ချင်းအမျိုးသားတပ်ဦး – CNF |
||||
စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၂၀ မတ် ၁၉၈၈ ရုံးချုပ် – ချင်းပြည်နယ် ထန်တလန် (ဗစ်တိုးရီးယားစခန်း) လှုပ်ရှားရာနယ်မြေ – ချင်းပြည်နယ် ထန်တလန်၊ ဟားခါး၊ တီးတိန်၊ မတူပီ၊ ပလက်ဝ မြို့နယ်များ အင်အား – ၁,၅၀ဝ အထက် (အရံတပ်ဖွဲ့ဝင် ၁၀,၀၀၀ အထက်) ဥက္ကဋ္ဌ – ပူးဇင်ကျုံး (Pu Zing Cung) အထွေထွေအတွင်းရေးမှူး – ဆလိုင်း တလာဟဲ (Salai Thla Hei) ၂၀၂၀ပြည့်နှစ်တွင် ကျင်းပသော ချင်းအမျိုးသားတပ်ဦး (CNF) ၏ သတ္တမအကြိမ် ညီလာခံက ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့သည်။ အဆိုပါညီလာခံမှတဆင့် ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်ရရှိရေး၊ နိုင်ငံရေးတန်းတူမှုရှိသော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးနှင့် ဒီမိုကရေစနစ် တည်ဆောက်ရေးဆိုသည့် နိုင်ငံရေးရည်မှန်းချက် (၃) ချက်ကို ချမှတ်ခဲ့ပါသည်။ စစ်အာဏာသိမ်းကာလအတွင်း CNF အနေဖြင့် ချင်းပြည်သူလူထုနှင့်အတူ ရပ်တည်ကာ နွေဦးတော်လှန်ရေးတွင် ပါဝင်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်များအား ခုခံတော်လှန်စစ် ဆင်နွှဲလျက်ရှိပါသည်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင်လည်း CNF ၏ ဒု-ဥက္ကဌတစ်ဦးဖြစ်သူ ဒေါက်တာလျန်မှုန်းဆာခေါင်းက ဖက်ဒရယ်ရေးရာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ NUCC ၏ အစုအဖွဲ့ဝင်ဖြစ်သော ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တွင် CNF ၏ လက်ထောက်အထွေထွေအတွင်းရေးမှူး (၂) ဖြစ်သူ ဆလိုင်းထက်နီက အထွေထွေအတွင်းရေးမှူး တာဝန်ယူထားသည်။ နွေဦးတော်လှန်ရေးကာလအတွင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) ၁၈ ဖွဲ့ဖြင့် စုဖွဲ့ထားသော Chinland Joint Defense Committee (CJDC) တွင် CNF ၏ အထွေထွေအတွင်းရေးမှူး ဆလိုင်းတလာဟဲကိုယ်တိုင် ဥက္ကဌအဖြစ် တာဝန်ယူကာ စစ်ကောင်စီတပ်များအား ခုခံတော်လှန်စစ် ဆင်နွှဲရာတွင် ပူးပေါင်းလှုပ်ရှားလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်သည် ချင်းအမျိုးသားတရပ်လုံးအတွက် ချင်းပြည်ထောင် တည်ဆောက်ရေးအတွက် အဓိကကျသည့်နှစ် “Chin Nation – Building နှစ်” ဆောင်ပုဒ်ဖြင့် ချင်းအမျိုးသားတော်လှန်ရေးကို ဆက်လက်တိုက်ပွဲဝင်ကြရန် CJDC ဥက္ကဌ တာဝန်ယူထားသည် ဆလိုင်းတလာဟဲက တိုက်တွန်းထားသည်။ ချင်းအမျိုးသားတပ်ဦးနှင့် တပ်မတော်အနေဖြင့် ပြည်သူ့တော်လှန်ရေးလမ်းစဉ်ကို အခိုင်အမာကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ရာတွင် နိုင်ငံရပ်တည်ချက်တူညီသော မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်နှင့်မဆို လက်တွဲကာ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၃၅ နှစ်မြောက် ချင်းတော်လှန်ရေးနေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပစ်အခတ်ရပ်စဲရေးပြုလုပ်ပြီးနောက် တိုက်ပွဲဖြစ်ပွားမှုများ။ တရားဝင်အပစ်အခတ်ရပ်စဲရေးအဖွဲ့ ဆက်ဆံရေးရုံးများ စီးပွားဆက်ဆံရေးရုံးများ ဆက်သွယ်ရန် – ၁။ ပူးထန်းရန် ဒေသဆိုင်ရာ ကော်မတီ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၂ – ၂၀၂၃ |