စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် စိတ်ပိုင်းဖြတ်ထားကြသည့် တော်လှန်ရေးအင်အားစုများအား လက်နက်စွန့်၍ ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းသို့ ဖိတ်ခေါ်ကမ်းလှမ်းခြင်းသည် စစ်အုပ်စု၏ စိတ်ကူးလေလွင့်နေခြင်းကို ထင်ရှားစေပါသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်အတွက် ဖိတ်ခေါ်ကမ်းလှမ်းချက်ကို လေ့လာကြည့်ပါက ၎င်းတို့၏ စစ်အာဏာသိမ်းရန် ကြိုးပမ်းနေခြင်းသည်သာ အမှန်ဖြစ်ပြီး ၎င်းတို့၏ စစ်အာဏာသိမ်းရန် ကြိုးပမ်းနေခြင်းကို ဆန့်ကျင်သော တော်လှန်ရေးအင်အားစုများ၏ လုပ်ရပ်များသည် မှားယွင်းနေသည်ဟု ယုံကြည်နေဟန်ရှိပါသည်။
ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် စစ်အုပ်စု၏ လက်နက်စွန့်ရေးကမ်းလှမ်းချက်နှင့် တော်လှန်ရေးအင်အားစုများ၏ သဘောထားတုံ့ပြန်ချက်များကို လက်လှမ်းမီသမျှ ချဉ်းကပ်တင်ပြသွားပါမည်။
ဆက်လက်ဖတ်ရှုရန်>>>