မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး

0
1193

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
(ABSDF)

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁ နိုဝင်ဘာ ၁၉၈၈

ရုံးချုပ် – KNU ထိန်းချုပ်နယ်မြေအတွင်း

ရုံးခွဲများ – အမေရိကန်နှင့် သြစတြေးလျ

အခြေပြုဒေသ – KIA နှင့် KNU ထိန်းချုပ်နယ်မြေများအတွင်း

အင်အား – ၁,၅၀ဝ အထက်

ဥက္ကဋ္ဌ – ရဲဘော်သံခဲ

ဒု-ဥက္ကဋ္ဌ – ရဲဘော်မျိုးဝင်း

အထွေထွေအတွင်းရေးမှူး – ရဲဘော်ဆန်နီ

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးအတွက် လူထုအရေးတော်ပုံနှင့်အတူ ဖြစ်တည်ပေါက်ဖွားလာခဲ့သည့် ABSDF သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲမှု သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း လိုက်ပါဆောင်ရွက်နေပါသည်။ အာဏာသိမ်းစစ်ကောင်စီမှ ကျင်းပသည့် NCA (၆) နှစ်ပြည့်အခမ်းအနား သို့ ABSDF အနေဖြင့် တက်ရောက်ခဲ့သည့်အတွက် ဝေဖန်မှုများ ကြုံတွေ့ခဲရပြီး အဆိုပါ တက်ရောက်သည့်ကိစ္စအား ဗဟိုကော်မတီဆုံးဖြတ်ချက်မဟုတ်ကြောင်း ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်ရှင်းလင်းခဲ့ရပါသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂ ရက် ညနေ (၅) နာရီခန့်တွင်တော့ မြဝတီမြို့ ABSDF ဆက်ဆံရေးရုံးကို စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဆက်ဆံရေးရုံးမှ တာဝန်ခံ ရဲဘော်အောင်ဘော်၊ ရဲဘော်တင်စိုး အပါအဝင် ၄ ဦးကို ဖမ်းဆီးသွားခဲ့ပါသည်။ ABSDF ဥက္ကဌအနေဖြင့်လည်း စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့်ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအစုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေး မရရှိနိုင်တော့ကြောင်း ပြောဆိုထားပါသည်။

ယခုအခါ “လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်မည်” ဆိုသော ပြည်ထောင်စုရည်မျှော်ချက်နှင့်အတူ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ် ဟူသမျှ ချုပ်ငြိမ်းရေးအတွက် ဦးတည်လျှောက်လှမ်းနေသည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် ABSDF ၏ နာမည်ပါဝင်လာပြီဖြစ်သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်၊ တည်ထောင်ခြင်း ၃၄ နှစ် မြောက်အဖြစ် ABSDF ၏ ထုတ်ပြန်ချက်တွင်တော့ ၎င်းတို့ အနေဖြင့် တပ်ဖွဲ့ဝင် မျိုးဆက်သစ်ရဲဘော်များအား လေ့ကျင့်၊ စုဖွဲ့မှုများ ပြုလုပ်နိုင်ခဲ့ပြီး ညီနောင်မဟာမိတ်အသီးသီးနှင့်အတူ လက်တွဲတိုက်ပွဲဝင်နေပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလကလည်း နွေဦးတော်လှန်ရေးကာလအတွင်း တော်လှန်သော လူငယ်မျိုးဆက်သစ်များအတွက် ABSDF ၏ စစ်ရေး နည်းဗျူဟာ၊ မဟာဗျူဟာများအား သွန်သင်လမ်းပြပေးနိုင်ခြင်းနှင့် တော်လှန်သော လက်နက်ကိုင် အင်အားစုများအတွက် အားနည်းချက်၊ အားသာချက်နှင့် သင်ခန်းစာများကို လက်ဆင့်ကမ်းပေးနိုင်ခြင်းတို့အပေါ် ချီးမွမ်းဂုဏ်ပြုထားပါသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်၊ ဒေါင်းတမန်စခန်း တွင်ပြုလုပ်သော ABSDF ၏ ၃၄ နှစ်ပြည့်အခမ်းအနားတွင် ဥက္ကဌဖြစ်သူ ရဲဘော်သံခဲကလည်း လက်ရှိကာလတွင် ABSDF အနေဖြင့် လူထုနှင့်အတူ၊ နွေဦးတော်လှန်ရေးနှင့်အတူ ရပ်တည် ရမည်ဖြစ်ပြီး နောင်မျိုး ဆက်တွေအတွက် စစ်အာဏာရှင်စနစ်အောက် မဖြစ်နိုင်သည့် နိုင်ငံအသစ် တခုကို ထူထောင်ရမည်ဖြစ်ကြောင်း မိန့်ခွန်းပြောဆိုခဲ့ပါသည်။

၂၀၂၃ ခုနှစ် သြဂုတ် ၈ ရက်၊ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၃၅ နှစ်မြောက်နေ့တွင်တော့ “လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တော်လှန်ရေးပေါင်းစပ်တိုက်ပွဲဝင်ရေး” သည် လက်ရှိ နွေဦးတော်လှန်ရေး၏ အဓိကတိုက်ပွဲပုံစံတခုအဖြစ် မှတ်ယူသကဲ့သို့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်နေကြသည့် အင်အားစုများအားလုံး ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်ကြရန် ABSDF က ထုတ်ပြန်တိုက်တွန်းထားပါသည်။ လက်ရှိ နွေဦးတော်လှန်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် ABSDF အကြား ချိတ်ဆက်ဆောင်ရွက်မှုများ ရှိနေပြီဖြစ်သည်။

စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုပေါင်း

၂၀၁၂ ခုနှစ်တွင် တိုက်ပွဲဖြစ်ပွားမှုတစ်ခုနှင့် ၂၀၂၃ ခုနှစ် (သြဂုတ်လအထိ) တိုက်ပွဲဖြစ်ပွားမှု ၅ ခု ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါ်ထင်ထင်ပါဝင်လာသည့် ABSDF သည် ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF-LDF) များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်များအား ခုခံတော်လှန်စစ် ဆင်နွှဲလျက်ရှိပါသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်
– ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးခဲ့သည်။
– NCA လက်မှတ်ရေးထိုးပြီးနောက် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည်။
– ၂၀၁၅ – ၂၀၁၆ (အတိအကျမသိရ)

တရားဝင်ကိုယ်စားလှယ်အဖွဲ့
ဦးမျိုးဝင်း (UPDJC)
ဆလိုင်းယောအောင် (JMC)

ဆက်ဆံရေးရုံးများ
(၁) မြဝတီ (၂) မူဆယ် (၃) တင်ပြထားသည့်နေရာများ – လွိုင်ကော်၊ ကလေး၊ ဘုရားသုံးဆူ၊ မြိတ်

မဟာမိတ်အဖွဲ့များ
KIA ထိန်းချုပ်နယ်မြေရှိ ABSDF တပ်စခန်းများ

ဗဟိုကော်မတီအဖွဲ့ဝင်များ

(၁) ရဲဘော်သံခဲ – ဥက္ကဋ္ဌ
(၂) ရဲဘော်မျိုးဝင်း – ဒု-ဥက္ကဋ္ဌ
(၃) ရဲဘော်ဆန်နီ – အထွေထွေအတွင်းရေးမှူး
(၄) ရဲဘော်မြင့်ဦး – အတွင်းရေးမှူး – ၁
(၅) ရဲဘော်ထွဋ် @ Hla Htay – အတွင်းရေးမှူး – ၂
(၆) ရဲဘော်လွမ်းနီ – ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်
(၇) ရဲဘောမိဆူးပွင့် @ Ma Lay Lone – ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်
(၈) ရဲဘော်မောင်ဦး – ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်
(၉) ရဲဘော်ဆလိုင်းယောအောင် – ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်

ဆက်သွယ်ရန်
အီးမေးလ် – [email protected]

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၂ – ၂၀၂၃

LEAVE A REPLY

Please enter your comment!
Please enter your name here