“တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့်မို့လို မိုးတွင်းမို့လို့ ၊ ဆောင်းတွင်းမို့လို့ နားလို့မရဘူး။ ကျွန်တော်တို့ ပင်ပန်းလည်း နားလိုက်၊ ပြန်လုပ်လိုက်နဲ့ မကြာသေးခင်က စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ကျွန်တော်တို့ နယ်မြေခံတပ်ရင်းနဲ့ စစ်ဆင်ရေးဖော်ဆောင်တာရှိတယ်” နဂါးနီစစ်ကြောင်း ဒု-စစ်ကြောင်းမှူး CDM ဒု-ဗိုလ် ဟိန်းထက်ဇော် (ခ) ကိုဟိန်း

0
272
ပုံစာ - နဂါးနီစစ်ကြောင်း ဒု-စစ်ကြောင်းမှူး၊ CDM ဒု-ဗိုလ် ဟိန်းထက်ဇော် (ခ) ကိုဟိန်း

နဂါးနီစစ်ကြောင်းရဲ့ စစ်ရေးဖော်ဆောင်မှု၊ နှစ်ဖက် စစ်ရေးအခြေအနေနှင့်ပတ်သတ်ပြီး နဂါးနီစစ်ကြောင်း ဒု-စစ်ကြောင်းမှူး၊ CDM ဒု-ဗိုလ်ဟိန်းထက်ဇော် (ခ) ကိုဟိန်းနှင့် မေးမြန်းချက်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းတိုင်းစစ်ဒေသရဲ့ နဂါးနီစစ်ကြောင်းသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အဓိက စစ်ရေးလှုပ်ရှားတာ ဖြစ်ပါတယ်။

နဂါးနီစစ်ကြောင်းဟာ အာဏာသိမ်းကာလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်တိုက်ထုတ်နေတဲ့ စစ်ကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒါကြောင့် လတ်တလော နဂါးနီစစ်ကြောင်းရဲ့စစ်ရေးဖော်ဆောင်မှု၊ နှစ်ဖက်စစ်ရေး အခြေအနေ၊ စစ်ကြောင်း လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး နဂါးနီစစ်ကြောင်းရဲ့ ဒု-စစ်ကြောင်းမှူးလည်းဖြစ်တဲ့ CDM ဒုဗိုလ် ဟိန်းထက်ဇော် (ခ) ကိုဟိန်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အရင်ဆုံး နဂါးနီစစ်ကြောင်းရဲ့ လက်ရှိစစ်ရေးဖော်ဆောင်မှုအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။ ။ ကျွန်တော်တို့တောင်ပိုင်းမှာ စစ်ကြောင်းတွေ စဖွဲ့ချိန်တည်းက ကျွန်တော်တို့နဂါးနီစစ်ကြောင်းက အဲဒီကတည်းက စတင်ဖွဲ့စည်းခဲ့တယ်။ စတင်လှုပ်ရှားခဲ့တဲ့ စစ်ဆင်ရေးနယ်မြေတွေက ကြာအင်းဆိပ်ကြီးမြို့နယ် တခွင်မှာ စစ်ဆင်ရေးလှုပ်ရှားမှုတွေ အခုထိကျွန်တော်တို့ ဆက်တိုက်လုပ်ဆောင်တယ်။ နယ်မြေခံတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာများတယ်။ ကျွန်တော်တို့ စစ်ကြောင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်တာက ရှိတာတော့ ရှိတယ်၊ နည်းပါတယ်။ အခုလက်ရှိက ကြာအင်းဆိပ်ကြီးမြို့နယ် KNU ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်ဘက်ခြမ်း မှာ စစ်ဆင်ရေးလှုပ်ရှားမှုတွေ ရှိတယ်။

မေး။ ။ မိုးတွင်းကာလဖြစ်တယ်ဆိုတော့ နှစ်ဖက်စစ်ရေးအခြေအနေ ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ လက်ရှိကတော့ စစ်ဆင်ရေးနားတယ်ဆိုတာ မရှိဘူး။ မိုးတွင်းဖြစ်တဲ့အတွက်ကြောင့်မို့လို ရန်သူ့ရဲ အခြေအနေနဲ့ ကိုယ့်အခြေအနေလည်း ပြန်ကြည့်ရတယ်။ နောက်ရာသီဥတုအခြေအနေ မိုးတွင်းဖြစ်လို့ ဒါပေမယ့် ကျွန်တော်တို့ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့်မို့လို မိုးတွင်းမို့လို့ ၊ ဆောင်းတွင်းမို့လို့ နားလို့မရဘူး။ ကျွန်တော်တို့ ပင်ပန်းလည်း နားလိုက်၊ ပြန်လုပ်လိုက်နဲ့ မကြာသေးခင်က စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ကျွန်တော်တို့ နယ်မြေခံတပ်ရင်းနဲ့ စစ်ဆင်ရေးဖော်ဆောင်တာရှိတယ်။ အဲဒီမတိုင်ခင်မှာလည်း ပြောက်ကျားဖြစ်တဲ့တိုက်ပွဲတွေ ဒရုန်းမစ်ရှင်အဖွဲ့တွေနဲ့ ပေါင်းပြီး မိုးတွင်းလည်း ကျွန်တော်တို့ စစ်ဆင်ရေး မနားပါဘူး။ ပွဲကတော့ သိပ်မကြာဘူး အမြဲကနေတာပဲ။

မေး။ ။ နဂါးနီစစ်ကြောင်းရဲ့မူဝါဒနဲ့ အဓိကလုပ်ငန်းစဉ်တွေအကြောင်း ရှင်းပြပေးပါဦး။

ဖြေ။ ။ ဆောင်ပုဒ်ကတော့ နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမည်ပေါ့။ အဲဒီလိုပုံစံအတိုင်းပဲ ကျွန်တော်တို့ သွားတယ်။ နောက်ပြီးတော့ နဂါးနီရဲ့မူဝါဒနဲ့ပြောရမယ်ဆိုရင် ကျွန်တော်တို့လက်ရှိမှာ ၂၀၂၁ နှစ်ကုန် ဒီဇင်ဘာမှာ စဖွဲ့ပြီးတော့ စကတည်းက စစ်ဆင်ရေးတွေ တောက်လျှောက်လုပ်လာတယ်။ မြေပြင်မှာ ရင်ဘတ်ချင်းတူတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းပြီးလုပ်ဆောင်တယ်။ တော်လှန်ရေးမှာ တစ်စုတစ်ဖွဲ့ကောင်းလို့ အဆင်မပြေဘူး။ ကျွန်တော် တို့အဖွဲ့တိုင်း ရင်ဘတ်ချင်းနီးပြီးတော့မှ အားလုံးစည်းလုံးညီညွတ်တော့မှ စစ်တပ်ကိုပြန်ပြီး အနိုင်ယူနိုင်မှာ၊ တစ်ဖွဲ့ချင်းကနေ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း လုပ်ရင်တော့ တပ်ထောင်တယ်၊ စစ်ဦးစီးချုပ်တွေ ဘာတွေပေါ့။ ကျွန်တော်တို့အဖွဲ့က ကြိုက်တဲ့အဖွဲ့နဲ့ ပူးပေါင်းပြီးဆောင်ရွက်မယ်။ အဓိက က တော်လှန်ရေး သန္ဓေမှန်တယ်ဆိုရင် ကျွန်တော်တို့ ပူးပေါင်းပြီးဆောင်ရွက်တယ်။ အဲဒါပါပဲ။

မေး။ ။ နဂါးနီစစ်ကြောင်းအနေနဲ့ အမျိုးသားညီညွတ်အစိုးရနဲ့ ဘယ်လိုချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ နဂါးနီစစ်ကြောင်းက NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ တောင်ပိုင်းစစ်ကြောင်းတွေထဲက စစ်ကြောင်းတစ်ကြောင်းပေါ့။ ဒါကြောင့် MOD လက်အောက်ကနေ ကွပ်ကဲမှုနဲ့သွားနေတဲ့စစ်ကြောင်း၊ တပ်စကားအရပြောရမယ်ဆိုရင် MOD က အထက်ဌာနပေါ့။ သူတို့ရဲ့ကွပ်ကဲမှုနဲ့ပဲ မြေပြင်မှာ ကျွန်တော်တို့သွားနေတယ်။ ကွပ်ကဲမှုက COC နဲ့သွားတယ်။ မြေပြင်မှာကျတော့ မြေပြင်က EAO အဖွဲ့စည်းတွေနဲ့ ကျွန်တော်တို့က ချိတ်ဆက် COC နဲ့ ပူးပေါင်းပြီးသွားတယ်။ ဘယ်လိုပူးပေါင်းဆောင်ရွက်လဲဆိုတော့ NUG ၊ MOD လက်အောက်က စစ်ကြောင်းတွေစစ်တယ်။ သူတို့ရဲ့ ကွပ်ကဲမှုနဲ့ COC အရသွားတယ်။

မေး။ ။ နဂါးနီစစ်ကြောင်းမှာ လက်ရှိတွေ့ကြုံနေရတဲ့ အခက်ခဲတွေရှိပါလား။ ရှိရင် ဘယ်လိုအခက်အခဲတွေဆိုတာ ပြောပြပေးပါဦး။

ဖြေ။ ။ မိုးတွင်းကာလလည်းဖြစ်တော့ စစ်ကြောင်းတစ်ကြောင်းလုံးက တပ်ဖွဲ့ဝင်တွေမှာ ယူနီဖောင်းက အကုန်ရှိပေမယ့် တစ်ယောက်တစ်စုံပေါ့၊ ယူနီဖောင်း လိုအပ်ချက်ရှိတယ်ပေါ့။ ရှိရင်တော့ နောက်ထပ်အသစ် လူတိုင်းဝတ်ချင်တာပေါ့။ ယူနီဖောင်းတွေက နောက်ထပ်ပေါင်တွေကွဲ သုံးလေးခါလောက်ပြန်ချုပ်ပြီး ပြန်ဝတ်နေရတာ။ ကျွန်တော်တို့ တော်ရုံတန်ရုံ မတောင်းဘူးလေ။ ယူနီဖောင်းတွေပဲ လိုတယ်။ တခြားဟာကတော့ အဲဒီလောက်အထိ မရှိပါဘူး။ ကျွန်တော်တို့ရှာကြံပြီး လုပ်တယ်။

မေး။ ။ နဂါးနီစစ်ကြောင်းဆင်နွှဲခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ပြည်သူတွေကိုဘာတွေများ ပြန်ပြောပြချင်တာရှိမလဲ။

ဖြေ။ ။ စစ်ကြောင်းစဖွဲ့တည်းက ကျွန်တော်တို့ အရမ်းကြီးတိုက်ပွဲကြီးကြီးကျယ်ကျယ်ပေါ့နော်၊ တော်တော်လေးကို ကြမ်းတဲ့ပွဲဆိုရင် ခလရ ၂၈၄ မှာ တက်သိမ်းတဲ့ပွဲမှာ ကျွန်တော်တို့၊ KNLA ရယ်၊ ကော်ဘရာစစ်ကြောင်း ဗိုလ်ဒါဘောတို့နဲ့ အတူတူပူးပေါင်းပြီး သိမ်းတယ်။ အဲဒီတုန်းက ကျွန်တော်တို့က ကြမ်းတဲ့ပွဲဆို ခလရ ၂၈၄ မှာ တက်သိမ်းတဲ့ပွဲပေါ့။ အဲဒီမှာ KNLA ရယ်၊ ကော်ဘရာစစ်ကြောင်းက ဗိုလ်ကြီးဒါဘောတို့နဲ့ အတူ ပူးပေါင်းပြီးတော့မှ ဆောင်ရွက်တယ်။ အဲဒီတုန်းက ကျွန်တော်တို့က ကော်ဘရာနဲ့ ပူးပေါင်းပြီးလုပ်တာ၊ နောက် အထူးစစ်ဆင်ရေးတပ်ဖွဲ့S.O.F အထူးစစ်ကြောင်းနဲ့ ကျွန်တော်တို့နဂါးနီစစ်ကြောင်းနဲ့ ပူးပေါင်းပြီးတော့မှ ဆောက်ရွက်ခဲ့တယ်။ နောက်လည်း မြေပြင်မှာ ပွဲသေးလေးတွေနဲ့ပေါင်းပြီး မစ်ရှင်တွေလည်း ရှိတယ်။

မေး။ ။ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားတွေကို နဂါးနီစစ်ကြောင်းက ဘယ်လိုထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ပေးနေပါလဲ။

ဖြေ။ ။ စစ်ကြောင်းမှာ CDM ဝင်လာတဲ့ တပ်မတော်သားတွေရှိတယ်။ လက်နက်ပါတဲ့စစ်သားတွေဆိုရင် NUG၊ MOD နဲ့ ချိတ်ဆက်ပြီးတော့ လက်နက်ပါရင် ဘယ်လောက်ဆိုပြီးတော့ ကျွန်တော်တို့ပြန်ပြီးတော့ ပေးတာတွေ ရှိတယ်။ လက်နက်မပါရင်တော့ ဒီလိုမျိုးစစ်ကြောင်းရဲ့အနေအထားနဲ့ နောက်ဒီ NUG ၊MOD ကနေ ပေးတာတွေ လည်းရှိတယ်။ နောက် NGO တွေ၊ အပြင်ကနေ သပ်သပ်ပေးတဲ့အဖွဲ့အစည်းတွေနဲ့ ခုနကပေးတာတွေ စုပေါင်း ပြီးတော့မှ CDM တွေ ဘဝရပ်တည်ရေး၊ ထောက်ပံ့ကြေးအနေနဲ့ ပေးတယ်။ စစ်ကြောင်းမှာလည်း တပ်ကနေ ပြီးတော့ CDM လုပ်ပြီးတော့မှ တာဝန်ပြန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေလည်းရှိတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားလိုတာရှိမလဲ။

ဖြေ။ ။ တော်လှန်ရေးကာလက ၂ နှစ်ကျော်လာပြီးတော့ ၃ နှစ် အနေအထားကို ရောက်လာပြီ။ ကျွန်တော်တို့ ဖြတ်သန်းလာတဲ့ ကာလတလျှောက်လုံးက လွယ်လွယ်ကူကူ ဖြတ်သန်းလာတာ မဟုတ်ဘူးဗျာ။ ကျွန်တော်တို့ စပြီးတော့ မြို့ထဲမှာ ဆန္ဒပြပြီးတော့မှ နေလို့မရလို့ တောထဲကိုရောက်လာပြီးတော့မှ ကျွန်တော်တို့ ဘယ်လို စိတ်ဓာတ်မျိုးနဲ့ ရောက်လာတာလဲပေါ့။ အဲဒီတုန်းက ခံယူချက်တွေက ဘယ်လိုလဲပေါ့။ အခုရော အဲဒီလို ခံယူချက် တွေက ပြောင်းလဲသွားပြီလားပေါ့။ သွေဖယ်နေပြီလားပေါ့။ ပြန်ပြီးဆန်းစစ်ဖို့ လိုတယ်ပေါ့။ တော်လှန်ရေး သမားတွေ၊ တော်လှန်ရေး အသင်းအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကို ပြောချင်တာက ကျွန်တော်တို့အားလုံး စည်းလုံးညီညွတ်မှ ဒီပွဲက နိုင်မှာဖြစ်တယ်။

စည်းလုံးညီညွတ်မှုဆိုတာက တစ်ဖွဲ့နဲ့တစ်ဖွဲ့ မဟာမိတ်အဆင့် မဟုတ်ဘဲနဲ့ တစ်သွေးတည်းတစ်သားတည်းဖြစ်ဖို့ လိုတယ်။ အခုဟာက အဖွဲ့တွေက များပြီးတော့မှ သူ့နယ်ငါ့နယ်ပုံစံမျိုးတွေ ဖြစ်နေတယ်။ ဘာလုပ်မှာလဲပေါ့နော်။ အဲဒါက အဆင်မပြေဘူး။ ကျွန်တော်တို့က အကုန်လုံးတသွေးတည်းတသားတည်း ဖြစ်ရမှာ။ ကျွန်တော်တို့ စတောခိုတုန်းက အဲဒီလို စိတ်ဓာတ်လား၊ အဲဒါကိုတော်လှန်ရေးသမားတွေ သိစေချင်တယ်။ ကျွန်တော်တို့ စတောခိုတုန်းက အဲဒီစိတ်ဓာတ် မဟုတ်ဘူး။ ကျွန်တော်တို့လက်နက်ရရင် ပြန်ချမယ်ဆိုတာပဲ၊ အခုဟာက ရည်ရွယ်ချက်တွေ သွေဖယ်နေတာတွေ ရှိတယ်။ တချို့အသင်းအဖွဲ့တွေပေါ့နော် အားလုံးမဟုတ်ဘူး၊ ကျွန်တော် အဲဒီစကားပြောချင်တယ်။ အဲဒီအရာတွေက ဘယ်လိုဘဏ္ဍာရေးမျိုးနဲ့ လုပ်နေနိုင်တာလဲ။

ကျွန်တော်တို့က တော်လှန်ရေးအဖွဲ့အစည်း ဖြစ်တယ်ဆိုတဲ့ကြောင့်မို့လို့ ကျွန်တော်တို့နောက်ကွယ်မှာက ပြည်သူလူထုပဲရှိတယ်။ ကျွန်တော်တို့ ဒီနေ့ဒီအချိန်အထိ နိုင်ငံရေးအဖွဲ့အစည်းတွေ ရပ်တည်နေနိုင်တယ် ဆိုတာက လူထုကနေ ယုံကြည်ပြီးထောက်ပံ့နေလို့ ကျွန်တော်တို့ ရပ်တည်နေတာဖြစ်တယ်။ ကျွန်တော်တို့ တော်လှန်ရေး အောင်မြင်ဖို့အတွက် ထိရောက်ဖို့အတွက်ပဲ ကြိုးစားနေတာဖြစ်တယ်။ ထိရောက်အောင်မြင်ဖို့က အားလုံးစည်းလုံးမှ ရမယ်။ အခုဟာက လူထုထောက်ပံ့တဲ့ ငွေတွေက တချို့ကျတော့ အသင်းအဖွဲ့ထောင်တယ်၊ အစုအဖွဲ့ ထောင်တယ်။ အဲဒါတွေက အစုအဖွဲ့ထောင်လို့ ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ သီးခြားနေလို့မရဘူး။ ကျွန်တော်တို့ အားလုံးပေါင်းစည်းရမယ်။ စုပေါင်းရမယ်။ သံဓိဋ္ဌာန်တွေ ရောက်လာတုန်းက သံဓိဋ္ဌာန်၊ အခု သံဓိဋ္ဌာန်ကွာသွားပြီလား။ အဲဒါကြောင့် ရဲဘော်အားလုံး တော်လှန်ရေးခေါင်းဆောင်တွေအားလုံး အဲဒီစကားလေး ပြောချင်ပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here