တပ်မတော် အသေရေဖျက်မှုဖြင့် တရားစွဲခံရသော ဒေါ်နန်ပူ၏ သက်သေများကို စစ်ဆေး

0
215

အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တပ်မတော်၏ တရားစွဲဆိုထားခြင်းခံရသော ဆန္ဒပြ ကချင်လူငယ် ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဒေါ်နန်ပူ၏ ကျန်ရှိနေသေးသော သက်သေများကို ယနေ့မနက် မြစ်ကြီးနား မြို့နယ်တရားရုံးတွင် ဆက်လက် စစ်ဆေးခဲ့သည်။

တရားစွဲဆိုထားခံရသော ဒေါ်နန်ပူမှာ Lai Nawng Hku (လိုင်နှောင်းခူး)တွင် ပိတ်ဆို့ထားသော စစ်ရှောင်ပြည်သူများကို တပ်မတော်က သတ်ဖြတ်၊ နှိပ်စက်၊ ခြိမ်းခြောက်မှု ပြုလုပ်သည် ဟူသော ပြောဆိုမှုအပေါ် မှန်ကန်မှုရှိ မရှိ သက်သေတစ်ဦးသည့် ဦး Hka Li ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ဒုတိယ ဗိုလ်မှူးကြီးမျိုးမင်းဦး တရားလိုပြုကာ ကချင်ဆန္ဒပြ (၃)ဦး ကို စွပ်စွဲထားသော အမှုသည် မှန်ကန်မှုမရှိသလို တရားမျှတမှုလည်း မရှိသောကြောင့် မြို့နယ်တရားရုံးမှ စွဲချက်မိန့်ကို ပယ်ဖျက်ပေးရန် ခရိုင်ရုံးမှ တဆင့် ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်လွှာကို စက်တင်ဘာ ၁၇ ရက်နေ့ တင်းထားခြင်း ဖြစ်သည်။

ကချင်ဆန္ဒပြ ၃ဦး၏ စွဲချက်မိန့်ကို ပယ်ဖျက်ပေးရန် ပြည်နယ် တရားလွှတ်တော်သို့ ပြင်ဆင်လွှာ တင်ပြထားသည့်အပေါ် ပြည်နယ် တရားလွှတ်တော်မှ လက်ခံသင့် မခံသင့်ကို အောက်တိုဘာ ၁၅ ရက်ရက်နေ့တွင် လျှောက်လွှဲချက် ပေးမည်ဟု သိရပါသည်။

ပြည်နယ်လွှတ်တော်မှ လျှောက်လွှဲချက်မရသရွေ့ ထိုအမှုကို မြို့နယ်တရားရုံးတွင် ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here