စစ်ကောင်စီလက်အောက် ချင်းပြည်နယ် ၁၀ တန်းအောင်ချက် မကြုံစဖူးမြင့်တက်

0
228

စစ်ကောင်စီလက်အောက် ပညာရေးဝန်ကြီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ဇွန်လ ၉ ရက်က ထုတ်ပြန်ခဲ့ရာတွင် ချင်းပြည်နယ်သည် တနိုင်ငံလုံးတွင် စတုတ္ထမြောက်အောင်ချက် ရာခိုင်နှုန်း အများဆုံး ဖြစ်ခဲ့သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ချင်းပြည်နယ် စာစစ်ဌာန ၁၃ ခုတွင် ကျောင်းသူကျောင်းသား ၂၈၂၄ ဦးက ဖြေဆိုခဲ့ကြရာ ၂၀၄၅ ဦး စာမေးပွဲ အောင်မြင်ခဲ့ကြပြီး တစ်နိုင်ငံလုံးတွင် အောင်ချက် ၇၂.၄၂ ရာခိုင်နှုန်းဖြင့် စတုတ္ထမြောက်အဆင့် ရှိခဲ့သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်က ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ၂၂၅၉ ဦး ရှိခဲ့ရာ အောင်မြင်သူ ၆၀၅ ဦး ရှိခဲ့ပြီး အောင်ချက် ၂၆.၇၈ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အနည်းဆုံးအဆင့် ရှိခဲ့သည်။

ချင်းပြည်နယ်သည် စစ်အာဏာသိမ်းမှု မဖြစ်ခင်ကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံးတွင် အောင်ချက် အနည်းဆုံး (သို့မဟုတ်) ဒုတိယအောင်ချက် အနည်းဆုံး ပြည်နယ် ဖြစ်လေ့ရှိသော်လည်း စစ်ကောင်စီလက်အောက်တွင် ယခုကဲ့သို့ အောင်ချက်မြင့်တက်လာသည့်အပေါ် ချင်းပြည်သူအများစုက အံ့သြနေကြသည်။

KMG – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here