27 ဇွန် 2025 /

See today's Peace Related News

နိုင်ငံတကာစာမျက်နှာစစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ၎င်းယူထားသည့် အာဏာကိုလွှဲပြောင်းပြီး ရွေးကောက်ပွဲအတွက် လမ်းခင်းပေးမည့် ကြားဖြတ်အစိုးရတစ်ခု ဖွဲ့စည်းရန်...

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ၎င်းယူထားသည့် အာဏာကိုလွှဲပြောင်းပြီး ရွေးကောက်ပွဲအတွက် လမ်းခင်းပေးမည့် ကြားဖြတ်အစိုးရတစ်ခု ဖွဲ့စည်းရန်…

သမ္မတဟောင်း ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က တွေ့ဆုံစဉ်။

တရုတ်ကွန်မြူနစ်ပါတီသည် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ ၄ ခုအား တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန်ဟုဆိုကာ သီးသန့်ဖိတ်ကြားခဲ့ပါသည်။ အဆိုပါ နိုင်ငံရေးပါတီများမှာ စစ်ကောင်စီမှ မှတ်ပုံတင်ခွင့်ပြုထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) တို့ဖြစ်ပြီး ဇူလိုင် ၂၀ ရက်မှ ၂၇ ရက်ထိ ဖိတ်ကြားခံထားရခြင်းဖြစ်ပါသည်။ 1

အဆိုပါ နိုင်ငံရေးပါတီများကို ဖိတ်ခေါ်ခြင်းသည် သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းတို့၏ တရုတ်ခရီးစဉ်များအပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက သမ္မတဟောင်း ဦးသိန်းစိန်အား စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အာဏာစွန့်ဖို့စည်းရုံးပေးရန် ပြောကြားခဲ့သည်ဟု စင်ကာပူအခြေစိုက် သတင်းဌာနဖြစ်သော Channel News Asia က ဇူလိုင်လ ၁၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းတို့တွေ့ဆုံမှုတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ၎င်းယူထားသည့် အာဏာကိုလွှဲပြောင်းပြီး ရွေးကောက်ပွဲအတွက် လမ်းခင်းပေးမည့် ကြားဖြတ်အစိုးရတစ်ခု ဖွဲ့စည်းရန် ဦးသိန်းစိန်အနေဖြင့် စည်းရုံးပေးဖို့ ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။ ဦးသိန်းစိန်သည် ဇွန်လကုန်ပိုင်းက တရုတ်နိုင်ငံ၏ ဖိတ်ကြားမှုဖြင့် ပေကျင်းမြို့သို့ သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် သီးသန့်တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။ 2

Photo: EU

ဇူလိုင် ၆ ရက်တွင် စစ်ကောင်စီတပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တရုတ်နိုင်ငံသို့ ၃ ရက်ကြာ သွားရောက်ခဲ့ပါသည်။ ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီထိန်းချုပ်မှု လက်အောက်မှ လွတ်လာနေပြီဖြစ်သော ခေတ်သစ်ပိုးလမ်းမ (BRI) စီမံကိန်းများအပါအဝင် တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အာမခံမှုရှိရန် အားလုံးပါဝင်သော ဆွေးနွေးပွဲတစ်ခုအား တရုတ်နိုင်ငံမှ ဖိအားပေးဆောင်ရွက်နေသောကြောင့် စစ်ခေါင်းဆောင်များ၏ တရုတ်ခရီးစဉ်များ ပေါ်ပေါက်လာသည်ဟု တိုင်းရင်းသားခေါင်းဆောင်တချို့နှင့် နိုင်ငံရေးအသိုင်းအဝန်းမှ သုံးသပ်ခဲ့ကြပါသည်။ 3

ဥရောပသမဂ္ဂ (EU) အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၃၇ နိုင်ငံမှ မြန်မာစစ်ကောင်စီတပ်အား အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေး ဥပဒေများကို လေးစားလိုက်နာပြီး အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်ရန်နှင့် သက်ဆိုင်ရာအဖွဲ့များအားလုံး အကြမ်းဖက်မှုများ လျော့ချကြရန် ဇူလိုင် ၁၅ ရက်က တိုက်တွန်းတောင်းဆိုထားကြပါသည်။ 4

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ နောက်ဆုံးထွက်ရှိခဲ့သည့် “ဆင်းရဲမွဲတေမှုနှင့် မြန်မာအိမ်ထောင်စုစီးပွားရေး – ပျောက်ဆုံးနေသော လူလတ်တန်းစားတခု” အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက်နီးပါးသည် ဆင်းရဲမွဲတေနေပြီး ကယားပြည်နယ်တွင် အဆိုးရွားဆုံးကြုံနေရကြောင်း ဖော်ပြခဲ့ပါသည်။ ၎င်းပမာဏသည် ၂၀၁၇ ခုနှစ်က လူဦးရေ ၂၄ ဒသမ ၈ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်မည်ဆိုပါက ၆ နှစ်အတွင်း နှစ်ဆအထိ တိုးလာခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ 5

1 မြန်မာ့နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေး တရုတ်တိုးမြှင့်
2 စစ်ခေါင်းဆောင် အာဏာစွန့်ရေး စည်းရုံးပေးဖို့ ဦးသိန်းစိန်ကို တရုတ်တိုက်တွန်း
3 ဒု-စစ်ခေါင်းဆောင်၏ တရုတ်နိုင်ငံခရီးစဉ် တော်လှန်ရေးအပေါ် သက်ရောက်မှုရှိနိုင်မလား
4 လူ့အခွင့်အရေး လေးစားလိုက်နာရန်နှင့် အကြမ်းဖက်မှုများ ရပ်တန့်ရန် စစ်ကောင်စီကို ၃၇ နိုင်ငံ တောင်းဆို
5 မြန်မာ့လူဦးရေထက်ဝက်နီးပါး ဆင်းရဲမွဲတေနေ၊ ကယားပြည်နယ်က အဆိုးရွားဆုံး ကြုံနေရ