25 ဇန်နဝါရီ 2025 /

See today's Peace Related News

EU ထံ၌ ဒဏ်ခတ်ပိတ်ဆို့ခံထားရသော လူပုဂ္ဂိုလ် ၁၀၆ ဦးနှင့် အဖွဲ့အစည်းပေါင်း ၂၂ ခု…

Photo : KIC

မြန်မာနိုင်ငံအတွင်း ဥရောပသမဂ္ဂ (EU) ထံ၌ ဒဏ်ခတ်ပိတ်ဆို့ခံထားရသော လူပုဂ္ဂိုလ် ၁၀၆ ဦးနှင့် အဖွဲ့အစည်းပေါင်း ၂၂ ခုထဲတွင် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) မှ ခေါင်းဆောင် ၃ ဦးအပါအဝင် ၎င်းတို့ပိုင်ကုမ္ပဏီလည်း ပါဝင်လာခဲ့ပါသည်။ ဥရောပသမဂ္ဂ (EU) ၏ ထုတ်ပြန်ချက်တွင် BGF ခေါင်းဆောင်များနှင့် ၎င်းတို့၏ ကုမ္ပဏီသည် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်အပါအဝင် ထိုင်း – မြန်မာနယ်စပ်တလျှောက်တွင် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း၊ မူးယစ်ဆေးဝါး၊ နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုနှင့် အတင်းအဓမ္မခိုင်းစေမှုများအပါအဝင် တရားမဝင်လုပ်ငန်းများမှ အကျိုးအမြတ်များယူနေသည့်အတွက် ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ အရေးယူဒဏ်ခတ်ခြင်းခံရသူများနှင့် အဖွဲ့အစည်းများအား အကျိုးအမြတ်အတွက် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ ထောက်ပံ့လုပ်ဆောင်ပေးခြင်းများကို တားမြစ်ထားပြီး၊ ထိုပုဂ္ဂိုလ်များအား EU ဥရောပနိုင်ငံများသို့ ခရီးသွားလာခွင့်ကိုလည်း ပိတ်ဆို့ထားပါသည်။ 1

အောက်တိုဘာ ၂၉ ရက်တွင် ဗြိတိန်နိုင်ငံကလည်း ကုမ္ပဏီခြောက်ခုအား မြန်မာ့စစ်ကောင်စီထံသို့ လေယာဉ်ဆီနှင့် စက်ကိရိယာများ ပံ့ပိုးနေသည်ဟုဆိုကာ ပိတ်ဆို့အရေးယူကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ယခုချမှတ်လိုက်သည့် ပိတ်ဆို့အရေးယူမှုအသစ်သည် စစ်ကောင်စီတပ်အား ဖိအားတိုးလာနိုင်စေသည်ဟု ယူကေအစိုးရမှ မျှော်လင့်ထားပြီး ၎င်းတို့အနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအနာဂါတ်အတွက် အခိုင်အမာရပ်တည်နေကြောင်းလည်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ 2

စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ထံတွင် သတ်ဖြတ်ခံရသည့် သတင်းသမား ၈ ဦးထိရှိလာသော မြန်မာနိုင်ငံသည် သတင်းသမားများ ဖမ်းဆီးသတ်ဖြတ်ခံရသည့် အဆိုးဝါးဆုံးနိုင်ငံများတွင် ၃ နှစ်ဆက်တိုက် ပါဝင်လာခဲ့သည်ကို တွေ့ရှိရပါသည်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) မှ အောက်တိုဘာ ၃၀ ရက်က ထုတ်ပြန်သည့် ၂၀၂၄ ခုနှစ်အတွက် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် အဆင့် ၁၀ သတ်မှတ်ခံရခြင်းဖြစ်ပါသည်။ ထို့အပြင် ၂၀၂၂ ခုနှစ် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် အဆင့် ၁၁ ဖြင့်ပါဝင်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ် အစီရင်ခံစာတွင် အဆင့် ၉ ဖြင့် ပါဝင်ခဲ့ပါသည်။ 3

နိုဝင်ဘာလ ၂ ရက်တွင် ဗြိတိန်အစိုးရအနေဖြင့် မြန်မာနိုင်ငံမှ သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ချိုးဖောက်မှုမှန်သမျှအား ရှုတ်ချပြီး သတင်းသမားများကို ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ နိုဝင်ဘာလ ၂ ရက်သည် ကုလသမဂ္ဂမှ သတ်မှတ်ထားသော သတင်းသမားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အရေးယူမခံရဘဲ ကင်းလွတ်နေသည်ကို အဆုံးသတ်ရေးနှိုးဆော်သောနေ့ (International Day to End Impunity for Crimes Against Journalists) ဖြစ်ပါသည်။ 4

ပြီးခဲ့သည့်လများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ယခုတကြိမ်တွင် မြန်မာနိုင်ငံအတွင်းမှ ပဋိပက္ခနှင့်စစ်ပွဲများ ရပ်တန့်နိုင်ရန် နိုဝင်ဘာ ၃ ရက်က ဝတ်ပြုဆုတောင်းပွဲတွင် တိုက်တွန်းထားပါသည်။ ထို့ပြင် စစ်လက်နက်များနေရာတွင်လည်း ဆွေးနွေးညှိနှိုင်းမှုနှင့် အစားထိုးအဖြေရှာကြရန် တိုက်တွန်းထားပြီး၊ စစ်အာဏာသိမ်းကာလတလျှောက်တွင် ပုပ်ရဟန်းမင်းကြီးသည် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးလေ့ရှိသည်ကိုလည်း တွေ့ရှိရပါသည်။ 5

တဖက်တွင်လည်း မြန်မာနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ဘာသာရေးလွတ်လပ်ခွင့်အခြေအနေ ဆက်လက်ဆိုးဝါးနေသည်ဟု အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်အဖွဲ့ (USCIRF) ၏ အောက်တိုဘာ ၃၀ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် တွေ့ရှိရပါသည်။ USCIRF အနေဖြင့် မြန်မာပြည်တွင်းမှ စစ်ရေးနှင့် နိုင်ငံရေးအဖြစ်အပျက်များကို မီးမောင်းထိုးပြနေပြီး၊ ဘာသာရေးအသင်းအဖွဲ့များ တိုက်ခိုက်ခံရခြင်းများ၊ ရိုဟင်ဂျာများအပါအဝင် ဒုက္ခသည်ပေါင်းစုံ၏ အခြေအနေများအပါအဝင် ပဋိပက္ခများနှင့်ပတ်သက်ပြီးလည်း ကမ္ဘာ့တုံ့ပြန်မှုများကိုလည်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ 6

1 ဗိုလ်ချစ်သူအပါအဝင် BGF ခေါင်းဆောင်သုံးဦးကို EU ဒဏ်ခတ်ပိတ်ဆို့၊ KIC၊ ၃၀ အောက်တိုဘာလ ၂၀၂၄။
2 စစ်ကောင်စီကို လေယာဉ်ဆီ ထောက်ပံ့နေတဲ့ ကုမ္ပဏီ ခြောက်ခုကို ဗြိတိန်အရေးယူ၊ RFA၊ ၂၉ အောက်တိုဘာလ ၂၀၂၄။
3 သတင်းသမားတွေ သတ်ဖြတ်ခံရမှု အဆိုးဆုံးနိုင်ငံစာရင်းမှာ မြန်မာ သုံးနှစ်ဆက် ပါဝင်၊ RFA၊ ၃၁ အောက်တိုဘာလ ၂၀၂၄။
4 မြန်မာသတင်းသမားတွေကို ကူညီပေးမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရပြော၊ RFA၊ ၂ နိုဝင်ဘာလ ၂၀၂၄။
5 မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း စစ်ပွဲတွေရပ်ဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း၊ RFA၊ ၃ နိုဝင်ဘာလ ၂၀၂၄။
6 မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့နိုင်ငံအဖြစ် အမေရိကန်သတ်မှတ်၊ RFA၊ ၃၁ အောက်တိုဘာလ ၂၀၂၄။

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA