23 ဧပြီ 2025 /

See today's Peace Related News

Homeနိုင်ငံတကာစာမျက်နှာအာဏာသိမ်းစစ်အုပ်စု ထိန်းချုပ်ထားသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်ပိတ်ဆို့

အာဏာသိမ်းစစ်အုပ်စု ထိန်းချုပ်ထားသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်ပိတ်ဆို့

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်သည့် ဇောတိကစီမံကိန်းကို တွေ့ရစဉ်။

မြန်မာနိုင်ငံမှ ကျောင်းသူ/ကျောင်းသားများအတွက် ပေးအပ်ထားသော Diversity and Inclusion Scholarship Program (DISP) ပညာသင်ဆု ဒေါ်လာ ၄၅ သန်းကို ရပ်ဆိုင်းကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၅ ရက်နေ့ အမေရိကန်ကွန်ဂရက်လွှတ်တော်တွင် ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။ အဆိုပါပညာသင်ဆု အမေရိကန် ဒေါ်လာ ၄၅ သန်းပေးနေမှုအား အီလွန်မတ်စ်ဦးဆောင်သော အမေရိကန်အစိုးရ အစွမ်းထက်မှုဌာန (DOGE) က ဖြတ်တောက်ခဲ့မှုအပေါ် ထရမ့်က ချီးကျူးပြောဆိုခဲ့သည်။ အဆိုပါ ပညာသင်ဆုကို ယခင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရလက်ထက် ၂၀၂၃ -၂၀၂၄ ခုနှစ်တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ 1

ကနေဒါအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို အထောက်အပံ့ပေးနေသည့် မြန်မာစစ်ကောင်စီအဖွဲ့ဝင် (၁၃) ဦးနှင့် အဖွဲ့အစည်းသုံးခုကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း မတ်လ (၇) ရက်နေ့တွင် ကြေညာလိုက်သည်။ 2

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်တပ်အကြီးအကဲများ၏ စနစ်တကျ ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအပြင် အမြစ်တွယ်နေသည့် အကြမ်းဖက်မှုများ၊ ဖိနှိပ်မှုများနှင့် မြန်မာပြည်တွင် ပိုဆိုးရွားလာသည့် အကျပ်အတည်းများအတွက် တာဝန်ရှိမှုကြောင့် အဆိုပါပိတ်ဆို့အရေးယူမှုကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။ ကနေဒါနိုင်ငံသည် ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအကျပ်အတည်းနောက်ပိုင်း မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ပြီး ယခုအချိန်အထိ လူပုဂ္ဂိုလ် (၁၄၉) ဦးနှင့် အဖွဲ့အစည်း (၉၂) ခုကို ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းသွင်းထားပြီးဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံကလည်း အာဏာသိမ်းစစ်အုပ်စု ထိန်းချုပ်ထားသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်ပိတ်ဆို့သည့်စာရင်းတွင် ထည့်သွင်းလိုက်ကြောင်းက မတ်လ (၁၁) ရက်နေ့တွင် ကြေညာလိုက်သည်။ 3

MOGE မှ ရရှိသည့်ဝင်ငွေများသည် မြန်မာပြည်တွင်း ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့်လုပ်ရပ်များတွင် ထောက်ပံ့ပေးနေခြင်းကြောင့် ဆွစ်ဇာလန်နိုင်ငံက ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ စစ်ကောင်စီအတွက် တစ်နှစ်လျှင်ဝင်ငွေသန်းနဲ့ချီရရှိနေသည့် MOGE ကို ၂ဝ၂၂ ခုနှစ် အစောပိုင်းတွင် ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး၊ အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါ သုံးနိုင်ငံပေါင်းကာ၂ဝ၂၃ ခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် အရေးယူဒဏ်ခတ်ပိတ်ဆို့ခြင်း ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုများ တားမြစ်ရန်နှင့် ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုများ လုပ်ဆောင်ကြရန် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ဖေဖော်ဝါရီလ ၂၈ ရက်က ကျင်းပသည့် ၅၈ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က နိုင်ငံတကာအသိုင်းအဝန်းကို တောင်းဆိုတိုက်တွန်းလိုက်သည်။ မြန်မာပြည်သူလူထုကို ပိုမိုကောင်းမွန်စွာ ကာကွယ်ပေးနိုင်ရန်အတွက် လေယာဉ်လောင်စာဆီအပါအဝင် ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် လက်နက်ရောင်းချမှုတားမြစ်ရေးကိုလည်း ဗော်လ်ကာတာ့ခ်က ထပ်မံတောင်းဆိုလိုက်ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ် ၃ ရက်မှ မတ် ၉ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့သို့ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့သည်။ စစ်ခေါင်းဆောင်၏ ရုရှားခရီးစဉ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအာဏာသိမ်းပြီးနောက်ပိုင်း စတုတ္ထအကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး၊ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်သည့်စွဲချက်ဖြင့် အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ပြီးနောက်တွင် ပေါ်လာသည့် စစ်ခေါင်းဆောင်၏ ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်လည်း ဖြစ်သည်။

ရုရှားခရီးစဉ်အတွင်း စစ်ခေါင်းဆောင်သည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် အသေးစား အဏုမြူဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအပါအဝင် သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာ (၁၀) ခုကို လက်မှတ်ရေးထိုးခဲ့သည်။ 5 ရုရှားခရီးစဉ်ပြီးနောက် ဘယ်လာရုဇ်နိုင်ငံသို့ ခရီးဆက်ခဲ့သည့် စစ်ခေါင်းဆောင်သည် ဘယ်လာရုဇ်သမ္မတ လူကာရှန်ကိုနှင့် တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲရက်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ သို့မဟုတ်၂၀၂၆ ဇန်နဝါရီတွင် အစောဆုံး ကျင်းပသွားရန် စီစဉ်ထားကြောင်း မြန်မာ – ဘီလာရုဇ် နှစ်နိုင်ငံတွေ့ဆုံပွဲအပြီး မတ် (၇) ရက်သတင်းစာရှင်းလင်းပွဲတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့သည်။ စစ်ကောင်စီက စီစဉ်ထားသည့် ရွေးကောက်ပွဲတွင် ပါဝင်ရွေးကောက်ခံမည့် ပါတီ (၅၃) ခုက စာရင်းသွင်းထားကြောင်းကိုလည်း စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။ 6 ရွေးကောက်ပွဲနှင့်ပတ်သတ်ပြီး ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံများထံမှ ကူညီမှုရရှိသည့်အတွက် မိမိအစိုးရအတွက် အားဖြစ်စေကြောင်းကို စစ်ခေါင်းဆောင်က စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများကို ပြောဆိုထားသည်။

1 မြန်မာ ကျောင်းသားများအတွက် ဒေါ်လာ ၄၅ သန်း ဖြတ်တောက်မှု ထရမ့် ချီးကျူး၊ Western News၊ 5 March 2025.
2 စစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနဲ့ အဖွဲ့အစည်း သုံးခုကို ကနေဒါ ပိတ်ဆို့အရေးယူ၊ RFA၊ 7 March 2025
3 မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ဆွစ်ဇာလန် ဒဏ်ခတ်ပိတ်ဆို့၊ RFA၊ 11 March 2025
4 မြန်မာကို လက်နက်ရောင်းချမှု တားမြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့ရန် ကုလ တောင်းဆို၊ DVB၊ 3 March 2025
5 မြန်မာနိုင်ငံတွင် အသေးစား အနုမြူဓာတ်အားပေးစက်ရုံဆောက်လုပ်ရေး စစ်ကောင်စီနှင့် ရုရှား သဘောတူ၊ Mizzima၊ 5 March 2025
6 ရွေးကောက်ပွဲကို ဒီဇင်ဘာ (သို့) ဇန်နဝါရီ၌ ကျင်းပမည်၊ ရုရှားနှင့် ဘယ်လာရုစ် ကူညီမည်ဟု စစ်ခေါင်းဆောင်ပြော၊ DVB၊ 10 March 2025

မြန်မာနိုင်ငံ၏ ရှုပ်ထွေးသောအကျပ်အတည်းသည် လျော့ပါးမည့် အရိပ်အယောင်မပြသေးဘဲ၊ နိုင်ငံတကာအသိုင်းအဝိုင်းက ဆုံးဖြတ်ချက်ချရမည့် လမ်းဆုံလမ်းခွတွင် ရှိနေ

၂၀၂၅ ခုနှစ် မတ်လ ၁၂ ရက်နေ့မှ ၂၅ ရက်အထိ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် နိုင်ငံတကာသတင်း ဖော်ပြချက်များကိုကြည့်ပါက ပိုမိုဆိုးရွားလာသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း၊ စစ်ကောင်စီအပေါ် ပြင်းထန်လာသော နိုင်ငံတကာဖိအားများနှင့် ဒေသတွင်းတုံ့ပြန်မှုများ ပြောင်းလဲလာမှုတို့ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အာရုံစူးစိုက်မှု၏ ရှေ့တန်းတွင် ဆက်လက်ရှိနေသည်ကို တွေ့ရသည်။ ပိုမိုဆိုးရွားလာသည့် လူသားချင်းစာနာမှုအကျပ်အတည်း မြန်မာနိုင်ငံ၏...

မြန်မာနိုင်ငံသားများမှာ ‘မိအေးနှစ်ခါနာ’ ရမည့်အဖြစ်နှင့် ကြုံတွေ့နေကြရ

မြန်မာနိုင်ငံအတွင်း စစ်မှုထမ်းကိစ္စ ဟိုးလေးတ‌ကျော်ဖြစ်နေချိန်တွင် အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်း တရားမဝင် လာရောက်သူများအား ဖမ်းဆီးအရေးယူမှုများနှင့် ထိုင်းနိုင်ငံအတွင်းနေထိုင်သည့် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများအား အစစ်အဆေးတင်းကြပ်ပြီး ဖမ်းဆီးအရေးယူမှုများမှာလည်း အုတ်အော်သောင်းနင်းဖြစ်စေခဲ့ပါသည်။ စစ်ကောင်စီတပ်၏ စစ်သည်အင်အားတောင့်တင်းရေးအတွက် နိုင်ငံတစ်ဝန်းလုံး (သို့မဟုတ်) ဒေသအချို့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အရေးပေါ်အခြေအနေ ပေါ်ပေါက်ခဲ့ပါက စစ်မှုထမ်းရန် အရွယ်ရောက်သူအားလုံးက စစ်မှုထမ်းဆောင်ရမည်ဟု...

Executive Order 14014 အား သမ္မတထရမ့်က လက်မှတ်ရေးထိုးပြီး တစ်နှစ် သက်တမ်းထပ်တိုး

မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသေးသော နိုင်ငံဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆက်လက်သတ်မှတ်ခဲ့ပါသည်။ ယင်းကြောင့် မြန်မာနိုင်ငံ အခြေအနေနှင့်ပတ်သက်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က အမျိုးသားလုံခြုံရေးအက်ဥပဒေအရ အရေးပေါ်အခြေအနေ ကြေညာခဲ့သည့် Executive Order 14014 အား...