဘူးကြောင်း သိရသည်။

ဒူရကစစ်ကြောင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် စစ်ရေးအရှိန်အဟုန်မြှင့် လုပ်ဆောင်နေသည့်အတွက် ပြည်သူများအနေနှင့် ခရီးသွားလာရာတွင် သတိပြုသွားလာကြရန်လည်း တိုက်တွန်းထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။