3 ဇူလိုင် 2024 /

See today's Peace Related News

မြန်မာစစ်တပ်အား အရေးယူဆောင်ရွက်ရန် သင့်တော်သလို ကိုင်တွယ်သွားမည်ဟု  ကတိပေးထားသည့်  ဂျပန်နိုင်ငံသည် မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ငွေအပေးအယူရှိနေဆဲဖြစ်ကြောင်း…

ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခူဦးရယ် (ဝဲ)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း (လယ်) နှင့် ဂျပန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး မာဆာဟီရိုကိုမူရာ (Masahiro Komura) (ယာ) တို့အား ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။ Photo: Facebook/MOFA of Japan

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အာလွန်ကယ်ကစ်တစ်ခွန် (Alounkeo Kittikhoun) နှင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် မေလ ၁၅ ရက်နေ့က နေပြည်တော်ရှိ စစ်ကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ကြပြီး လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများအား ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် အာဆီယံက ကူညီဆောင်ရွက်ပေးမည်ကိစ္စ၊ အာဆီယံ-မြန်မာ ပူးပေါင်းဆောင်ရွက်သင့်သည့် အချက်များနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်ကို စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် တွေ့ရှိရပါသည်။

ထိုသို့တွေ့ဆုံမှုတွင် အထူးကိုယ်စားလှယ်နှင့်အတူ အာဆီယံအတွင်းရေးမှူးချုပ် Dr. KAO KIM HOURN၊ အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Centre) အမှုဆောင်ဒါရိုက်တာ Mr. LEE YAM MING တို့လည်း ပါဝင်ခဲ့ကြပြီး စစ်ကောင်စီဘက်မှ ဒီမိုကရေစီလမ်းကြောင်းပေါ် ဆက်သွားနိုင်ရန်အတွက် ရွေးကောက်ပွဲလုပ်ရန် ကြိုတင်ပြင်ဆင်နေကြောင်း ရှင်းပြခဲ့သည်ကိုလည်း ၎င်းတို့၏ထုတ်ပြန်ချက်တွင် တွေ့ရှိရပါသည်။ 1

မေလ ၁၄ ရက်တွင် ဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးမာဆာဟီရို ကိုမူရာ (Masahiro Komura) နှင့် မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်ကို ဆန့်ကျင်တော်လှန်နေကြသည့်  ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကိုယ်စားလှယ်အဖွဲ့က ဂျပန်နိုင်ငံတွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံသို့ လေယာဉ်ဆီပိတ်ပင်ရန် ဆောင်ရွက်နေသည့် နိုင်ငံတကာလှုပ်ရှားမှုကို ထောက်ခံပါဝင်ပေးရေး၊ အိန္ဒိယမှ စစ်ကောင်စီထံ လက်နက်လွှဲပြောင်းမပေးအောင် စည်းရုံးပေးရေးနှင့် လူသားချင်းစာနာမှု အကူအညီကို စစ်ကောင်စီမှတဆင့် ပေးခြင်းမဟုတ်သည့်လမ်းကြောင်းမှ ကူညီရေးတို့ကို တိုက်တွန်းတောင်းဆိုခဲ့ကြသည်ကို တွေ့ရှိရပါသည်။ 2

ဂျပန်ဝန်ကြီးချုပ် ဖူမီရိုကီရှီဒါ (Fumio Kishida) မှ မြန်မာစစ်တပ်အား အရေးယူဆောင်ရွက်ရန် သင့်တော်သလို ကိုင်တွယ်သွားမည်ဟု  ကတိပေးထားသည့်  ဂျပန်နိုင်ငံသည် မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ငွေအပေးအယူရှိနေဆဲဖြစ်ကြောင်း Human Rights Watch (HRW) ၏ မေလ ၂၁ ရက်နေ့ထုတ်၊ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဂျပန်ကုမ္ပဏီ Yokogawa Bridge Corp က တည်ဆောက်ပေးနေသော ပဲခူးမြစ်ကူးတံတား စီမံကိန်းအတွက် လိုအပ်သည့် သံမဏိတိုင်များကို စစ်တပ်ပိုင် MEC ၏ စက်ရုံမှ ဝယ်ယူနေကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားပြီး HRW ၏ လေ့လာစုံစမ်းမှုများအရ Yokogawa ကုမ္ပဏီသည် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်များအတွင်း MEC ကို ဒေါ်လာနှစ်သန်းပေးချေခဲ့ကြောင်း တွေ့ရသည်ဟုလည်း ဖော်ပြထားပါသည်။ 3

မေလ ၁၃ ရက်က နယူးဒေလီမြို့၊ India International Centre ၌ ပြုလုပ်သော “The Situation In Myanmar And Implications For India” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင်များအား ပံ့ပိုးကူညီပေးရန် လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီး နန်ဒီတာဟက်ဆာစာ (Ms. Nandita Haksar) က အိန္ဒိယအစိုးရထံ တောင်းဆိုလိုက်ပါသည်။ နန်ဒီတာဟက်ဆာစာသည် လူ့အခွင့်အရေးဆိုင်ရာအမှုများ လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေ၊ ကျောင်းဆရာမ၊ လူ့အခွင့်အရေး တိုက်ပွဲဝင်လှုပ်ရှားသူနှင့် စာရေးသူတဦးလည်း ဖြစ်ပါသည်။ 4

1  အာဆီယံအထူးကိုယ်စားလှယ် စစ်ကောင်စီနဲ့ တွေ့ဆုံ
2  တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်ကိုယ်စားလှယ်များနဲ့ ဂျပန်တွေ့ဆုံ
3  စစ်ခေါင်းဆောင်နဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူဖို့ ဂျပန်နိုင်ငံကို HRW တိုက်တွန်း
4  မြန်မာစစ်ဘေးရှောင်များအား အိန္ဒိယအစိုးရ ကူညီပေးရန် အိန္ဒိယမှ လူ့အခွင့်အရေးလှုပ်ရှားသူ တောင်းဆို

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA