အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးအဖွဲ့ – NDAA/ESS |
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၉၈၉
ရုံးချုပ် – မိုင်းလား ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း လှုပ်ရှားရာ နယ်မြေ – မိုင်းလား ၊ ရှမ်းပြည်နယ် (အထူးဒေသ ၄) အင်အား – ၃၀ဝ၀ အထက် ဥက္ကဋ္ဌ – စိုင်းလင်း ဒုဥက္ကဋ္ဌ – စံဖဲ အထွေထွေအတွင်းရေးမှူး – စဝ်ဆဲန်လ ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) မှ ခွဲထွက်ကာ ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့် NDAA-ESS သည် ထိုနှစ် ဇွန် ၃၀ ရက်တွင်ပင် တပ်မတော်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီမှုရယူကာ မိုင်းလားမြို့တွင် အခြေစိုက်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာနှင့် ဒီဇင်ဘာလများအတွင်း ဦးသိန်းစိန်အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့သော်လည်း NCA ကိုမူ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိသည်ကို တွေ့ရပါသည်။ တပ်မတော်နှင့် NDAA-ESS အကြား တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် အလွတ်သဘော ဆွေးနွေးမှုများရှိခဲ့သော်လည်း ၎င်းပါဝင်သည့် FPNCC နှင့်အတူ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံအတွက် လေ့လာသူအနေဖြင့်သာ တက်ရောက်နိုင်ခဲ့ပါသည်။ သို့သော် NDAA-ESS အနေဖြင့် ၎င်းတို့၏ ပစ်ခတ်မှုရပ်စဲခြင်း နှစ် ၃၀ အတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှုသည် အောင်မြင်သည်ဟု ယုံကြည်နေပြီး ငြိမ်းချမ်းဖွံ့ဖြိုးရေးလမ်းစဉ်အတိုင်း လျှောက်လှမ်းမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ပြည်သူလူထု၏ နေထိုင်မှုဘဝ သာယာဝပြောနိုင်မည်ကို သက်သေပြခဲ့ပြီဟု ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ စစ်အာဏာသိမ်းကာလအတွင်း NDAA-ESS ၏ လှုပ်ရှားဆောင် ရွက်မှုအနေဖြင့်မူ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်က ၎င်းတို့အုပ်ချုပ် သောမိုင်းလားမြို့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ နှင့် စစ်ကောင်စီ၏ ကိုယ်စားလှယ်များကြား ပြုလုပ်သည့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွင် ပြုလုပ်ခွင့်ပြုခဲ့ပြီး NDAA-ESS လည်း တက်ရောက်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် တရားဝင်ကိုယ်စားလှယ်အဖွဲ့ ဆက်ဆံရေးရုံးများ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂ |