ကမ္ဘာ့နိုင်ငံများနှင့် မြန်မာ့အရေး အလေးပေးမှုကို ဆန်းစစ်လေ့လာခြင်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းမှုစတင်ကတည်းက ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအများစု၏ အာဏာသိမ်းစစ်အုပ်စုအပေါ် ကန့်ကွက်ရှုတ်ချပြစ်တင်မှုများ ရရှိသော်လည်း တရုတ်၊ ရုရှားနှင့် အာဆီယံကဲ့သို့သော နှုတ်ဆိတ်နေသည့် အစုအဖွဲ့များကိုလည်း တွေ့ရပါသည်။ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသော မြန်မာပြည်သူလူထုအနေဖြင့် အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်ဖြိုခွင်းမှုများ၊ ဖမ်းဆီးသတ်ဖြတ်မှုများကို နေ့စဉ်နှင့်အမျှ၊ နေ့ညစဉ်ဆက် ရင်ဆိုင်ကြုံတွေ့ရသည့်အခါတိုင်း အမေရိကန်အပါအဝင် ကုလသမဂ္ဂအဖွဲ့ကြီး၏ ဖေးမကူညီမှုများကို မျှော်လင့်လေ့ရှိပါသည်။
ပိုမိုဖတ်ရှုရန် ဒေါင်းလုပ်ဆွဲပါ>>>