“စစ်တပ်က ခေါ်ယူတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေဟာ သူတို့ရဲ့ နိုင်ငံရေးအရ နိုင်ငံတကာမှာ မျက်နှာသာရဖို့၊ သူတို့က ဆွေးနွေးညှိနှိုင်းရေးလမ်းစဉ်ကို သွားနေပါတယ်ဆိုတဲ့ဟာကို သူတို့က နိုင်ငံတကာကို ပြဖို့အတွက်ပဲ သက်သက်ဖြစ်တယ်။ တကယ့်တကယ် ကျနော်တို့တိုင်းရင်းသားတွေ လိုချင်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်အတွက် သူတို့စိတ်ထဲမှာ လုံးဝရှိတာမဟုတ်ဘူး” ဦးအောင်ဆန်းမြင့် (အထွေထွေအတွင်းရေးမှူး – KNPP)

0
109
ဓာတ်ပုံ - ကန္တာရဝတီတိုင်းမ်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အထွေထွေအတွင်းရေးမှူးနှင့် အမေးအဖြေ

၂၅ မတ် ၂၀၂၂

စစ်ကောင်စီက ကျင်းပမယ့် ၇၇ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားကို တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များကို ဖိတ်ကြားထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် တချို့အဖွဲ့တွေကတော့ ဖိတ်တာကို မသိဘူးလို့ဆိုပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အနေနဲ့တော့ သူတို့ကို ဖိတ်ကြားလာရင်လည်း တက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။ ဒီအကြောင်း KNPP အထွေထွေအတွင်းရေးမှူး ၂ ဦးအောင် ဆန်းမြင့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – KNPP ကို အခု ၂၇ ရက်နေ့မှာ လုပ်မယ့် ၇၇ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ဖိတ်ထားလား၊ သွားတက်ဖို့ရော အစီအစဉ်ရှိလား။

ဖြေ – ကျနော်တို့ကို ဘယ်သူမှ မဖိတ်ပါဘူး။ ကျနော်တို့က ဒီနေ့ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေ စစ်ရေး အခြေအနေ ပေါ့နော အရ ကျနော်တို့က တက်ဖို့ကတော့ အစီအစဉ် လုံးဝမရှိပါဘူး။

မေး – စစ်ကောင်စီက အခုလို EAOs တွေကို ဖိတ်တာက ဘာကြောင့်လို့ ပြောလို့ရလဲ။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေ သွားတက်ရင် စစ်ရေးအရရော နိုင်ငံရေးအရပါ သက်ရောက်မှုက ဘယ်လိုမျိုး ရှိလာနိုင်လဲ။

ဖြေ – ဒါကတော့ ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေက အများကြီး စဉ်းစားဖို့လိုတယ်လေ။ ဒီနေ့ကျ နော်တို့ နိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတာက လူမျိုးတစ်မျိုးတည်းရဲ့ အရေး အဖွဲ့အစည်းတစ်ဖွဲ့တည်းရဲ့ အရေး မဟုတ်ဘူးလေနော။ ကျနော်တို့ တစ်နိုင်ငံလုံးရဲ့ အရေး တစ်နိုင်ငံလုံးအရေးမှာမှ ကျနော်တို့ နှစ်ပေါင်း ၇၀ ကျော် ကျနော်တို့ ဒီစစ်တပ်ရဲ့ စစ်အာဏာရှင်ရဲ့ မတရားဖိနှိပ်မှုကို ကျနော်တို့ ခံစားလာခဲ့ရတာ နှစ်ပေါင်း ၇၀ ကျော် ဒီ နေ့ အချိန်ခါက အဲဒီ ခံစားလာခဲ့ရတဲ့ ကျနော်တို့ရဲ့ ဒုက္ခတွေကို ကျနော်တို့ ဖယ်ရှားပစ်ဖို့အတွက် စစ်တပ်ရဲ့ အာ ဏာသိမ်း စစ်ကောင်စီကို ဖယ်ရှားဖို့က အဓိကဖြစ်နေတယ်။ ဆိုတော့ စစ်တပ်က ခေါ်ယူတဲ့ တွေ့ဆုံ ဆွေးနွေးပွဲ တွေဟာ သူတို့ရဲ့ နိုင်ငံရေးအရ နိုင်ငံတကာမှာ မျက်နှာသာရဖို့၊ သူတို့က ဆွေးနွေးညှိနှိုင်းရေးလမ်းစဉ်ကို သွားနေပါတယ်ဆိုတဲ့ဟာကို သူတို့က နိုင်ငံတကာကို ပြဖို့အတွက်ပဲ သက်သက်ဖြစ်တယ်။ တကယ့် တကယ် ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်အတွက် သူတို့စိတ်ထဲမှာ လုံးဝရှိတာမဟုတ်ဘူးပေါ့လေ ဒါကို ကျနော်သိဖို့လိုတယ်။ အဲဒီတော့ ကျနော်တို့ အဖွဲ့အစည်းအရေး တစ်စုတစ်ဖွဲ့အရေးထက် တစ်နိုင်ငံလုံး အရေးကို ကျနော်တို့က ကြည့်ပြီးတော့ မှ ကျနော်တို့ က သွားသင့်မသွားသင့် ဆိုတာ စဉ်းစားကြဖို့ ကျနော်အနေနဲ့ ပြောလိုတာပေါ့နော။

မေး – အရှေ့မှာ ဦးအောင်ဆန်းမြင့်ပြောခဲ့သလိုပေါ့နော် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားနေတယ်ဆိုတဲ့အချက်အပြင် စစ်ကောင်စီမှာ တခြား ဘယ်လိုရည်ရွယ်ချက်မျိုးတွေ ရှိနိုင်သေးလဲ။

ဖြေ – သူတို့ကလည်း ဒီနေ့ စစ်ရေး အခြေအနေအရကလည်း သူတို့မှာက တပ်တွင်းမှာ ကျနော်တို့ ဒီမညီညွတ်မှု တွေ နောက်ပြီးမှ ကျနော်တို့ ပြိုကွဲမှုတွေပေါ့နော နောက်ပြီးမှ ကျနော်တို့ ဒီပြည်နယ်တွေမှာ ကျနော်တို့ စစ်ဆင် ရေး လုပ်တဲ့ အခါမှာလည်း သူတို့အတွက် ဆုံးရှုံးမှုတွေ အများကြီး ရှိတယ်လေ။ အဲဒီတော့ သူတို့က ဒီတိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းတစ်ချို့နဲ့ သူတို့က ဒီအပစ်ခတ်ရပ်စဲရေးကို သူတို့က ဆက်ပြီးမှ ထန်းထားနိုင် မယ် လုပ်ထားနိုင်မယ်ဆိုလို့ရှိရင် သူတို့တကယ် စစ်ဆင်ရေးဖွင့်နေတဲ့ ဒေသတွေမှာ သူတို့က အဓိကထားပြီးမှ စစ်အင်အားကို ပိုပြီးမှ တိုးချဲ့လို့ရတာပေါ့။ တကယ်လို့များ အားလုံးက စစ်ဆင်ရေး နယ်မြေအဖြစ် ဖြစ်လာ မယ် ဆိုလို့ရှိရင် သူတို့အတွက်က အခက်အခဲ အများကြီးရှိတယ်။ ဒါက စစ်ရေးအရပါ။

မေး – ဆိုတော့ နိုင်ငံရေးအရကရော ဘယ်လိုမျိုး သက်ရောက်နိုင်လဲ။

ဖြေ – နိုင်ငံရေးအရကလည်း ဒီနေ့ နိုင်ငံတကာကနေပြီးမှ သူတို့ကို ဆွေးနွေးညှိနှိုင်းရေးနဲ့ အဖြေရှာဖို့ ဆိုပြီးမှ တိုက်တွန်းနေတာရှိတယ်။ အာဆီယံရဲ့ မူ ၅ ချက်မှာကလည်း ဒါက ကျနော်တို့ ဒီငြိမ်းချမ်းရေး လမ်းကြောင်းနဲ့ သွားဖို့ ဆိုပြီးမှ အတင်းတိုက်တွန်း နေတာရှိတယ်။ အဲဒီအတွက်ကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေက သူ တို့ ခေါ်တဲ့ အစည်းအဝေးတွေကို သွားတက်ရောက်ခြင်းအားဖြင့် သူတို့အတွက်က စစ်ရေးအရသော်လည်း ကောင်း နိုင်ငံရေးအရသော် လည်းကောင်း သူတို့အတွက်က အကျိုးအမြတ်က အများကြီးရှိတယ်။ ဒါပေမယ့် ကျနော်တို့အတွက်ကတော့ ဘာအကျိုး အမြတ်မှ ထွက်လာဖို့တော့မရှိဘူး။ ကနော်တို့ လိုချင်တဲ့ ဖက်ဒရယ် ဒီမို ကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ဘာမှ ချည်းကပ်လို့ ရမှာမဟုတ်ဘူးပေါ့နော။ ဒါကလည်း ပြီးခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ကျနော်တို့ ကြည့်ခြင်းအားဖြင့် ကျနော်တို့ အားလုံးကလည်း အတွေ့အကြုံ တွေ ရရှိပြီး ဖြစ်တယ်ပေါ့နော။

မေး – စစ်ကောင်စီက တပ်မတော်နေ့ အခမ်းအနားတက်ဖို့ EAOs တွေကို ဖိတ်တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောလိုသေးလဲ။

ဖြေ – ဒီနေ့ ဒီအချိန်ခါမှာတော့ ကျနော်တို့က ဟန်ချက်ညီညီနဲ့ ဒီစစ်အာဏာရှင်ဖြုတ်ချရေးကို အဓိကထားပြီးတော့မှ ကျနော်တို့ အနာဂတ် ဖက်ဒရယ်ကို တည်ဆောက်ရေးအတွက် အတူတကွလေ ဒီနေ့ တော်လှန်ရေးကို အောင်မြင်တဲ့အထိ ကျနော်တို့ ဟန်ချက်ညီညီ လုပ်ဖို့လိုအပ်ပါတယ်လို့နော်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here