“စစ်ရှောင်တွေများလေလေ တော်လှန်ရေးတပ်ဖွဲ့တွေက အလုပ်ရှုပ်လေဖြစ်တယ်။ အဲ့ဒီဘက်ကို ကာကွယ်ပြီး အာရုံစိုက်ပြီးတော့ ကာကွယ်နေရတဲ့အတွက်ကြောင့် သူတို့ (စကစ) က ရဲဘော်အချင်းချင်းမနိုင်တဲ့အခါမှာ လူထုကို ပစ်မှတ်ထားပြီး တိုက်ခိုက်တယ်လို့ မြင်တယ်” ခူရူဘီ (ပြောရေးဆိုခွင့်ရှိသူ – KCSN)

0
139

ကရင်နီလူမှု အသင်းအဖွဲ့ ကွန်ယက် (KCSN) ပြောရေးဆိုခွင့်ရှိသူနှင့် အမေးအဖြေ

၂၅ မတ် ၂၀၂၂

ကရင်နီပြည်နယ်ထဲမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၁၃ ရက်နေ့အထိ စစ်ရှောင် နှစ်သောင်းလောက် ထပ်တိုးလာတဲ့အတွက် အခုဆိုရင် ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂ သိန်းနီးပါးရှိသွားပြီလို့ ကရင်နီလူမှု အသင်းအဖွဲ့ ကွန်ယက် (KCSN) က ထုတ်ပြန်လိုက်ပါတယ်။

နှစ်ပတ်အတွင်း ဖယ်ခုံမြို့နယ်ထဲမှာ စစ်ရှောင် ၁ သောင်းနဲ့ ဒီးမော့ဆိုမြို့နယ်ထဲမှာ ၁ သောင်းထပ်တိုးလာတဲ့အတွက် KCSN ရဲ့စာရင်းအရ ကရင်နီမှာ စစ်ရှောင် ၁၉၇၁၁၅ ဦးရှိနေပြီဖြစ်ပါတယ်။ လက်ရှိစစ်ရှောင်တွေရဲ့ အခြေအနေနဲ့ ပြည်နယ်အတွင်းက အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး KCSN ပြောရေးဆိုခွင့်ရှိသူ ခူရူဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – စစ်ရှောင်တွေထပ်တိုးတယ်ဆိုတော့ ဘာလို့ထပ်တိုးလာတာလဲ။ ဘယ်လောက်အထိ ထပ်တိုးလာလဲ။

ဖြေ – IDPs ရွှေ့ရတယ်၊ တိုးတယ်ဆိုတာက ခပ်များများတော့ ဒီစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သူတို့ ထွက်ပြေးပုန်းရှောင်နေရတာ ဖြစ်တယ်။ ဒီ နှစ်သောင်းဆိုတာကတော့ ကျနော်တို့ တခြားစခန်းကို သွားရွှေ့ ပြောင်းတာပေါ့။ လေယာဉ်ထပ် ဗုံးကြဲတဲ့ အတွက် ခပ်များများသည် ဒီးမော့ဆိုမြို့နယ် နောက်ပြီးတော့ အခု တိုက်ပွဲတွေ ပြင်းထန်နေတယ် ဖယ်ခုံမြို့နယ်ထဲ ကပေါ့ ဆိုတော့ ကျနော်တို့ပျမ်းမျှကတော့ တစ်သောင်း တစ် သောင်းစီလို့ ပြောတယ်။

မေး – အခု ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ မတ်လ ၁၃ ရက် နေ့အထိ ဒီနှစ်ပတ်တာ အတွင်းမှာ အရပ်သား သေဆုံးမှု ၁၂ ယောက်နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ ၂ ယောက်လည်း ရှိတယ်လို့ KCSN က ထုတ်ပြန်ထားတယ်။ ဆို တော့ အခု ဒီအရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ဘယ်လောက်ရှိသွားပြီလဲ။

ဖြေ – ထိခိုက်ဒဏ်ရာ ရတာတော့ ရှိတယ်။ ဒီလက်နက်ကြီးတွေကြောင့် ဒီဒေသခံတွေ နှစ်ဦးသုံးဦးလောက် ဒဏ်ရာရ တာရှိတယ်။ ဒီထုတ်ပြန်ပြီးတဲ့နောက်ပိုင်း တစ်ရက်နှစ်ရက်အတွင်းမှာ။ ထုတ်ပြန်ချက်အရတော့ သတ်ဖြတ်ခံရ တဲ့လူ အယောက် ၂၃၀ ကျော်ပြီပေါ့ သတ်ဖြတ်ခံရတဲ့သူ။ ဒါကတော့ ဟိုးအာဏာသိမ်းတဲ့နေ့ကနေ ဒီနေ့အချိန်ထိ ပေါ့။ ဒီထက်တော့ မနည်းနိုင်ဘူးပေါ့။ ထိခိုက်ဒဏ်ရာရတာလည်း ၁၇၀ ကျော်ပေါ့။ ဒါက အခုနကပြောသလို ပေါ့နော် ကျနော်တို့ ကောက်ခံရရှိတဲ့ စာရင်းပေါ့။ အဲ့ဒီထက်လည်း ပိုများနိုင်တယ်နော်။

မေး – ကရင်နီပြည်နယ်ထဲက တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှု အခြေအနေလည်း သိချင်ပါတယ်။

ဖြေ – မတ်လ ၁၇၊ ၁၈ အထိတော့ နေ့တိုင်း ရက်တိုင်းလိုလို တိုက်ပွဲက ဖြစ်နေတယ်လို့ ပြောလို့ရရတယ်။ ကျနော်တို့ ကရင်နီပြည်နယ်မှာက KNDF တို့၊ KGZ တို့၊ PDF တို့ နောက်ပြီး KA တို့ အများကြီးရှိတယ်လေနော်။ အဲ့တော့ စစ်ကောင်စီတွေနဲ့က တဖွဲ့မဟုတ်ရင် တဖွဲ့နဲ့က ဖြစ်တယ်ပေါ့နော်။ အဲ့တော့ အဲ့ဒီစစ်ပွဲတိုင်းမှာကလည်း စစ် ကောင်စီက အထိနာတယ်ပေါ့နော်။ စစ်ရေးတင်းမာမှုတွေလည်း မလျှော့နည်းသွားပါဘူး။ လောလောဆယ် ဒီး မော့ဆိုက အပြင်းထန်ဆုံးပေါ့။ ဘာဖြစ်လို့လဲဆို စစ်ကောင်စီတွေက အဲ့ဒီနေရာကိုပဲ လေယာဉ်နဲ့ ပစ်မှတ်ထားပြီး တိုက်ခိုက်တယ်။ နောက်ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေကိုပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်တာ မဟုတ်ပဲနဲ့ IDPs တွေရှိတဲ့နေရာကိုမှ အသစ်စက်စက်ရွှေ့ပြောင်းတဲ့နေရာကိုမှ တမင်သက်သက်သိရဲ့ လာတိုက်ခိုက်တယ်ဆိုတာ မျိုးပေါ့၊ အပြင်းထန်ဆုံးကတော့ ဒီးမော့ဆိုပါပဲ။

မေး – ဘာလို့ စစ်ရှောင်တွေကို ပစ်မှတ်ထားပြီး ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ပြောလို့ရလဲ။

ဖြေ – ဒါကတော့ တမင်သက်သက် လိုက်နှောက်ယှက်တယ်လို့ပဲ ကျနော်တို့ မြင်တယ်။ ဘာဖြစ်လို့လဲဆို မြေပြင်တိုက် ပွဲမှာ သူတို့ပဲ အထိနာတဲ့အချိန်မှာ လက်နက်မရှိတဲ့လူထုတွေကို သူကတော့ လိုက်ပြီးတော့ ရန်ရှာတာပေါ့။ ဘာ ဖြစ်လို့လဲဆို KNDF တို့လည်း အမြဲတမ်းလူထုကို ကာကွယ်တဲ့လူ၊ တော်လှန်ရေးတပ်ဖွဲ့တိုင်းကတော့ ပြည်သူတွေကို ကာကွယ်ပြီးတော့ တိုက်ခိုက်တဲ့လူတွေဖြစ်တွက်ကြောင့် စစ်ရှောင်တွေများလေလေ တော်လှန်ရေးတပ်ဖွဲ့တွေက အလုပ်ရှုပ်လေဖြစ်တယ်။ အဲ့ဒီဘက်ကို ကာကွယ်ပြီး အာရုံစိုက်ပြီးတော့ ကာကွယ်နေရတဲ့အတွက်ကြောင့် သူတို့(စကစ)က ရဲဘော်အချင်းချင်းမနိုင်တဲ့အခါမှာ လူထုကို ပစ်မှတ်ထားပြီး တိုက်ခိုက်တယ်လို့ မြင်တယ်။ သုံးသပ်ပါတယ်။

မေး – IDPs တွေအတွက် ရိက္ခာအခြေအနေကရော ဘယ်လိုလဲ၊ သူတို့ဆီကိုရော ပို့လို့ရလား။

ဖြေ – IDPs တွေရဲ့ ရိက္ခာကိစ္စကတော့ ပြဿနာအများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆို ကူညီအလှူရှင်တွေကလည်း ကူ ညီဖို့ကို သိုသိုသပ်သပ်လုပ်ရတာဖြစ်တယ်။ NGO တွေဆိုလည်း တချို့အဖွဲ့တွေက သူတို့ကူညီတာကို ပြောလို့ မရဘူး။ လူသိလို့မရဘူး။ ဆိုတော့ သိုသိုသပ်သပ်လုပ်တဲ့အခါမှာ အခက်အခဲရှိတယ်။ နောက်ပြီးမှ ကရင်နီရဲ ဘော်ပဲဖြစ်ဖြစ် KNDF ရဲဘော်ပဲဖြစ်ဖြစ် ချိတ်ဆက်ဖို့ကလည်း မလွယ်ကူဘူး။ လမ်းပန်းဆက်သွယ်ရေးက လည်း မကောင်းဘူး။ မလုံခြုံဘူး။ အခက်အခဲတွေရှိတော့ ကူညီဖို့ကလည်း ထိရောက်သလောက်ကလည်း မထိ ရောက်ဘူး။ ရိက္ခာတွေကလည်း ပို့လို့မရဘူး။ လွတ်လွတ်လပ်လပ်လည်း သွားလာလို့မရဘူး။ သေချာတာ က တော့ အခုထပ်ပြောင်းလာတဲ့ IDPs တွေက နောက်ထပ်တိုက်ပွဲတွေဖြစ်လာလို့ ထွက်ပြေးရမယ်ဆိုရင် သူတို့ အတွက် ရိက္ခာက သူတို့ဆီရောက်ဖို့ဆိုတာ မလွယ်ကူတော့ဘူး။

မေး – စစ်ရှောင်တွေက ဘယ်နှစ်ခေါက်တောင်မှ ထွက်ပြေးရတာလဲ၊ ဘယ်နှစ်နေရာတောင် ရွှေ့ပြောင်းခဲ့ကြရတာလဲ။

ဖြေ – တချို့ဆို ခနခနပြောင်းရွှေ့ရတယ်။ ဥပမာ အရင်က ဒီးမော့ဆို ဒေါငံခါးမှာနေတဲ့လူတွေက ဟိုး လွယ်နမ်းဖကွင် မှာ သွားစစ်ရှောင်တာရှိတယ်။ ဒါပေမယ့် အခု လွယ်နမ်းဖ နန်းမယ်ခုံတို့ဘက်မှာ တိုက်ပွဲတွေထပ်ဖြစ်လာတဲ့ အခါ လိုဘာခိုတို့ဘက်ကို ရွှေ့ပြောင်းရတာရှိတယ်။ အခုကန စစ်ကောင်စီက လေယာဉ်နဲ့ ထပ်လာတိုက်ခိုက် တယ်ဆိုရင် တခြားတနေရာကို ထပ်ရွှေ့ရတယ်။ စစ်ရှောင်တွေက ရှိရင်းစွဲနေရာကနေ ထပ်ရှောင်ရတယ် တိုက် ပွဲတွေကြောင့်၊ နောက် လေယာဉ်နဲ့လာတိုက်ခိုက်ခံရတဲ့အတွက် တချို့စစ်ရှောင်က အနည်းဆုံး သုံးနေရာ ရွှေ့ ပြောင်းရတဲ့ အနေအထားမှာ ဖြစ်တယ်။

မေး – စစ်ရှောင်အရေးနဲ့ပတ်သက်ပြီး တခြားရော ဘာများ ဖြည့်စွက်ပြောလိုတာရှိလဲ။

ဖြေ – ဒါတော့ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတကာဥပဒေအရပဲ ဖြစ်ဖြစ်၊ လူသားချင်းစာနာထောက်ထားမှုပဲအရပဲ ဖြစ်ဖြစ် ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ကိစ္စပေါ့ အရပ်သားပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတဲ့ ကိစ္စက။ နိုင်ငံတကာကလည်း ဒါတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့လိုတယ်လို့ မြင်တယ်။ ဖြစ်နိုင်ရင် နိုင်ငံတ ကာက no fly zone သတ်မှတ်ပေးရင်တော့ ပိုကောင်းတယ်လို့ ပြောချင်တယ်။ ဘာလိုလဲဆို လူထုက လုံခြုံမှု မရှိတော့ဘူး။ စစ်ကောင်စီက လေယာဉ်နဲ့ လာမတိုက်ခိုက် drone နဲ့ အရင်လာကြည့်တယ်၊ ပြီး drone နဲ့လည်း တိုက်ခိုက်တယ်၊ လေယာဉ်နဲ့လည်း လာပစ်တယ် အဲ့လိုမျိုးဆိုတော့ လူထုအတွက် လုံခြုံရေးက လုံးဝမကို မရှိ တော့ဘူး။ ဒါကို နိုင်ငံတကာကလည်း ဒါကို သတိထားပြီး လူထုအတွက် မြန်မြန်လေးကာကွယ်ပေးဖို့ လိုမယ်။ စစ်ရှောင်တွေက အခုဆိုရင် ပြေးဖို့နေရာဆိုတာထက် နေရာရှိခြင်း မရှိခြင်းထက် လုံးဝကို မလုံခြုံတဲ့ အနေအထားမျိုးဖြစ်နေတယ်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here