BNI-Myanmar Peace Monitor ၏ နှစ်ပတ်တကြိမ်ထုတ် သတင်းသုံးသပ်စာစောင် အမှတ်စဉ် (၁၄၁) တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) သည် ၎င်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်၊ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ မထမ်းဆောင်နိုင်သေးကြောင်း သုံးသပ်တင်ပြခဲ့ပါသည်။ NUCC အဖွဲ့ဝင် အဖွဲ့အစည်းများ၏ ပြည်သူလူထုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုကို မေးခွန်းထုတ်ခဲ့ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် NUCC ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်တာများ အောင်မြင်ပေါက်မြောက်စေရေးအတွက် လမ်းစဖွင့်ပေးနိုင်ရန် ဒုတိယအကြိမ် ပြည်သူ့ညီလာခံက ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်းခဲ့သည်။
ယခုတပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင်မူ ဒုတိယအကြိမ် ပြည်သူ့ညီလာခံအပြီး ပြည်သူလူထုသို့ အစီရင်ခံစာနှင့် ဆုံးဖြတ်ချက်မချနိုင်ဘဲ မှတ်တမ်းတင်အဆင့်တွင်သာ ထားရှိနိုင်ခဲ့သည့် အဆိုပြုချက်နှင့် အကြံပြုချက်များအား အခြေပြုကာ NUCC ၏ အခန်းကဏ္ဍနှင့် အားနည်းချက်၊ စိန်ခေါ်မှုများ၊ ပြုပြင်ပြောင်းလဲစရာများကို လေ့လာတင်ပြသွားပါမည်။
ဆက်လက်ဖတ်ရှုရန်>>>