ရှမ်းမြောက် Nam Um ကျေးရွာအနီး တိုက်ပွဲဖြစ်

0
199

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာ အနီး မုန့်ပေါ် ချောင်းတံတား တွင် မြန်မာ့ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု တို့ ယနေ့ စက်တင်ဘာလ၂၉ရက်နေ့ မနက်ပိုင်း အချိန်တို တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

“ဒီမနက် မိုးလင်းလာတာနဲ့သေနပ်သံတွေ ကြားနေရပြီ။ သေနပ်သံ က ခဏ တစ်ဖြုတ်ပဲ မည်တာပါ။ ဒီကနေ့က ရွာသားတွေကလည်း ဘယ်မှမသွားရဲကြတော့ဘူး။ ရွာထဲ မှာလဲ စစ်သားတွေ အပြည့်ဘဲ” ဟု Nam Um (နမ့်အွမ်) ရွာသားတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

ထို့အပြင် မူဆယ်-လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ် နမ့်အွမ်ကျေးရွာတွင်လည်း တအောင်းလွတ်မြောက်ရေး တပ်မတော် TNLA မှ အခွန်ကြေးများ ကောက်ခံ နေသဖြင့် လမ်းပိတ်ဆို့မှု ဖြစ်နေသည်ဟု ဒေသခံများမှ သိရပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here