ရခိုင်ပြည်လွတ်မြောက်ရေးပါတီ – ALP/ALA |
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၉ ဧပြီ ၁၉၆၇ (ပထမအကြိမ်) ၊ ၁ ဇွန် ၁၉၇၄ (ဒုတိယအကြိမ်)
ရုံးချုပ် – အိန္ဒိယ – မြန်မာ နယ်စပ် လှုပ်ရှားရာနယ်မြေ – ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ကရင်ပြည်နယ် အင်အား – ၁၀ဝ ခန့် ဥက္ကဋ္ဌ – ခိုင်ရဲခိုင် ဒု-ဥက္ကဋ္ဌ – ၁ – စောမြရာဇာလင်း အထွေထွေအတွင်းရေးမှူး – ခိုင်ကျော်ခိုင် ‘ရန်သူ့လက်နက်၊ ကိုယ့်လက်နက်’ မူကို ချမှတ်ပြီး ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းခဲ့သည့် ALP/ALA သည် ၂၀၁၂ ခုနှစ် ဧပြီ ၅ ရက်တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ဦးသိန်းစိန်အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ NCA အရ ဖြစ်ပေါ်လာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်လျှောက်တွင် အခြားသော NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်တော်လှန်ရေးအဖွဲ့ ၁၀ ဖွဲ့နှင့်အတူ လိုက်ပါဆောင်ရွက်ခဲ့သည်ကို တွေ့ရပါသည်။ ၂၀၁၉ ခုနှစ်၊ ရခိုင်ပြည်နယ်တစ်ဝန်းလုံးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် တပ်မတော်အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်အတွက် ရခိုင်မျိုးနွယ်စုဝင်များ၊ နိုင်ငံသားများ ပိုင်ဆိုင်သည့် အိုးအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးခြင်း၊ အထူးသဖြင့် သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးမှုများအပေါ် အထူးစိုးရိမ်ကြောင်း ALP က ထုတ်ပြန်ခဲ့ပါသည်။ စစ်ကြောင့် အပြစ်မဲ့ပြည်သူများ ဘေးဒုက္ခမရောက်စေရေးအတွက် နှစ်ဖက်တပ်ဖွဲ့များအား အထူးသတိထားရှောင်ရှားကြရန် မေတ္တာရပ်ခံခဲ့ပါသည်။ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များအတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုယမ်ပြည်နယ်အနီးရှိ ALP ဌာနချုပ် ရှိရာဒေသတွင် တိုက်ပွဲဖြစ်ခဲ့ကာ ဌာနချုပ် ဆုံးရှုံးခဲ့ဖူးသည့် ALP အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဆွေးနွေးဖြေရှင်းလိုသော ဆန္ဒရှိနေပါ သည်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိက္ခများ၏ အရင်းခံပြဿနာသည် နိုင်ငံရေးပြဿနာဟု အခိုင်အမာမှတ်ယူထားပြီး စစ်ရေးနည်းဖြင့် အပြုတ်တိုက်ဖြေရှင်းရန် ကြိုးပမ်း ခြင်းသည် အဖြစ်မထွက်နိုင်ဟု သုံးသပ်ကာ NCA တွင် ပြဋ္ဌာန်းထားသည့် နည်းလမ်းများဖြင့်သာ ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်မည်ဟု ALP က ယုံကြည်နေပါသည်။ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုအချို့ ရှိခဲ့သကဲ့သို့ စစ်ကောင်စီမှ ဦးဆောင်ကျင်းပသည့် NCA ခြောက်နှစ်ပြည့် အခမ်းအနား အပါအဝင် ပြည်ထောင်စုနေ့အခမ်းအနား စသည်တို့တွင် ALP အနေဖြင့် တက်ရောက်ခဲ့သည်ကို တွေ့ရပါသည်။ စစ်အာဏာသိမ်းကာလအတွင်း ALP အဖွဲ့အစည်းအတွင်းတွင်လည်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲအချို့ ဖြစ်ပေါ်ခဲ့ပါသည်။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် ငြိမ်းချမ်းရေးဆွေးနွေးမှုများ တရားဝင်ကိုယ်စားလှယ်အဖွဲ့ လက်နက်တပ်ဖွဲ့ စစ်ရေး ဆက်ဆံရေးရုံးများ ဆက်သွယ်ရန် Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂ |