ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့

0
1243

 

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၅ ဖေဖော်ဝါရီ ၁၉၆၁

ရုံးချုပ် – လိုင်ဇာ ၊ ကချင်ပြည်နယ်

လှုပ်ရှားရာ နယ်မြေ – ကချင်ပြည်နယ်တစ်ဝန်းလုံးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများ

အင်အား – ၁၅၀ဝ၀ အထက် (တပ်မဟာ ၁၀ ခု)

ဥက္ကဋ္ဌ – ဗိုလ်ချုပ်ကြီးအင်ဘန်လ

ဒု-ဥက္ကဋ္ဌ – ဗိုလ်ချုပ်ကြီး ဂွန်ထန်ဂမ်ရှောင်

အထွေထွေအတွင်းရေးမှူး– ဆလန်ကဘာ ကွမ်ထပ်ထိန်နန်

၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီမှု ရယူထားသည့် KIO/KIA သည် ၂၀၁၀ ပြည့်နှစ်အလွန် ဦးသိန်းစိန်အစိုးရလက်ထက်မှသည် ယနေ့အချိန်အထိ တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အားလုံးပါဝင်ရေးမူကို ကိုင်ဆွဲထားပြီး ဦးသိန်းစိန်အစိုးရ၏ NCA လက်မှတ်ထိုးရေး ကမ်းလှမ်းချက်ကို KIO က ငြင်းပယ်ခဲ့ပါသည်။ NCA ကြောင့် ပြိုပျက်သွားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ နုတ်ထွက်ကာ UWSA ဦးဆောင်သည့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ဖြင့် စုစည်းထားသော FPNCC တွင် ပါ ဝင်လျက် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများကို ကြိုးပမ်းလျက်ရှိပါသည်။

၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် KIO ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့မှ ကိုယ်စားလှယ်များနှင့် အမျိုးသားပြည်လည်သင့်မြတ်ရေးနှင့် ငြိမ်း ရေးဗဟိုဌာနမှ ကိုယ်စားလှယ်များ တွေ့ဆုံပြီး တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရေးနှင့် နှစ်ဖက်အပစ် ရပ်စဲရေး သဘောတူညီမှုရရှိရေးအတွက် ဆွေးနွေးခဲ့ကြသည်။ Bilateral Ceasefire Agreement လက်မှတ်ရေးထိုးပြီးမှသာ NCA အတွက် ဆက်လက်ဆွေး‌နွေးရန် သဘောတူညီမှု ရရှိခဲ့သည်။ ၂၀၂၀ ခုနှစ်အတွင်း တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အား KIO မှ ကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါသည်။

၂၀၂၀ ခုနှစ်အတွင်း COVID-19 ကာကွယ်နှိမ်နင်းရေးဆိုင်ရာလုပ်ငန်းများကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေးမှုများ ရှိပြီး အစိုးရ၏ COVID-19 ဆိုင် ရာ မူဝါဒတစ်ရပ်ဖြစ်သည့် နိုင်ငံတော်၏ ပိုင်နက်နယ်မြေအတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန် လှပ်မထားရေးမူဝါဒအား ထောက်ရှုကာ ငြိမ်းချမ်းရေးဆိုင်ရာ ကြေညာချက်များ ထုတ်ပြန်ပေးရန် KIO မှ အကြံပြု တိုက်တွန်းခဲ့ပါသည်။

စစ်အာဏာသိမ်းကာလအတွင်း ဓမ္မဘက်မှ ရပ်တည်ကြရန် KIO ဥက္ကဋ္ဌ အင်ဘန်လက တိုက်တွန်းခဲ့သလို KIO အနေဖြင့်လည်း ဓမ္မဘက်မှ ရပ်တည်ကြောင်း ပြောဆိုခဲ့ပါသည်။ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KIO/KIA အကြားတိုက်ပွဲဖြစ်ပွားမှု‌ ရက်ပေါင်း ၁၅၅ ရက်အထိ ဖြစ်ပွားပွဲခဲ့ပြီး အကြိမ်ရေအားဖြင့် ယခုထက် ပိုများနိုင်ပါသည်။ KIO/KIA အနေဖြင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်နှင့် ၎င်းတို့လက် အောက်ခံ ပြည်သူ့စစ်စခန်းများအား တိုက်ခိုက်သိမ်းယူလျက်ရှိပါသည်။

နွေဦးတော်လှန်ရေးအတွင်း ဖြစ်တည်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ငွေတိုက်စာချုပ်ရောင်းချမှုတွင်လည်း KIO ၏ ငွေကြေးစီးဆင်းမှုစနစ်ကို အသုံးပြုကာ ပူးပေါင်းဆောင် ရွက်မှုများ ရှိနေပါသည်။

အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
ငြိမ်းချမ်းရေး၊ စေ့စပ်ဆွေးနွေးခြင်းများနှင့် အစည်းအဝေးများ
– ယခင် အပစ်အခတ်ရပ်စဲရေး-ဖေဖော်ဝါရီ ၂၄၊ ၁၉၉၄
– ပြည်ထောင်စုအဆင့် နှစ်ဘက်သဘောတူညီချက် (ပဋိပက္ခလျော့ချရေးအတွက်) -အောက်တိုဘာ ၁၀၊ ၂၀၁၃
– ပဋိပက္ခဖြေရှင်းရေး အဖွဲ့ (CRT) ကို ၂၀၁၃ ခုနှစ်သဘောတူညီချက်ရရှိပြီးနောက် ဖွဲ့စည်းခဲ့သည်။

တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှုပေါင်း
၂၀၁၉ – ၁၃၊
၂၀၂၀ – ၇၊
၂၀၂၁ – ၁၃၈၊
၂၀၂၂ (မတ်) – ၁၇။

ပဋိပက္ခဖြေရှင်းရေး အဖွဲ့၏အဖွဲ့ဝင်များ
အစိုးရကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့ဝင် (၅) ဦး
၁။ ဗိုလ်မှူးချုပ် အဇောထောင် (ခေါင်းဆောင်)
၂။ ဒုဗိုလ်မှူးကြီး နောလီ
၃။ ဦးဒဲခ
၄။ ဦးလာရစ်
၅။ မင်ဇာဒဲလီယန်

ဆက်ဆံရေးရုံး – နည်းပညာအကြံပေးရုံး
မြစ်ကြီးနား

မဟာမိတ်များ
၂၀ဝ၉ မှ ၂၀၁၅ – ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၊ အကြီတန်းကိုယ်စားလှယ်အဖွဲ့၊ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့

၂၀ဝ၇ မှ လက်ရှိ – ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့-ဗမာပြည်

ဆက်သွယ်ရန်
ဝက်ဆိုဒ်: http://kachinnet.net
အီးမေးလ်: [email protected]

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂

LEAVE A REPLY

Please enter your comment!
Please enter your name here