ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်

0
1596

ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)

စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၁ ဒီဇင်ဘာ ၁၉၄၉ (ပထမအကြိမ်)၊ ၇ – ၉ ဒီဇင်ဘာ ၂၀ဝ၉ (ဒုတိယအကြိမ်)

ရုံးချုပ် – လေးဗွားစခန်း ၊ ရှမ်းပြည်နယ် တောင်ပိုင်း

လှုပ်ရှားရာ နယ်မြေ – ဆီဆိုင် ၊ ဟိုပုန်း ၊ နမ့်စန်၊ လင်းခေးနှင့် မောက်မယ်မြို့နယ်များ၊ ရှမ်းပြည်နယ်

အင်အား – ၄၀ဝ အထက်

ဥက္ကဋ္ဌ – ဗိုလ်ချုပ် ခွန်သူရိန်

ဒု-ဥက္ကဋ္ဌ – ခွန်ထွန်းတင်

အထွေထွေအတွင်းရေးမှူး – ဗိုလ်မှူးကြီး ခွန်အောင်မန်း

၂၀၁၂ ခုနှစ် သြဂုတ်လနှင့် ၂၀၁၃ ခုနှစ် မတ်လအတွင်း ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့သည့် PNLO သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်သော NCA လက်မှတ်ရေးထိုးပွဲတွင် ဦးသိန်းစိန်အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့ပါသည်။ NCA အရဖြစ်ပေါ်လာသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်လျှောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နှင့်အတူ လိုက်ပါ‌ဆောင်ရွက်ခဲ့ပါသည်။

ပထမဆုံအကြိမ် PNLO စတင်ဖွဲ့စည်းခြင်းနှင့် ၇၁ ကြိမ်မြောက် ပဒေသရာဇ်စနစ်ဆန့်ကျင် တော်လှန်ရေးနေ့ ဖြစ်သော ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၁ ရက်တွင်တော့ ‘အမျိုးသားပြန်လည်သင့်မြတ်‌ရေး၊ အမျိုးသားညီညွတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး’ အတွက် ၂၁ ရာစု ပင်လုံအပါအဝင် နိုင်ငံရေးဆွေး‌နွေးပွဲအဆင့်ဆင့်တွင် ပါဝင်သွားမည်ဟု ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် အားလုံးပါဝင်ရေးမူကို အခြေခံသည့် ‘ပအိုဝ်းအမျိုးသားညီလာခံ’ တစ်ရပ် ကျင်းပနိုင်ရေး အတွက်လည်း ကြိုးပမ်းသွားမည်ဟု ဆိုပါသည်။

PNLO အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်လည်း ‘လူတစ်ကိုယ် မဲတစ်ပြား’ ဟူသော တန်းတူနိုင်ငံသားအခွင့်အရေးကို အမိအရ အသုံးချကြရန် တိုက်တွန်းထားပြီး ၂၀၂၀ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပေါက်ပေါက်လာရေးအတွက်လည်း PNLO က ထောက်ခံကြိုဆိုထားပါသည်။

စစ်အာဏာသိမ်းမှုကာလအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်‌ရေး နှင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုညှိနှိုင်း‌ရေး‌ကော်မတီ (NSPC) နှင့် PNLO အကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုအချို့ ရှိခဲ့သော်လည်း PNLO ဒုဥက္ကဋ္ဌဖြစ်သူ ခွန်မြင့်ထွန်းကတော့ ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် ပူးပေါင်းပါဝင်‌ဆောင်ရွက်လျက်ရှိပါသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးသည့် (၁၃) ဖွဲ့မြောက် တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့။
အဆင့် ၁-ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (ဩဂုတ် ၂၅ ၊ ၂၀၁၂)
အဆင့် ၂- ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (မတ် ၂၃၊ ၂၀၁၃)
အဆင့် ၃- တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (အောက်တိုဘာ ၁၅, ၂၀၁၅)

တရားဝင်ကိုယ်စားလှယ်အဖွဲ့
ပြည်နယ်အဆင့် – ၇ ဦး
၁။ ခွန်မြင့်ထူး (အဖွဲ့ခေါင်းဆောင်)
၂။ ဗိုလ်မှူးကြီး ခွန်သူရိန် (ဒု-အဖွဲ့ခေါင်းဆောင်)
၃။ ဗိုလ်မှူးချုပ် ခွန်တီးဆောင် (အဖွဲ့ဝင်)
၄။ ဗိုလ်မှူး ခွန်ကျော်ထင် (အဖွဲ့ဝင်)
၅။ ခွန်ဦး (အဖွဲ့ဝင်)
၆။ ခွန်ထွန်းတင် (အဖွဲ့ဝင်)
၇။ ဗိုလ်မှူး ခွန်ဆွေထူး (အဖွဲ့ဝင်)

ပြည်ထောင်စုအဆင့် – ၁၂ ဦး
၁။ ဗိုလ်မှူးကြီးခွန် ဥက္ကာ (အဖွဲ့ခေါင်းဆောင်)။
၂။ ခွန်မြင့်ထွန်း (ဒု-အဖွဲ့ခေါင်းဆောင်)
၃။ ဗိုလ်မှူးကြီး ခွန်သူရိန် (အဖွဲ့ဝင်)
၄။ ဗိုလ်မှူးကြီးအောင်ကျော် (အဖွဲ့ဝင်)
၅။ ခွန်ဦး (အဖွဲ့ဝင်)
၆။ ခွန်တင်ရွှေဦး (အဖွဲ့ဝင်) ပအိုဝ်းအမျိုးသား
လွတ်မြောက်ရေးအဖွဲ့ချုပ်ငြိမ်းချမ်းရေး
တည်ဆောက်ရေးအဖွဲ့
၇။ ဗိုလ်မှူး ခွန်ဆွေထူး (အဖွဲ့ဝင်)
၈။ခွန်ထီး (အဖွဲ့ဝင်)
၉။ ခွန်ထွန်းတင် (အဖွဲ့ဝင်)
၁၀။ ခွန်သောမတ် (အဖွဲ့ဝင်)
၁၁။ နန်းနွယ်နွယ် (အဖွဲ့ဝင်)
၁၂။ နန်းမြင့် (အဖွဲ့ဝင်)

ဆက်ဆံရေးရုံးများ
၁။ တောင်ကြီး (၂၆/ဝ၁/၂၀၁၃)
၂။ သထုံ (၂၁/ဝ၈/၂၀၁၃)
၃။ မောက်မယ် (ဝ၈/၁၂/၂၀၁၃)
၄။ ဆီဆိုင် (မကြာမှီဖွင့်လှစ်မည်)

မဟာမိတ်များ
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့/
လုပ်ငန်းဆွေးနွေး ညှိနှိုင်းရေးအဖွဲ့
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ။

ဆက်သွယ်ရန်
ဝက်ဆိုဒ်:
အီးမေးလ်: [email protected]

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂

LEAVE A REPLY

Please enter your comment!
Please enter your name here