နွေဦးတော်လှန်ရေးကာလအတွင်း ချင်းဒေသ၏ စစ်ရေးနိုင်ငံရေးအရွေ့အပြောင်းများသည် စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများ ရောပြွန်းယှက်ပွေလျက်ရှိပါသည်။ ချင်းဒေသအတွင်းရှိ နယ်မြေဒေသအလိုက်၊ မျိုးနွယ်စုအလိုက် ကွဲပြားစုံလင်လှသည်ကလည်း ချင်းဒေသ၏ အလှတရားကို ပိုမိုထင်ရှားစေသကဲ့သို့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေ စီပြည်ထောင်စုတည်ဆောက်ရေးသို့ ဦးတည်လျှောက်လှမ်းနေကြသည့် သုံးနှစ်ကျော်အတွင်း ချင်းဒေသအတွင်းရှိ ခုခံတော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးအစုအဖွဲ့များ၏ ဟန်ချက်ညီလှုပ်ရှားဆောင်ရွက်မှုများသည်လည်း အာဏာသိမ်းစစ်အုပ်စုကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါသည်။
သို့နှင့်တိုင် အာဏာသိမ်းစစ်အုပ်စုအား ဆန့်ကျင်တော်လှန်နေကြသည့် ချင်းဒေသအတွင်းရှိ ခုခံတော်လှန်ရေး လက်နက်ကိုင်အင်အားစုများ၊ နိုင်ငံရေးအစုအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ စသော အင်အားစုအသီးသီးအကြား ချင်းပြည် (Chinland) ကောင်စီနှင့် ချင်းပြည် (Chinland) အစိုးရဖွဲ့စည်းခြင်းကိစ္စသည် ကြီးမားသည့် သဘောထားကွဲလွဲမှုများကို ထင်ရှားစေခဲ့သည်။ ယင်းသဘောထားကွဲလွဲမှုများမှသည် ချင်းဒေသ၏အလှတရားနှင့်စည်းလုံး ညီညွတ်မှုပြရုပ်ကို ပြိုပျက်သွားစေမလားဆိုသည်က ဆိုခဲ့ပါချင်းဒေအတွင်းရှိ အင်အားစုအားလုံး၏ ရွေးချယ်မှုနှင့် ဖြေရှင်းနိုင်စွမ်းအပေါ် မူတည်နေပါသည်။
ယခုတပတ် BNI – Myanmar Peace Monitor ၏ နှစ်ပတ်တကြိမ်ထုတ် သတင်းသုံးသပ်ချက်တွင် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ ရောပြွန်းနေသော ချင်းဒေသ စစ်ရေးနိုင်ငံရေး အရွေ့အပြောင်းများကို နွေဦးတော်လှန်ရေး ကာတလျှောက်တွေ့ရှိခဲ့ရသည့် ချင်းဒေသအတွင်း အစုအဖွဲ့များနှင့် ၎င်းတို့၏ မျှော်ရည်ချက်များ၊ ဖြစ်တည်မှုများကို အခြေပြုကာ ချဉ်းကပ်တင်ပြသွားပါမည်။
ဆက်လက်ဖတ်ရှုရန်>>>