23 ဧပြီ 2025 /

See today's Peace Related News

Homeနိုင်ငံတကာစာမျက်နှာExecutive Order 14014 အား သမ္မတထရမ့်က လက်မှတ်ရေးထိုးပြီး တစ်နှစ် သက်တမ်းထပ်တိုး

Executive Order 14014 အား သမ္မတထရမ့်က လက်မှတ်ရေးထိုးပြီး တစ်နှစ် သက်တမ်းထပ်တိုး

၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က အမိန့်တစ်ခု လက်မှတ်ရေးထိုးထုတ်ပြန်နေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်။ Photo: Reuters

မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသေးသော နိုင်ငံဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆက်လက်သတ်မှတ်ခဲ့ပါသည်။ ယင်းကြောင့် မြန်မာနိုင်ငံ အခြေအနေနှင့်ပတ်သက်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က အမျိုးသားလုံခြုံရေးအက်ဥပဒေအရ အရေးပေါ်အခြေအနေ ကြေညာခဲ့သည့် Executive Order 14014 အား သမ္မတထရမ့်က လက်မှတ်ရေးထိုးပြီး တစ်နှစ် သက်တမ်းထပ်တိုးလိုက်ကြောင်း ဖေဖော်ဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ 1

ယင်းသို့ သက်တမ်းတိုးလိုက်ခြင်းကြောင့် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအတွက် ယာယီအကာအကွယ်ပေးသည့် (TPS) ကို သက်တမ်းတိုးနိုင်မည့်အပြင် ထိုင်း-မြန်မာ နယ်စပ်မှ ဒုက္ခသည်များအတွက် အသက်ရှင်သန်ရေး လူသားချင်းစာနာမှုအကူအညီများ ဆက်ပေးနိုင်ခြင်းနှင့် မြန်မာနိုင်ငံနှင့်ဆိုင်သည့် အခြားအစီစဉ်တချို့ကိုလည်း ရန်ပုံငွေ မဖြတ်တောက်ဘဲ ဆက်ပေးနိုင်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ၊ ဝါရှင်တန်အမျိုးသားစစ်တက္ကသိုလ်မှ အရှေ့တောင်အာရှနိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာပြဿနာများကို အထူးပြုလေ့လာသူ ပါမောက္ခ ဒေါက်တာ ဇက်ခါရီအဘူဇာက ထောက်ပြထားပါသည်။ ထို့ပြင် သမ္မတထရမ့်၏ မြန်မာနိုင်ငံအပေါ် ယခုကဲ့သို့ တုံ့ပြန်မှုသည် အံ့အားသင့်စရာဖြစ်ပြီး အရေးကြီးသည့် သင်္ကေတတစ်ခုလည်းဖြစ်ကြောင်း မှတ်ချက်ပြုထားပါသည်။ 2

တဖက်မှာလည်း အမေရိကန်နိုင်ငံ၏ အကူအညီများ ယာယီရပ်ဆိုင်းလိုက်ခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ထိခိုက်သွားသည့် ထိုင်းနိုင်ငံအတွင်းမှ မြန်မာဒုက္ခသည်စခန်းများတွင် ထိုင်းအာဏာပိုင်များ အကူအညီဖြင့် ဆက်လက်ဆောင်ရွက်နိုင်အောင် ကြိုးပမ်းနေကြပါသည်။ ဖေဖော်ဝါရီ ၃ ရက်က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်တွင် ဒုက္ခသည်စခန်းများမှ တာဝန်ရှိသူများ၊ ထိုင်းအာဏာပိုင်များနှင့် ဆေးရုံတာဝန်ရှိသူများ အစည်းအဝေး ကျင်းပခဲ့ပါသည်။ ဆွေးနွေးမှု၏ ရလဒ်အနေဖြင့် ဒုက္ခသည်များကိစ္စ အမြဲတမ်းဆောင်ရွက်နေသည့် International Rescue Committee (IRC) မှ ထောက်ပံ့ထားသည့် ဒုက္ခသည်စခန်းများမှ ဆေးရုံဆေးခန်းများနှင့် ပစ္စည်းများကို ဆက်လက်အသုံးပြုခွင့်ရမည်ဖြစ်ပြီး ဒုက္ခသည်စခန်းမှ လူနာများကိုလည်း အရေးပေါ် လိုအပ်လျှင် ထိုင်းအာဏာပိုင်များမှ ထိုင်းဆေးရုံများသို့ ပို့ပေးခွင့်ပြုထားပါသည်။ 3

ဇန်နဝါရီ ၂၉ ရက်ကလည်း ထိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ တရားမျှတသောပါတီမှ လွှတ်တော်အမတ် ကန်နဗီဆုဘ်စန်က ဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြုရန် အောက်လွှတ်တော်၌ အစိုးရသို့ အဆိုပြုတင်ပြခဲ့ပါသည်။ ဒုက္ခသည်များအား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ ထိုင်းနိုင်ငံတွင် ယာယီ အလုပ်လုပ်ကိုင်ခွင့်ပြုရန်၊ ၎င်းတို့အား မိမိကိုယ်မိမိ ရပ်တည်နိုင်စေရန်နှင့် အခွန်များမှတဆင့် စီးပွားရေးကို အကျိုးပြုနိုင်စေရန် ရေရှည်ဖြေရှင်းချက် ရှာမတွေ့မချင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်ပေးရန် အကြံပြုခဲ့ခြင်းဖြစ်ပါသည်။ ယင်းအကြံပြုချက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများရှိ ဆေးကုသပေးခြင်း ဝန်ဆောင်မှုများ ထောက်ပံ့ပေးနေမှုကို ရပ်တန့်လိုက်သည့်အပေါ် ယခုလို အဆိုပြုမှုများ ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါသည်။ 4

ဇန်နဝါရီ ၃၀ ရက်က ယူကေအစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး မစ္စတာအန်နလစ့်ဒေါ့ (Anneliese Dodds) ၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ လူတစ်သန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများကို ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ထပ်တိုးရန်ပုံငွေ ပေးအပ်သွားမည်ဟု ဖော်ပြခဲ့ပါသည်။ ယူကေအစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများမှာ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား စောင့်ရှောက်ခြင်း၊ အဟာရဆိုင်ရာ ထောက်ပံ့ ခြင်းနှင့် ရောဂါကုသခြင်း စသည်တို့ ပါဝင်မည်ဖြစ်ပါသည်။ 5

1 မြန်မာဟာ အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ဆဲနိုင်ငံအဖြစ် သမ္မတထရမ့် ဆက်သတ်မှတ်၊ RFA Burmese၊ ၆ ဖေဖော်ဝါရီလ ၂၀၂၅။
2 မြန်မာဟာ အမေရိကန်လုံခြုံရေးထိခိုက်စေကြောင်း ဆက်လက်သတ်မှတ်ချက်ကို ဒီမိုကရေစီ အင်အားစုတွေ ကြိုဆို၊ RFA Burmese၊ ၆ ဖေဖော်ဝါရီလ ၂၀၂၅။
3 ဒုက္ခသည်စခန်းတွေမှာ ဆေးကုနိုင်ဖို့ ထိုင်းဒေသခံအာဏာပိုင် ကူညီမည်၊ RFA Burmese၊ ၇ ဖေဖော်ဝါရီလ ၂၀၂၅။
4 ထိုင်းလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြုရန် အဆိုပြုခဲ့၊ ကေအိုင်စီ၊ ၃၁ ဇန်နဝါရီလ ၂၀၂၅။
5 မြန်မာရှိ လူတစ်သန်းကို ကျန်းမာရေးစောင့်ရှောက်မှု အကူအညီပေးမည်ဟု UK ထုတ်ပြန်၊ ကေအိုင်စီ၊ ၃ ဖေဖော်ဝါရီလ ၂၀၂၅။

မြန်မာနိုင်ငံ၏ ရှုပ်ထွေးသောအကျပ်အတည်းသည် လျော့ပါးမည့် အရိပ်အယောင်မပြသေးဘဲ၊ နိုင်ငံတကာအသိုင်းအဝိုင်းက ဆုံးဖြတ်ချက်ချရမည့် လမ်းဆုံလမ်းခွတွင် ရှိနေ

၂၀၂၅ ခုနှစ် မတ်လ ၁၂ ရက်နေ့မှ ၂၅ ရက်အထိ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် နိုင်ငံတကာသတင်း ဖော်ပြချက်များကိုကြည့်ပါက ပိုမိုဆိုးရွားလာသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း၊ စစ်ကောင်စီအပေါ် ပြင်းထန်လာသော နိုင်ငံတကာဖိအားများနှင့် ဒေသတွင်းတုံ့ပြန်မှုများ ပြောင်းလဲလာမှုတို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အာရုံစူးစိုက်မှု၏ ရှေ့တန်းတွင် ဆက်လက်ရှိနေသည်ကို တွေ့ရသည်။ ပိုမိုဆိုးရွားလာသည့် လူသားချင်းစာနာမှုအကျပ်အတည်း မြန်မာနိုင်ငံ၏...

အာဏာသိမ်းစစ်အုပ်စု ထိန်းချုပ်ထားသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်ပိတ်ဆို့

မြန်မာနိုင်ငံမှ ကျောင်းသူ/ကျောင်းသားများအတွက် ပေးအပ်ထားသော Diversity and Inclusion Scholarship Program (DISP) ပညာသင်ဆု ဒေါ်လာ ၄၅ သန်းကို ရပ်ဆိုင်းကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၅ ရက်နေ့ အမေရိကန်ကွန်ဂရက်လွှတ်တော်တွင် ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။ အဆိုပါပညာသင်ဆု...

မြန်မာနိုင်ငံသားများမှာ ‘မိအေးနှစ်ခါနာ’ ရမည့်အဖြစ်နှင့် ကြုံတွေ့နေကြရ

မြန်မာနိုင်ငံအတွင်း စစ်မှုထမ်းကိစ္စ ဟိုးလေးတ‌ကျော်ဖြစ်နေချိန်တွင် အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်း တရားမဝင် လာရောက်သူများအား ဖမ်းဆီးအရေးယူမှုများနှင့် ထိုင်းနိုင်ငံအတွင်းနေထိုင်သည့် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများအား အစစ်အဆေးတင်းကြပ်ပြီး ဖမ်းဆီးအရေးယူမှုများမှာလည်း အုတ်အော်သောင်းနင်းဖြစ်စေခဲ့ပါသည်။ စစ်ကောင်စီတပ်၏ စစ်သည်အင်အားတောင့်တင်းရေးအတွက် နိုင်ငံတစ်ဝန်းလုံး (သို့မဟုတ်) ဒေသအချို့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အရေးပေါ်အခြေအနေ ပေါ်ပေါက်ခဲ့ပါက စစ်မှုထမ်းရန် အရွယ်ရောက်သူအားလုံးက စစ်မှုထမ်းဆောင်ရမည်ဟု...