မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် ရဲဘော်နှစ်ဦးပုံကို အသုံးချပြီး ပုံမှားရိုက်အလှူခံနေတာမလုပ်ဖို့ YDF အသိပေးထုတ်ပြန်

0
561
Photo - YDF

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာ ပျူစောထီးများက သံကြိုးတုပ်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည့် တော်လှန်ရေးရဲဘော် PDF နှစ်ဦး၏ပုံကို အသုံးချပြီး ပုံမှားရိုက် အလှူခံနေတာမျိုး အလွဲသုံးစား မလုပ်ကြရန် ယောဒေသကာကွယ်ရေးတပ်-YDF က အသိပေးထုတ်ပြန်သည်။

မကွေးတိုင်း ယောဒေသကာကွယ်ရေးတပ် (YDF) မှ ရဲဘော် ၂ ဦးသည် စစ်ကောင်စီလက်အောက်ခံ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာ ပျူစောထီးများ၏ ဖမ်းဆီးနှိပ်စက်ခံရပြီးနောက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ် ခံခဲ့ကြရခြင်း ဖြစ်သည်။

ယောဒေသကာကွယ်ရေးတပ်မှ ရဲဘော်ဖိုးတေနှင့် ရဲဘော်သားထောင်တို့သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက ရဲဘော် ၂ ဦးကို ရိုက်နှက်နှိပ်စက်ပြီး သံကြိုးများနှင့်တုပ်ကာ မြောက်ခင်ရန်းရွာမြောက်ဘက် ဆေးရုံရှေ့ကုက္ကိုလ်ပင်မှာ မီးရှို့ သတ်ဖြတ်ခဲ့တာဟု YDF တပ်က ပြောဆိုသည်။

မြင့်မြတ်စွာ အသက်ပေးသွားသည့် ရဲဘော် ၂ ဦးကို လေးစားသောအားဖြင့် ရဲဘော်တွေရဲ့ပုံကို အသုံးချပြီး ပုံမှားရိုက် အလှူခံ အလွဲသုံးစား မပြုလုပ်ကြဖို့ ယောဒေသကာကွယ်ရေးတပ်က တာဝန်ရှိသူတွေက အထူးမေတ္တာရပ်ခံ အသိပေး ထုတ်ပြန်ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် ပြည်သူအားလုံးသည် သွေးမအေးဘဲ တော်လှန်ရေးအောင်မြင်သည့်အထိ အရှိန်မြှင့်တင် ပူးပေါင်းပါဝင်သွားကြရန်လည်း တိုက်တွန်းပါသည်ဟု YDF က ပြောဆိုသည်။

YDF တော်လှန်ရေးရဲဘော်နှစ်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာသည် စစ်ကောင်စီတပ်ထောက်တိုင် ဘူးလက်လှဆွေရဲ့ လက်အောက်ခံနေရာလည်း ဖြစ်သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here