၂၀၂၀ အလွန် လုပ်ငန်းစဥ်များနှင့် ဖက်ဒရယ်မူကိစ္စရပ်များအား အပစ်ရပ်အဖွဲ့များ ဆွေးနွေး

0
213

၁၁ ဒီဇင်ဘာ ၂၀၂၀

၂၀၂၀ပြည်နှစ်အလွန် အဆင့်လိုက်လုပ်ငန်းစဥ်များနှင့် ဖက်ဒရယ်မူကိစ္စရပ်များအား ယနေ့ဒီဇင်ဘာ ၁၁ရက်တွင် ပြုလုပ်သည့် အပစ်ရပ်အဖွဲ့များ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း NCA-S EAO UPDJC အဖွဲ့ခေါင်းဆောင်က ပြောပါသည်။

“ဒီအစည်းအေ၀းမှာ ဖက်ဒရယ်မူဆိုင်ရာ ကိစ္စတွေ၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ မှာ သဘောတူထားတဲ့ အတိုင်း နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင်ခြင်း၊ ဖက်ဒရယ် တည်ဆောက် ရေးဆိုင်ရာ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နဲ့ အဆင့်လိုက်အကောင်အထည်ဖော်မှု လုပ်ငန်းစဉ် များကို ဆက်လက်ဆွေးနွေးဖို့ရှိပါတယ်” ဟု NCA အပစ်ရပ် အဖွဲ့များ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေး နွေးမှု ပူးတွဲ ကော်မတီ UPDJC အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

ထို့အပြင် လက်ရှိဖြစ်ပေါ်တိုးတက်နေသော တပ်မတော်၊ အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် အချို့ တို့၏ အလွတ် သဘော တွေ့ဆုံဆွေးနွေးမှုများ သည် အနာဂတ် ငြိမ်းချမ်းရေး လုပ်ငန်းအတွက် တွန်းအား တစ်ရပ် ကို ဖြစ်စေသည် ဟု ၎င်းက ဆက်ပြောသည်။

ဗိုလ်မှူးကြီး စိုင်းငင်းက “ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပ နိုင် ရေး တွေ့ဆုံညှိနှိုင်းမှုတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အလွတ်သဘော ဆွေးနွေးမှုတွေကို သက်ဆိုင် တဲ့ အဖွဲ့ အစည်းတွေ အကြား ပြုလုပ်နိုင်ခဲ့ကြတာတွေဟာ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်အတွက် တွန်းအား ဖြစ်စေခဲ့ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် အပတ်က အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့၏ ဆွေးနွေးပွဲမှ ဘုံသဘောထား ချမှတ် နိုင်ခဲ့ သည့် ရလဒ်များကိုလည်း အားတက်မိသည်ဟု အပစ်ရပ်အဖွဲ့များ၏ UPDJC အဖွဲ့ခေါင်း ဆောင်က ဆို သည်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အစိုးရ လွှတ်တော် တပ်မတော်တို့ ပြီးခဲ့တဲ့ သတင်းပတ်မှာ တွေ့ဆုံ ဆွေး နွေးညှိနှိုင်းပြီး ဘုံသဘောထား ချက်မှတ်နိုင်ခဲ့တာတွေ နိုင်ငံရေး ဆွေးနွေးရေး ဆိုင်ရာ မူဘောင် ကိစ္စတွေ ဆွေးနွေးညှိနှိုင်းခဲ့တာကို ကြားသိရတာတွေဟာ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်အတွက် အားတက်မိပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်း က ဆက်ပြောသည်။

အစိုးရနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ ဒီဇင်ဘာလ ၇ ရက်နေ့က ဆယ်တောရို ဘော်ဒါ ဆောင် ဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စရပ်များနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် ကိစ္စရပ် များကို အွန်လိုင်းမှတစ်ဆင့် တွေ့ ဆုံဆွေးနွေးခဲ့ကြ သကဲ့သို့ တပ်မတော်နှင့် ရက္ခိုင်တပ်တော် AA တို့သည် လည်း ဒီဇင်ဘာလ ၉ ရက်နေ့က “၀” ပည်သွေးစည်း ညီ ညွှတ်ရေး တပ်မတော် UWSA ဌာနချုပ် ပန်းဆန် တွင် ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ ကိစ္စရပ်အပြင် နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကို သေချာခိုင်မာ အောင် လုပ်ဆောင်ရန် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထိုတွေ့ဆုံမှုများကြောင့် လာမည့် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များအတွက် တွန်းအားတစ်ရပ်ကို ဖြစ်စေ သည်ဟု ဒီဇင်ဘာလ ၁၁ ရက် ယနေ့တွင် ပြုလုပ်သည့် NCA-S EAO အဖွဲ့များ၏ ၃၅ ကြိမ်မြောက် UPDJC အစည်း အေ၀း အဖွင့် နှုတ်ခွန်းဆက်စကားတွင် ဗိုလ်မှူးကြီး စိုင်းငင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

ထို့အပြင် အပစ်ရပ်အဖွဲ့များ အနေဖြင့် NLD ပါတီမှ အစိုးရအသစ် မဖွဲ့စည်းနိုင်သေးသည့် ကြားကာလတွင် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်များအတွက် ဆွေးနွေးနိုင်ရေး အဖွဲ့၀င် ၁၀ ဦးပါသည့် ညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်း ထားပြီး ထိုအဖွဲ့မှ အစိုးရနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးသွားရန်ရှိသည် ဟု ဗိုလ်မှူးကြီး စိုင်းငင်း က ဆိုသည်။

“အစိုးရအသစ် မဖွဲ့စည်းနိုင်သေးတဲ့ ကြားကာလမှာ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်အတွက် အစိုးရနဲ့ မိမိတို့ NCA-S EAO တွေအကြား အလွတ်သဘော ဆွေးနွေးညှိနှိုင်းသွားဖို့ လမ်းဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ သင့် တော်တဲ့ အချိန်ကာလမှာ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ မိမိတို့ဖက်က ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။”

လာမည့်နှစ်ဆန်းပိုင်းတွင် အပစ်ရပ်အဖွဲ့များ၏ စတုတၳ အကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံ (ဒုတိယ) ပိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်သွားရန် ရှိသည်ဟု နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၂ ရက်တာ ပြုလုပ်သည့် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ Video Conferencing အစည်း အဝေး အပြီးတွင် ပြောဆိုထားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ် ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

အားမီ(NMG)-ရေးသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here