စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊ စရဖနှင့် လဝကရုံးများ တိုက်ခိုက်ခံရပြီးနောက် လောင်းလုံးဒေသခံ ၅၀ ထက်မနည်း ဖမ်းဆီးစစ်မေးခံနေရ

0
290

တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ စရဖရုံးနှင့် လဝကရုံးတွေ တစ်ရက်တည်း တိုက်ခိုက် ခံရပြီးနောက် စစ်ကောင်စီက ဒေသခံ ၅၀ထက်မနည်းကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေ ကြောင်း မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါသည်။

ပြီးခဲ့သည့် မေ ၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် လောင်းလုံးမြို့ပေါ်က လောင်းလုံးမြို့မရဲစခန်းအပါအဝင် ဌာနဆိုင်ရာ ရုံး ၃ ရုံးကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့တို့က တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပါသည်။

တိုက်ခိုက်ခံရပြီး ယင်းနေ့မှာပဲ စစ်ကောင်စီတပ်က လောင်းလုံးမြို့ (က) ရပ်ကွက်နေ ကိုလှိုင်နေဦး၊ မသက်သက်အေးနှင့် အမျိုးသားဖြစ်သူ၊ (ခ) ရပ်ကွက်က မဆွေဇင်ထက်တို့ကို ဖမ်းဆီးသွားခဲ့ပါသည်။

ယင်းနောက် မေ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တို့မှာ စစ်ကောင်စီတပ်ဟာ လောင်းလုံးမြို (က) ရပ်ကွက်နှင့် ခ ရပ်ကွက်တို့က အရက်ဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်၊ ကွမ်းယာဆိုင်၊ စတီးသံပန်းဆိုင်တွေမှာရှိနေသေညအမျိုးသား၊ အမျိုးသမီးတွေအပြင် LGBT တွေပါမချန် ဖမ်းဆီးသွားခဲ့ကြောင်းဒေသခံတွေက ပြောသည်။

ဖမ်းဆီးသွားသည့်သူတွေကို လောင်းလုံးမြို့မရဲစခန်းနှင့် စစ်ကောင်စီ စစ်ကြောရေးတို့တွင် စစ်ဆေးမေးမြန်းမှု တွေ လုပ်ဆောင်နေပြီး အချို့ကိုတော့ ပြန်လွှတ်ပေးမှုတွေရှိကြောင်း သိရသည်။

လောင်းလုံးမြို့ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံး ၃ ရုံး တိုက်ခိုက်ခံရသည့်ဖြစ်စဉ်မှာ လူဝင်မှုကြီးကြပ်ရေး လဝကရုံးက ဒု-ဦးစီးမှူးတစ်ဦး သေဆုံးခဲ့ပါသည်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here