14 ဒီဇင်ဘာ 2024 /

See today's Peace Related News

လေးပွင့်ဆိုင်ခေါင်းဆောင်များက မြန်မာပြည်သို့ လေယာဉ်ဆီနှင့် လက်နက်အပါအဝင်…

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးသံအမတ်ကြီး ဘတ်သ် ဗန် ရှက်ခ် (Beth Van Shaack) အား တွေ့ရစဉ်။ (Photo : RFA)

အမေရိကန်သမ္မတအပါအဝင် ဂျပန်၊ သြစတေးလျ၊ အိန္ဒိယနိုင်ငံတို့မှ ဝန်ကြီးချုပ်များပါဝင်သည့် လေးပွင့်ဆိုင်ခေါင်းဆောင်တို့သည် အမေရိကန်ပြည်ထောင်စု ဒယ်လာဝဲပြည်နယ်၊ ဝယ်လ်မင်တန်မြို့တွင် ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ထိပ်သီးညီလာခံတွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ထိုဆွေးနွေးပွဲမှတဆင့် လေးပွင့်ဆိုင်ခေါင်းဆောင်များက မြန်မာပြည်သို့ လေယာဉ်ဆီနှင့် လက်နက်အပါအဝင် စစ်ဘက်အရပ်ဘက်သုံးပစ္စည်းများ စီးဆင်းမှုအား ကာကွယ်တားဆီးကြရန် နိုင်ငံများအားလုံးကို မေတ္တာရပ်ခံခဲ့ကြပါသည်။ 1

အမေရိကန်နိုင်ငံခြားရေးဌာန၏ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးသံအမတ်ကြီး ဘတ်သ်ဗန်ရှက်ခ်သည် မြန်မာ့အရေးဆွေးနွေးရန် အောက်တိုဘာလ ပထမအပတ်အတွင်း ထိုင်းနိုင်ငံသို့ သွားရောက်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။

၎င်းအနေဖြင့် ထိုင်းအစိုးရအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် အခြားအဖွဲ့အစည်းများနှင့် တွေ့ဆုံသွားမည်ဖြစ်ကာ မြန်မာနိုင်ငံမှ ရက်စက်မှုများကို ကြုံတွေ့ခံစားနေရသူများအတွက် တရားမျှတမှုရရှိရေးနှင့် တာဝန်ခံမှုတာဝန်ယူမှုရှိရေးတို့ကို ဆွေးနွေးသွားမည်ဟု ဆိုထားပါသည်။ 2

အောက်တိုဘာလ ၉ ရက်မှ ၁၁ ရက်အထိ လာအိုနိုင်ငံတွင် သုံးရက်ကြာကျင်းပသည့် အာဆီယံ ထိပ်သီးညီလာခံသို့ အမေရိကန်နိုင်ငံခြားရေးဌာနမှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ခရစ်တန်ဘရင့်လည်း အမေရိကန်နိုင်ငံကိုယ်စားပြုအနေဖြင့် တက်ရောက်ခဲ့ပါသည်။ ထိုညီလာခံတွင် ၎င်းအနေဖြင့် မြန်မာနိုင်ငံမှ လူ့အခွင့်အရေးအခြေအနေများကို ဖိအားပေးဆွေးနွေးသွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများ လျော့ချနိုင်ရေး၊ နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီလိုလားသည့် အတိုက်အခံအင်အားစုများနှင့် စေ့စပ်ဆွေးနွေးရေးတို့အတွက် စစ်ကောင်စီကို တွန်းအားပေးဆောင်ရွက်ခဲ့သော်လည်း တိုးတက်မှုလုံးဝမရှိခဲ့ကြောင်း ၎င်းက ဝေဖန်ထောက်ပြထားပါသည်။

ဆက်လက်၍လည်း မြန်မာနိုင်ငံအတွင်း စစ်ကောင်စီမှ ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်နေသည့်အပေါ် အမေရိကန်အနေဖြင့် စိုးရိမ်ကြောင်းနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး မဖြစ်သေးသရွေ့ ရွေးကောက်ပွဲ မလုပ်သင့်ကြောင်း ၎င်းက ပြောဆိုထားပါသည်။ 3

လာအိုနိုင်ငံတွင်ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင် မြန်မာ့ပြည်တွင်း စစ်ပဋိပက္ခအရေးနှင့် ပတ်သက်သည့် သံတမန်ရေးရာ ဆွေးနွေးပွဲတစ်ခုကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် အောက်တိုဘာ ၄ ရက်နေ့က ကျင်းပခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် အင်ဒိုနီးရှားအပါအဝင် အာဆီယံ၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂတို့က ကိုယ်စားလှယ်များနှင့် မြန်မာ့အတိုက်အခံအင်အားစုများလည်း ပါဝင်ခဲ့ကြပါသည်။ 4

1 အမေရိကန်သမ္မတနှင့် ဂျပန်၊ အိန္ဒိယ၊ ဩစတေးလျတို့ မြန်မာ့အရေးဆွေးနွေး၊ မြန်မာသို့လေယာဉ်ဆီနှင့် လက်နက်စီးဆင်းမှုတားဆီးရန်ပြော၊ မဇ္ဈိမ၊ ၂၅ စက်တင်ဘာ ၂၀၂၄။
2 မြန်မာ့အရေး ဆွေးနွေးဖို့ ကန် တရားမျှတရေးဆိုင်ရာ သံအမတ် ထိုင်း သွားမည်၊ RFA Burmese၊ ၂ အောက်တိုဘာ ၂၀၂၄။
3 စစ်မှန်တဲ့ငြိမ်းချမ်းရေး မရသရွေ့ ရွေးကောက်ပွဲမလုပ်သင့်ကြောင်း အမေရိကန်ပြော၊ RFA Burmese၊ ၈ အောက်တိုဘာ ၂၀၂၄။
4 မြန်မာ့အရေးဆွေးနွေးပွဲ အင်ဒိုနီးရှားတွင် ကျင်းပ၊ DVB၊ ၄ အောက်တိုဘာ ၂၀၂၄။

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Karen National Union (KNU)

Arakan National Council (ANC/AA)

All Burma Students’ Democratic Front (ABSDF)

Chin National Front (CNF/CNA)

Arakan Liberation Party/Army (ALP/ALA)

Democratic Karen Benevolent Army (DKBA)

Kachin Independence Army (KIO/KIA)

Karenni National Progressive Party (KNPP/KA)

Kuki National Organization (Burma)

Lahu Democratic Union (LDU)

Myanmar National Democratic Alliance Army (MNDAA)

National Democratic Alliance Army-Eastern Shan State (NDAA-ESS)

New Mon State Party (NMSP)

National Socialist Council of Nagaland-Khaplang (NSCN-K)

Pa-Oh National Liberation Organization (PNLO)

The Palaung State Liberation Front (PSLF/TNLA)

The Restoration Council of Shan State (RCSS/SSA – South)

Shan State Progress Party/Shan State Army (SSPP/SSA – North)

United League of Arakan/Arakan Army (ULA/AA)

UWSP/UWSA