ရခိုင်ပြည်အမျိုးသားကောင်စီ – ANC/AA |
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၂၀ဝ၄ ၊ ၂၀၁၀ ရုံးချုပ် – DKBA တပ်မဟာ (၅) နယ်မြေ၊ ကရင်ပြည်နယ် လှုပ်ရှားရာ နယ်မြေ – ကရင်ပြည်နယ်အတွင်း အင်အား – ၃၅၀ အထက် ဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ် – ဗိုလ်မှူးကြီးမင်းထွန်း (ခ) မင်းဇံဝေ လူမျိုးစုံ ရခိုင်ပြည်သူလူထုတရပ်လုံး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး၊ အမျိုးသားရေးလက္ခဏာနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မြန်မာပြည်ရှိ လူမျိုးစုတိုင်း၊ နိုင်ငံသူ/နိုင်ငံသားတိုင်း အာဏာရှင်စနစ်လက်အောက်မှ လွတ်မြောက်ရေး စသည်တို့သည် ANC/AA ၏ ရည်မှန်းချက်များ ဖြစ်ပါသည်။ စစ်အာဏာသိမ်းကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်လျက်ရှိပါသည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခြင်းအပေါ် ထောက်ခံကြိုဆိုပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းထူထောင်ရေးအတွက် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း ANC/AA စစ်ဦးစီးချုပ်က ပြောဆိုထားပါသည်။ ALP/ALA ၊ ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ရခိုင်ရှေ့ဆောင် ပါတီ (AFP) နှင့် အရပ်ဖက်အဖွဲ့အစည်းများပါဝင်သော ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ ညှိနှိုင်းရေးဆွဲရေးအဖွဲ့ (ANPCC) တွင် ANC/AA အနေဖြင့် အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ရှိသည်ကို တွေ့ရသည်။ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှု ANC/AA အနေဖြင့် KNU/KNLA နှင့် မဟာမိတ်ဖွဲ့ပူးပေါင်းကာ စစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲဖြစ်ပွားမှုကို အချက်အလက်ဖြင့် ဖော်ပြနိုင်ခြင်း မရှိသေးပါ။ ဆက်သွယ်ရန် Email – [email protected] Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၃– ၂၀၂၄ |