သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ

0
1995

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ – RCSS/SSA

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၉၆၄၊ ၁၉၉၆

ရုံးချုပ် – လွယ်တိုင်လျဲန်း၊ ရှမ်းပြည်နယ်တောင်ပိုင်း

လှုပ်ရှားရာနယ်မြေ – ရှမ်းအရှေ့ပိုင်းရှိ မိုင်းတုံ၊ မိုင်းဆတ်၊ ရှမ်းတောင်ပိုင်းရှိ မိုင်းပန်၊ မိုးနဲ၊ လဲချား၊ ကွန်ဟင်း၊ လွယ်ဆစ်၊ မောက်မယ်၊ မိုးကောင်း၊ နမ့်ဆန်နှင့် ရှမ်းမြောက်ပိုင်းရှိ ကျောက်မဲ၊ နမ့်ခမ်းမြို့နယ်များ

အင်အား – ၁၄,ဝ၀ဝ ကျော်

ဥက္ကဋ္ဌ – ဗိုလ်ချုပ်ကြီး ယွက်စစ်

ဒု-ဥက္ကဋ္ဌ – ၁ – ဒုတိယဗိုလ်ချုပ်ကြီး စိုင်းယီ

ဒု-ဥက္ကဌ (၂) – စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေးငင်

အတွင်းရေးမှူး – ၁ – ဗိုလ်မှူးကြီး စိုင်းငင်း

၂၀၂၃ ခုနှစ် သြဂုတ်လ ၁၈ ရက်မှ ၂၀ ရက် အထိ သုံးရက်တာ ပြုလုပ်ခဲ့သော RCSS ၏ (၆) လပတ်အစည်းအဝေး အပြီးတွင်တော့ “NCA ၏ အနှစ်သာရကို စွဲကိုင်ထားဆဲ” ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်၊ နေပြည်တော်တွင်ပြုလုပ်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်ပြည့်အခမ်းအနားတွင် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က အခြားသော အပစ်ရပ် ERO (၇) ဖွဲ့၏ ကိုယ်စားပြုကာ မိန့်ခွန်းပြောကြားခဲ့သည်။

“၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်ခဲ့ရာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းနိုင်ခဲ့ကြတဲ့အတွက် NCA အကောင်အထည်ဖော်မှုသည်လည်း ရပ်တန့်သွားခဲ့ရပါတယ်။ နိုင်ငံ့အရေး၊ ငြိမ်းချမ်းရေးအတွက် အချိန်တွေ အလဟဿဖြစ်ခဲ့ရပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွတ်စစ်က ဆိုပါသည်။

၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 Ethnic Armed Organizations Alliance – 7 EAO Alliance) တွင်တော့ RCSS/SSA မှ ဗိုလ်မှူးကြီးစိုင်းငင်းက အထွေထွေ အတွင်းရေးမှူးအဖြစ် ဦးဆောင်ပါဝင်လာခဲ့ပါသည်။

(၆၆) နှစ်မြောက် သျှမ်းအမျိုးသားတော်လှန်ရေးနေ့တွင်တော့ RCSS သည် ပြဿနာအရပ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ ထိန်းချုပ်နယ်မြေများအတွင်း အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် အဖက်ဖက်နှင့် တွေ့ဆုံဆွေးနွေးကာ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စသည်တို့ကို RCSS က ထုတ်ပြန်ခဲ့ပါသည်။

စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုပေါင်း

၂၀၂၀ ပြည့်နှစ်တွင် ၈ ခု၊ ၂၀၂၁ ခုနှစ်တွင် ၈ ခု ဖြစ်ပွားခဲ့သော်လည်း ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ဟု ဆိုရပါမည်။

ERO နှင့် တိုက်ပွဲဖြစ်ပွားမှု

RCSS/SSA အနေဖြင့် KIA၊ AA၊ MNDAA၊ TNLA တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ (NA-B) နှင့်သော်လည်းကောင်း၊ SSPP/SSA နှင့်သော်လည်းကောင်း၊ PSLF/TNLA နှင့်သော်လည်းကောင်း၊ UWSP/UWSA နှင့်သော်လည်းကောင်း၊ PNLO/PNLA နှင့်သော်လည်းကောင်း တိုက်ပွဲဖြစ်ပွားမှု ၂ ခု ရှိခဲ့သည်။ ဆိုရသော် RCSS/SSA နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ERO (၇) ဖွဲ့အထိရှိပြီး ထိုအနက် SSPP/SSA နှင့် အများဆုံး တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုရပါမည်။

1 PPST အဖွဲ့ဝင်အဖွဲ့အစည်း (၅) ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတော်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ၊ 7 EAO Alliance ၊ ၂၈ ဇွန် ၂၀၂၃
2 လွိုင်ကော်က စစ်ရှောင်လူထုတွေတွေ ပအိုဝ်းအခြေပြုဒေသမှာ လာရောက်ခိုလှုံနိုင်ကြောင်း PNLO အသိပေး၊ ကန္တာရာဝတီတိုင်းမ်၊ ၁၇ နိုဝင်ဘာ ၂၀၂၃

ဆက်သွယ်ရန်

Website – https://burmese.taifreedom.com/
Email – [email protected]
Facebook – https://www.facebook.com/TaiFreedomBurmese

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၃– ၂၀၂၄

LEAVE A REPLY

Please enter your comment!
Please enter your name here