ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် – DKBA |
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၈ နိုဝင်ဘာ ၂၀၁၀ ရုံးချုပ် – ကရင်ပြည်နယ် မြဝတီမြို့နယ် လှုပ်ရှားရာနယ်မြေ – လှိုင်းဘွဲမြို့နယ်၊ ကြာအင်းဆိပ်ကြီး – ဘုရားသုံးဆူတောင်ကြား၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့နယ် အင်အား – ၃၀ဝ၀ နီးပါး စစ်ဦးစီးချုပ် – ဗိုလ်ချုပ်ကြီး စောစတီး စစ်ထောက်ချုပ် – ဗိုလ်မှူးကြီး စောစိန်ဝင်း ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၁ ရက်တွင် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားသည် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေး၏နေရာတွင် ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး စောစတီးကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် ခန့်အပ်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၂၆ ရက်တွင် ဗိုလ်စလုံးဦးဆောင်သည့် DKBA တပ်ဖွဲ့ ၂၀ဝ ကျော်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်မှ ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြ ဦးဆောင်သော KNDO တပ်ဖွဲ့ထံသို့ ဘက်ပြောင်းဝင်ရောက်သွားခဲ့သည်။ (1 KNDO သို့ ဘက်ပြောင်းသည့် ဗိုလ်စလုံး ဦးဆောင် DKBA တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုကြိုဆိုပွဲ ပြုလုပ်) ၂၀၂၂ ခုနှစ် ဇွန်လ ၅ ရက်၊ မြဝတီမြို့နယ် ဖလူးကြီးရွာအတွင်း စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF) တို့နှင့်အတူ ဒေသခံများနှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်ကြီးစောစတီးက လေးကေ့ကော်ဒေသအတွင်း လက်နက်ကိုင် ပဋိပက္ခများတွင် ပါဝင်တိုက်ခိုက်နေသူများသည် နိုင်ငံခြားရောက် ပြည်သူများထံမှ ငွေကြေးထောက်ပံ့မှုဖြင့် စစ်တိုက်စားနေခြင်းဖြစ်ကြောင်း ဝါဒဖြန့်ပြောဆိုခဲ့ပါသည်။ (2 အာဏာသိမ်းစစ်အုပ်စုအား ခုခံတော်လှန်စစ်ဆင်နွှဲနေသူများအား နိုင်ငံခြားရောက်အကူအညီဖြင့် စစ်တိုက်စားနေကြကြောင်း DKBA စစ်ဦးစီးချုပ် စွပ်စွဲပြောဆို) ၂၀၂၂ ခုနှစ် သြဂုတ် ၃ ရက်တွင်တော့ KNU/KNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ ပါဝင်သည့် ထိပ်ပိုင်းခေါင်းဆောင်တချို့နှင့် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးဦးဆောင်သည့် A ထိပ်ပိုင်းခေါင်းဆောင်တို့ တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ပြီး ပြန်လည်ပေါင်းစည်းရေးအပါအဝင် နှစ်ဖက်သဘောတူညီချက် ၅ ချက်ကို နှုတ်အားဖြင့် သဘောတူညီခဲ့ကြသည်။ (3 ကော်သူးလေတပ်မတော်စာတမ်းပါ တူညီရင်ဘတ်တံဆိပ်များကို DKBA တပ်ဖွဲ့ဝင်တချို့ စတင်အသုံးပြု) ၂၀၂၂ ခုနှစ် စက်တင်ဘာ ၆ ရက်၊ ည ၁၂ နာရီဝန်းကျင်အချိန်တွင် ဆုံးစည်းမြိုင်စခန်းဝန်းအတွင်းရှိ ဗိုလ်ချုပ်ကြီး စောစတီး၏ နေအိမ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး မည်သည့်အဖွဲ့အစည်းမှ တိုက်ခိုက်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။ (4 DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးနေအိမ် ဒရုန်းနဲ့ဗုံးကြဲခံရ) DKBA အနေဖြင့် အဖွဲ့အစည်းအတွင်း ခေါင်းဆောင်မှုအပြောင်းအလဲရှိခဲ့သော်လည်း PPST ၏ အဖွဲ့ဝင်အဖြစ် ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ အာဏာသိမ်းစစ်အုပ်စုနှင့်လည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါသည်။ အာဏာသိမ်းစစ်ကောင်စီအား ဘက်ပေါင်းစုံမှ ဆန့်ကျင်တော်လှန်နေကြသော နွေဦးတော်လှန်ရေးအင်အားစုများနှင့် DKBA အကြား ချိတ်ဆက်ဆောင်ရွက်မှုမျိုးကိုတော့ ယနေ့အချိန်အထိ မတွေ့ရသေးဟု ဆိုရပါမည်။ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုပေါင်း ၂၀၂၁ ခုနှစ်အတွင်း စစ်ကောင်စီတပ်နှင့် DKBA အကြား တိုက်ပွဲဖြစ်ပွားမှု (၄) ခု ဖြစ်ပွားခဲ့သော်လည်း ၂၀၂၂ ၊ ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ဟု ဆိုရပါမည်။ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့။ အပစ်အခတ်ရပ်စဲပြီးနောက် တိုက်ပွဲဖြစ်ပွားမှု ဌာနချုပ် လုံခြုံရေးအဖွဲ့များ – ၉၀၄၊ ၉၀၆၊ ၉၀၈ ဆက်ဆံရေးရုံးများ မဟာမိတ် Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၂ – ၂၀၂၃ |