ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)KNLA (Peace Council) – (KPC) |
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၁ ဖေဖော်ဝါရီ ၂၀ဝ၇
ရုံးချုပ် – ကော့ကရိတ်မြို့နယ် ၊ ကရင်ပြည်နယ် လှုပ်ရှားရာ နယ်မြေ – ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲ့မြို့နယ် ကရင်ပြည်နယ် အင်အား – ၅၀ဝ အထက် ဥက္ကဋ္ဌ – ဗိုလ်ချုပ်ကြီးစောထော့လေး အထွေထွေအတွင်းရေးမှူးချုပ် – ဒေါက်တာနော်ကပေါ်ထူး ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟို၏ ခွင့်ပြုချက်မရဘဲ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သည့်အတွက် KNU ဗဟိုမှ ထုတ်ပယ်ခြင်းခံရပြီးနောက် ဗိုလ်မှူးချုပ်စောထိန်မောင် ဦး ဆောင်ပြီး KNU/KNLA PC (KPC) ကို ဖွဲ့စည်းကာ ၂၀ဝ၇ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် စစ် အစိုးရနှင့် KPC အကြား ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင်တော့ ဦးသိန်းစိန်အစိုးရနှင့် NCA လက်မှတ်ရေးထိုးကာ NCA အရ ဖြစ်ပေါ်လာသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း လိုက်ပါ ဆောင်ရွက်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ကျင်းပသည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ပေါင်းစည်းရေးဆွေးနွေး ပွဲတွင် ပါဝင်ခဲ့ပြီး KNU ဗဟို၏ နိုင်ငံရေးဦးဆောင်မှုကို ခံယူရန်အတွက် သဘောတူချက် ရရှိခဲ့သည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလထဲတွင်တော့ KPC တပ်ဖွဲ့ဝင်များ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တပ်မတော်နှင့် KPC အကြား အဖုအထစ်များ ဖြစ်စေခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် မေလ ၃ ရက်တွင် ကွယ်လွန်သွားခဲ့သည့် ဗိုလ်ချုပ်ကြီးစောထိန်မောင်၏ နေရာတွင် ဒု-ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးစောထော့လေးက ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခြင်းခံရပြီး KPC ကို ဆက်လက်ဦးဆောင်နေပါသည်။ လက်ရှိ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများတွင် အခက်အခဲ၊ အကျပ်အတည်းများစွာ ရှိနေသကဲ့သို့ NCA လမ်းကြောင်းအတွင်း တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့များ အားလုံးပါဝင်လာခြင်း မရှိသေးခြင်းသည်လည်း ကြီးမားသည့် စိန် ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း KPC ၏ ၁၃ ကြိမ်မြောက် ငြိမ်းချမ်းရေးကောင်စီနေ့တွင် ဗိုလ်ချုပ်ကြီး စောထော့လေးက ပြောဆိုခဲ့ပါသည်။ စစ်အာဏာသိမ်းကာလအတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် အလွတ်သဘော သွားရောက်တွေ့ဆုံဆွေးမှုများ ရှိခဲ့ပြီး PPST နှင့်အတူ အဖွဲ့ဝင်အဖြစ် ရပ်တည်ဆောင်ရွက်လျက်ရှိပါသည်။ အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တရားဝင်ကိုယ်စားပြုအဖွဲ့ ဆက်ဆံရေးရုံး မဟာမိတ်များ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၁ – ၂၀၂၂ |
Home တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏အကျဉ်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)