KIA တပ်မဟာ (၁၀)မှ အစိုးရစစ်ကြောင်းအား မိုင်းကြီး ၂လုံးဖြင့် တိုက်ခိုက်

0
464

ရှမ်းပြည်မြောက်ပိုင်း တာမိုးညဲ-မုန်းဆီး လမ်း ကနေ မန်ပြိန်းဘက်ကို တက်လာသော မြန်မာအစိုးရ စစ်ကြောင်းကို စနေနေ့ နိုဝင်ဘာ ၂၄ နံနက်ပိုင်း ၁၀နာရီကျော်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၁၀) မှ မိုင်းကြီး ၂လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ပြီး အချိန်တို ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း KIA က ဆိုသည်။

ပင်းလုံကနေ မန်ပြိန်းဘက်ကို တက်လာသော အစိုးရတပ် တပ်မ ၉၉ ဟု ယူဆရသော စစ်ကြောင်းကို KIA တပ်ရင်း (၂) တပ်ဖွဲ့က remote မိုင်းကြီး ၂လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ပြီးနောက် အချိန် ၁၀မိနစ်ခန့် တိုက်ပွဲ ဖြစ်ပွားသည်ဟု KIA တပ်မဟာ (၁၀) သတင်းရပ်ကွက် က ဆိုပါသည်။

ယခုလို မိုင်းဖြင့် တိုက်ခိုက်ခံရပြီး မြန်မာစစ်သားများ ထိခိုက် သေဆုံးမှုရှိသောကြောင့် မန်ပြိန်းဘက်ကို မတက်နိုင်ဘဲ အခင်းဖြစ်သည့် နေရာတွင် ယနေ့ ညနေပိုင်းထိ တပ်ချနေသည်ဟု ကချင်သတင်းဌာန KNG မေးမြန်း သိရသည်။

ကွတ်ခိုင်-တာမိုးညဲ-မုန်းဆီး ကားလမ်းမ လမ်းကြောင်းတလျှောက် အစိုးရစစ်သားများ အမြဲ လုံခြုံရေး ယူထားပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here