တော်လှန်ရေးတိုက်ပွဲအတွင်း ခြေထောက်ဆုံးရှုံးခဲ့ရတဲ့ရဲဘော်တွေမှ ရှေ့တန်းရောက်ရဲဘော်များအား ခွန်အားပေးစကားသံများ

0
359
တော်လှန်ရေးတိုက်ပွဲအတွင်း ခြေထောက်ဆုံးရှုံးခဲ့ရတဲ့ရဲဘော်တွေမှ ရှေ့တန်းရောက်ရဲဘော်များအား ခွန်အားပေးစကားသံများ။

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီ (ကယား) ပြည်ဟာ အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်စစ် အားကောင်းခဲ့ပြီး ဒေသခံလူငယ်များဟာ စစ်ကောင်စီတပ်တွေကို ဒေသအတွင်းမှာ တွန်းလှန်တိုက်ခိုက်လျက် ရှိပါတယ်။

ဒေသခံလူငယ်များဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှာ တပ်ဖွဲ့ဝင်ရဲဘော်အဖြစ် တာဝန်ထမ်းဆောင် တိုက်ပွဲဝင်ခဲ့ကြရင်း ရဲဘော်တချို့ဟာ ရှေ့တန်းတိုက်ပွဲအတွင်း စစ်ကောင်စီ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ခြေဆုံးရှုံးခဲ့ရသူတွေလည်း ရှိနေပါတယ်။

ခြေထောက်ဆုံးရှုံးလိုက်ရပေမယ့် ဒီလူငယ်တွေဟာ တော်လှန်ရေးမှာ တထောင့်တနေရာကနေ ဆက်လက် ပါဝင်နေကြဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ တိုက်ပွဲဝင်နေကြတဲ့ ရှေ့တန်းရောက်ရဲဘော်ရဲဘက်တွေကို ဒီလူငယ်လေးတွေက ခွန်အားပေးစကား ပြောဆိုထားတဲ့သံတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

တင်လင်းအောင် (KNDF တပ်ရင်း-၉)

ကျနော် ရဲဘော်တာဝန် ထမ်းဆောင်ပါတယ်။ တာဝန်ထမ်းဆောင်ရင်းနဲ့ အခုလို ထိခိုက်ဒါဏ်ရာ ရရှိခဲ့တာပါဗျာ။ ခုလို ထိခိုက်ဒါဏ်ရာရရှိတာက သံဝေးပစ် ၁၂၀ ၊ ၁၂၀ အစလေးပေါ့နော်။ ကျနော် ဒီညာဘက်ခြေထောင် ပေါင်မှာတစ်ချက်လာထိသွားတယ်။ အဲ့ဒီအတွက် ကျနော်သွေးကလည်း သွေးထွက်တာလွန်သွားတော့ သွေးလဲမရှိတော့ဘူး အဲ့ဒီအတွက်မို့လို ခြေထောက်ဖြတ်လိုက် ရပါတယ်ဗျာ။ ကျနော်သူငယ်ချင်းတွေကို ပြောချင်တာကတော့ ကျနော်ပေးဆပ်ထားတာနဲ့အတူ ကျနော်တို့ အသက်ရှိသေးတယ်။ ကျနော်တို့ ဘယ်တော့မှ ဇွဲမလျော့ဘူး၊ အားလုံး ရုစိုက်ကြပါ။ တစ်ယောက် တနေရာပဲဖြစ်ဖြစ် ပါဝင်တဲ့နေရာ၊ အရပ်တိုင်းပဲဖြစ်ဖြစ် အချိန်တိုင်း စက္ကန့်တိုင်းကို သတိ မလွတ်စေနဲ့၊ မလစ်ဟစေနဲ့၊ ကိုယ့်ရဲ့နေထိုင်မှု၊ ကိုယ့်ရဲ့လုပ်ကိုင်မှု၊ ကိုယ်ရဲ့ပါဝင်မှုတိုင်းကို ကျနော်တို့ ယုံကြည်တဲ့ဘုရားသခင် ကိုယ်တိုင်ရှိနေတယ်။ အဲ့အတွက်အစစအရာရာ ဂရုစိုက်ပေးကြပါလို့ ကျနော် အဲ့လိုပဲစကား အားပေးချင်ပါတယ်ဗျာ။

ဖျားရယ် (KNDF တပ်ရင်း – ၁၀)

ကျနော်တို့ Mission တစ်ခုသွားတယ်ပေါ့နော်။ အဲ့မှာ ကျနော်တို့ ကံဆိုးစွာနဲ့ပဲ အသွားမှာ နင်းမိကြတာပေါ့။ နှစ်ယောက်တောင် နင်းမိတယ်။ အဲ့မှာ သုံးယောက် ဒါဏ်ရာရပြီး တစ်ယောက် ကျတယ်။ ဆက်ပြီးတော့ တောင့်ခံပေးကြပါ၊ ကျနော်တို့ရဲ့နောက်မှာ ပြည်သူတွေရှိနေတယ်ပေါ့နော်။ ပြည်သူတွေက ကျနော်တို့ဘက် ရပ်တည်နေသ၍ကတော့ တော်လှန်ရေးက အောင်မယ်၊ ကျနော်တို့ ယုံကြည်တယ်ပေါ့နော်။ အဲ့ကြောင့်ဆက်ပြီးတော့ အားတင်းကြပါ တောင့်ခံပေးကြပါ။

သန်းဆွေ (KNDF တပ်ရင်း-၄)

တပ်သားတာဝန်စပြီးတော့ လိုမယ့်နေရာ လိုမယ့်ကဏ္ဍတွေမှာ ဝင်ကူညီတာပေါ့။ ကျနော်က နယ်မြေ ရှင်းလင်းရေးလိုက်ရင်းနဲ့ပေါ့။ ဆရာတစ်ယောက်ကခေါ်လို့ နယ်မြေရှင်းလင်းရေး လိုက်ခဲ့တယ်။ လိုက်ရင်းနဲ့မှ အဲ့လိုနဲ့မှ ဘယ်လိုထိသွားတာလဲ မသိဘူးပေါ့နော်၊ ထိသွားတယ်ပေါ့နော်။ ရဲဘော်တွေက ခွန်အားပေးတယ်။ လှုပ်ရှားပါတယ်၊ ကိုယ်ကိုယ်၌က အားတင်းရတာပေါ့။ ကျန်နေတဲ့ရဲဘော်တွေလည်း စိတ်ဓာတ်မကျပါနဲ့။ ကျနော်တို့အဲ့လိုဖြစ်တာ ကျနော်တို့ ဝဋ်ကြွေးနဲ့ ပေးဆပ်မှုတစ်ခုပဲပေါ့။ ပြီးတော့ ရှေ့မှာက ကိုယ်ထမင်းမစားရဘဲဖြစ်ဖြစ် ဘယ်လိုဘဲဖြစ်ဖြစ် အားမငယ်ကြပါနဲ့ပေါ့။ ကိုယ်ရောက်တဲ့ နေရာအရပ်မှာ ကိုယ်တာဝန်ကျနေရာအရပ်မှာ ကိုယ်တာဝန်ကျတဲ့ကဏ္ဍမှာ ကျေပွန်အောင်ထမ်းဆောင် နိုင်ဖို့လိုတယ်။ ကောင်းကောင်းမွန်မွန်နဲ့ သွားကြပေါ့၊ ဂရုတစိုက် သတိထားနေကြပေါ့။ နောက်ထပ် မှာချင်တာ ပြောချင်တာ အဓိကတော့ ကျနော်တို့လိုမျိုး အဲ့လိုမျိုး မိုင်းထပ်မထိဖို့ပေါ့။ အရှေ့နည်းနည်း ကြည့်ပေါ့၊ မျက်စိလည်း ရှင်ရှင်ထားပေါ့။ ပြောချင်တာက ဘာလို့လဲဆိုတော့ မိုင်းတွေက မျက်စိတွေနဲ့ မြင်ရတာမဟုတ်တဲ့ အတွက်ကြောင့်မို့လို ကိုယ့်ကိုယ်ကို သတိထားပြီး သွားလာကြပေါ့နော။

အေးရီးနား (KNDF တပ်ရင်း – ၅)

ရှေ့တန်းရောက်နေတဲ့ ရဲဘော်တွေပေါ့နော် အားတင်းထားပေါ့နော်။ ကြိုးစားပေါ့ ဘယ်တော့မှ အားမလျော့ဘူး အရေးတော်ပုံလဲ အောင်တော့မှာပါ။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here