နွေဦးတော်လှန်ရေး၏ ၂၀၂၅ အဖွင့်သည် အလွန်ထူးခြားနေသည်။ တော်လှန်ရေးအင်အားစုများအနေဖြင့် စခန်းသိမ်း၊ မြို့သိမ်းဖြစ်စဉ်များဖြင့် ၂၀၂၄ ခုနှစ်ကို အဆုံးသတ်ပြခဲ့သည်။ အာဏာသိမ်းစစ်အုပ်စုသည် မြို့ပေါင်း (၉၅) မြို့အထိ တော်လှန်ရေးအင်အားစုများထံ လက်လွတ်ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် တရုတ်အစိုးရအကူအညီရယူကာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (ERO) အပေါ် ဖိအားပေးကာ တွေ့ဆုံဆွေးနွေးရေးကို တဆာဆာဟစ်ကြွေးနေရပြီမဟုတ်ပါလား။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် စခန်းသိမ်း၊ မြို့သိမ်းဖြစ်စဉ်များနှင့်အတူ တော်လှန်ရေးအင်အားစုများ၏ စစ်ရေးအရွေ့အဟုန် အားကောင်းလာခြင်း၊ အာဏာသိမ်းစစ်အုပ်စု၏ အရှုံးလက္ခဏာများ ပိုမိုထင်ရှားလာခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြောင်းအလဲ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ နိုင်ငံရေးခြေလှမ်း၊ ပြည်တွင်းရှိ နိုင်ငံရေးသမားအချို့၏ ငွေဆောင်ဆွေးနွေးပွဲ စသည့်အကြောင်းအရာများသည် ၂၀၂၅ ခုနှစ်၏ အဖွင့်ကို ထူးခြားစေခဲ့ပါသည်။
ယခုတပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် နွေဦးတော်လှန်ရေး၏ ၂၀၂၅ အဖွင့်ကို ထူးခြားစေသည့် အကြောင်းချင်းရာများကို လေ့လာတင်ပြသွားပါမည်။
ဆက်လက်ဖတ်ရှုရန်>>>