ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် – အာရက္ခတပ်တော် – ULA / AA |
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၀ ဧပြီ ၂၀ဝ၉ ရုံးချုပ် – KIO ထိန်းချုပ်နယ်မြေ၊ ကချင်ပြည်နယ် လှုပ်ရှားရာ နယ်မြေ – ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ်တစ်ဝန်းလုံး အင်အား – ၄၀,ဝ၀ဝ နီးပါး 1 စစ်ဦးစီးချုပ် – ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဒု-စစ်ဦးစီးချုပ် – ဒေါက်တာညိုထွန်းအောင် အတွင်းရေးမှူး – ၁ – ဗိုလ်မှူးကြီး ကျော်ဟန် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စတင်လာခဲ့သည့် ULA/AA နှင့် စစ်တပ်အကြား ရခိုင်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုများသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုအပြီးတွင်တော့ ရုတ်ချည်းဆိုသလို အပစ်အခတ်ရပ်စဲသွားခဲ့သည်။ စစ်အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်တွင် ULA/AA အား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းကို အာဏာသိမ်းစစ်ကောင်စီက ရုတ်သိမ်းပေးခဲ့သည်။ စစ်အာဏာသိမ်းရန် ကြိုးပမ်းနေသည့် အာဏာသိမ်းစစ်အုပ်စုအတွက် နိုင်ငံတဝှမ်းအင်အားစုပေါင်းစုံက ဆန့်ကျင်တော်လှန်လာကြသည့်အချိန်တွင်တော့ ULA/AA ကိုယ်တိုင်လည်း ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများကို နေရာယူလာခဲ့သည်။ ၂၀၂၁ ခုနှစ် ဇွန်လမှစတင်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းအထိ စစ်ကောင်စီတပ်နှင့် ULA/AA အကြား တိုက်ပွဲဖြစ်ပွားမှုများ ပြန်လည်ဖြစ်ပွားခဲ့သော်လည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့တွင် စစ်ကောင်စီနှင့် ULA/AA ကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီ အပစ်ရပ်တန့်ခြင်း (Humanitarian Pause) ကို ထပ်မံသဘောတူခဲ့ကြပြန်ပါသည်။ 2 စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်တိုက်ပွဲဝင်နေကြသည့် နွေဦးတော်လှန်ရေး၏ အဝန်းအဝိုင်းထဲတွင် ULA/AA ၏ လှုပ်ရှားဆောင်ရွက်မှုများသည် သတင်းအချက်အလက်လုံခြုံမှုကို စောင့်စည်းပြီး ဦးတည်ရာပန်းတိုင်ကို ရောက်ရှိရေးအတွက် အချိန်အခါနှင့် မဟာဗျူဟာကို စောင့်ကြိုပြင်ဆင်ကာ ချီတက်နေခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်၊ ရှမ်းမြောက်ဒေသမှ စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” တွင်တော့ MNDAA၊ TNLA တို့နှင့်အတူ ULA/AA လည်း ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက် တွင်တော့ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တဝှမ်းတွင် အာဏာသိမ်းစစ်အုပ်စုအား ဦးတည်တိုက်ခိုက်လာသည့် ULA/AA ၏ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများကို အရှိန်အဟုန်ဖြင့် မြင်တွေ့လာရပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုကြောင့်ရရှိခဲ့သည့် ဟိုင်ဂင်သဘောတူညီချက်ကြောင့် ရှမ်းမြောက်ဒေသအတွင်း “၁၀၂၇ စစ်ဆင်ရေး” အရွေ့အဟုန် ရပ်တန့်သွားခဲ့သော်လည်း ULA/AA ၏ ရခိုင်ဒေသတွင်း စစ်မျက်နှာသည် ဆက်လက်လှုပ်ရှားနေဆဲဖြစ်ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်တဝှမ်းတွင် အာဏာသိမ်းစစ်အုပ်စုအား ဦးတည်တိုက်ခိုက်လာသည့် ULA/AA ၏ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများကို အရှိန်အဟုန်ဖြင့် မြင်တွေ့လာရပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နှင့် ၁၆ ရက်နေ့များတွင် ချင်းပြည်နယ် ပလက်ဝမြို့နှင့် ဆမီးမြို့၊ ဇန်နဝါရီ ၁၉ ရက်တွင် ရခိုင်ပြည်နယ် ပေါက်တောမြို့၊ ဖေဖော်ဝါရီ ၆ ရက်တွင် မင်းပြား၊ တောင်ပြိုလက်ဝဲနှင့် ကျောက်တော်မြို့၊ ဖေဖော်ဝါရီ ၈ ရက်တွင် မြောက်ဦးမြို့၊ ဖေဖေါ်ဝါရီ ၁၅ ရက် တွင် မြေပုံမြို့နှင့် ကမ်းထောင်းကြီးမြို့၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် မအီမြို့၊ မတ်လ ၄ ရက်တွင် ပုဏ္ဏားကျွန်းမြို့၊ မတ်လ ၁၁ ရက်တွင် ရမ်းဗြဲမြို့နှင့် စနဲမြို့၊ မတ်လ ၁၇ ရက်တွင် ရသေ့တောင်မြို့၊ မတ်လ ၂၀ ရက်တွင် ဘူးသီးတောင်မြို့နှင့် ဇူလိုင်လ ၁၆ ရက်တွင် သံတွဲမြို့ စသဖြင့် မြို့ပေါင်း (၁၆) မြို့ကို အာဏာသိမ်းစစ်အုပ်စုထံမှ ULA/AA က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည်ကို တွေ့ရသည်။ 3 အဆိုပါ ထိန်းချုပ်သိမ်းပိုက်ထားသည့် မြို့များအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုလည်း တပြိုင်နက် ဖော်ဆောင်လျက်ရှိပါသည်။ ရက္ခိုင့်တပ်တော် တည်ထောင်ခြင်း (၁၅) နှစ်မြောက်နေ့၊ ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်တွင်တော့ ရခိုင်ပြည်နယ် အတွင်း မှီတင်းနေထိုင်သူအားလုံးကို ကိုယ်စားပြုလိုသဖြင့် “ရက္ခိုင့် တပ်တော်” ကို “အာရက္ခတပ်တော် (AA)” အဖြစ် နာမည်ပြောင်းလဲကြောင်း ULA/AA က ကြေညာခဲ့သည်။ ULA/AA တွင် တာဝန်ထမ်းဆောင်နေသည့် စစ်သည်တော်များအားလည်း “အာရက္ခစစ်သည်တော်များ” အဖြစ် အမည်ပြောင်းလဲသုံးစွဲသွားတော့မည်ဟု ဆိုပါသည်။ ULA/AA သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တွေ့ဆုံဆွေးနွေးမှုများရှိသကဲ့သို့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” တွင်လည်း အပြည့်အဝ ပူးပေါင်းလှုပ်ရှားလျက်ရှိပါသည်။ ထို့အပြင် ချင်းဒေသတွင်းရှိ ချင်းညီနောင် (CB) ၏ စစ်ရေးလှုပ်ရှားမှုများတွင်လည်း ထောက်ကူပံ့ပိုးလျက်ရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ရခိုင်အမျိုးသားရေးဆိုင်ရာ ရက္ခိတလမ်းစဉ်၊ ရက္ခိတရည်မှန်းချက်များဖြင့် စတင်ခဲ့သည့် အာရက္ခတပ်တော် (ULA/AA) ၏ အတွေးအခေါ်အရွေ့သည် လူမျိုးပေါင်းစုံလွတ်မြောက်ရေး၊ လူမျိုးပေါင်းစုံ ကြီးငယ်မခွဲခြားဘဲ တန်းတူမျှတစွာ အခွင့်အရေးရရှိရေးနှင့် လူမျိုးစုအလိုက် အကုန်လုံးစည်းလုံးညီညွတ်ရေးဆီသို့ ဦးတည်လာသည်ဟု ဆိုရမည်ဖြစ်သည်။ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုပေါင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) အကြား တိုက်ပွဲဖြစ်ပွားမှုပေါင်း ၄၅၂ ခုအထိ ဖြစ်ပွားခဲ့သည်။ ERO နှင့် တိုက်ပွဲဖြစ်ပွားမှု ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့နှင့် ၂၀၂၃ ခုနှစ်တွင် တိုက်ပွဲ (၂) ခု ဖြစ်ပွားခဲ့ပါသည်။ 1 ရခိုင်က လက်ကျန်မြို့အားလုံးကို ထိုးစစ်ဆင်ရန် AA စီစဉ်နေ၊ DMG ၊ ၃ ဇွန် ၂၀၂၄ ဆက်သွယ်ရန် Website – http://thearakanarmy.com/ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၃– ၂၀၂၄ |