နယ်စပ်ဒေသ အကူအညီများ ဆက်လက်ရရှိရန် စည်းရုံးလှုံ့ဆော်မှုများလုပ်ဆောင်မည် ဟု KCC ပြော

0
216

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအပါအဝင် ပြည်တွင်းစစ်ရှောင် ပြည်သူ (IDPs)များအ တွက် ထောက်ပံ့မှု အကူအညီများ ဆက်လက်ရရှိရန် နိုင်ငံတကာသို့ စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းများလုပ်ဆောင်သွားမည်ဟု ကနေဒါနိုင်ငံ ကရင်လူမှုအသိုင်းအဝိုင်း (KCC)က ပြောဆိုလိုက်သည်။

ကနေဒါနိုင်ငံ၊ Alberita ခရိုင်၊ (Edmonton) မြို့တွင် စက်တင်ဘာ ၁ ရက်မှ ၃ရက်နေ့ အထိ ပြုလုပ်ကျင်းပသည့် ကနေဒါနိုင်ငံ ကရင်လူမှုအသိုင်းအဝိုင်း၏ နှစ်ကုန်အစည်းအဝေးတွင် တက်ရောက်လာသည့် သက်ဆိုင်ရာ မြို့သီးသီးမှ ကိုယ်စားလှယ်များက ယင်းသို့ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်ဟု KCC ဥက္ကဌဖြစ်သူ စလုံ့ဖန်းက ကေအိုင်စီသို့ ယနေ့ပြောသည်။

၎င်းက “အခု ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာဖြစ်စေ၊ ပြည်တွင်း IDPတွေ အ တွက်ဖြစ်စေ ထောက်ပံ့မှု အကူအညီတွေက အရမ်းကို လျှော့နည်းလာတယ်။ အဲဒါကိုသူ တို့အတွက် Advocacy (ထောက်ခံအားပေးမှု) လုပ်ငန်းတွေလုပ်မယ်။ ပြီးတော့ Internati onal Campaign (နိုင်ငံတကာ စည်းရုံးလှုံ့ဆော်မှု) တွေလုပ်ဆောင်သွားမယ်လို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ကြတယ်”ဟု ပြောသည်။

ထို့အပြင် ကနေဒါနိုင်ငံ ကရင်လူမှုအသိုင်းအဝိုင်းအနေဖြင့် ကရင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ဒေသများအတွင်း ဖြစ်ပျက်နေသည့် စစ်ရေးပဋိပက္ခနှင့် တိုင်းရင်းသား လူမျိုးစုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှု အခြေအနေများကို ကနေဒါ အစိုးရ ထံသို့ တင်ပြပြီး မြန်မာအစိုးရအား နိုင်ငံတကာ၏ အရေးယူဆောင်ရွက်နိုင်ရေး ပိုမို ဖိအားပေးနိုင်ရန် လုပ်ဆောင်သွားမည်ဟုလည်း စလုံ့ဖန်းက ဖြည့်စွက်ပြောဆိုသည်။

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်နေစဉ်ကာလအတွင်း ကရင်ပြည် နယ် အပါအဝင် တိုင်းရင်းသားဒေသများတွင် အစိုးရတပ်မတော်မှ တပ်အင်အားတိုးချဲ့ခြင်း ၊ စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာခြင်းနှင့် တိုင်းရင်းသားပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေခြင်းတို့သည် စိုးရိမ်စရာအခြေအနေ ဖြစ် စေသည်ဟုလည်း KCC၏ နှစ်ကုန် အစည်းအဝေးနှင့် အဖွဲ့၏ နှစ် ၂ဝ ပြည့်နှစ်ပတ်လည် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KCC ဥက္ကဌ စလုံ့ဖန်းက “ အခု ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ကရင်ပြည်သူတွေအတွက် အကျိုးကျေးဇူးတစ်ခုမှ မရှိဘူးလို့ ကျနော်တို့က မြင်တယ်။ တိုင်းရင်းသားဒေသတွေမှာ စစ်ရေး ပဋိပက္ခတွေ ဆက်လက်ဖြစ်ပေါ်နေတုန်းပါပဲ။ ကရင်ပြည်သူတွေလည်း ထွက်ပြေးနေရတုန်းပါပဲ။ အစိုးရဘက်က နယ်မြေစိုးမိုးမှုတွေ ဆက်လက်လုပ်ဆောင်နေတုန်းပဲ။ နောက် ကျနော်တို့နယ်မြေအတွင်းမှာ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေ ဝင်ရောက်လာမှုကလည်းပဲ ကြီးမားတဲ့ စိုးရိမ်မှုတွေ ဖြစ်စေပါတယ်။”ဟု ပြောသည်။

KCC၏ ထုတ်ပြန်ချက်အရ ကေအဲန်ယူနှင့်မြန်မာအစိုးရတို့ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် နိုင်ငံရေးအရ သိသာထင်ရှားသည့် သဘောတူညီချက် တစ်စုံတစ်ရာ မရရှိသေးသည့်အတွက် နယ်စပ် ဒုက္ခသည်နှင့် IDPs များကို နေရပ် ပြန်လည် ပို့ဆောင်ခြင်း မလုပ်ဆောင်သင့်သလို ၎င်းတို့ အတွက် ထောက်ပံ့မှု အကူအညီများကို လည်း မလျှော့ချသင့်ကြောင်း၊ ဌာနေလူထုများ၏ အသက်ရှင်ရပ်တည်ရေးအတွက် ထိခိုက်နစ်နာမည့် Mega Projects (စီမံကိန်းကြီး) များကို မလုပ်ဆောင်သင့်ကြောင်းလည်း ဖော်ပြထားသည်။

ထိုင်-မြန်မာနယ်စပ်တလျှောက် မြန်မာဒုက္ခသည်စခန်း ၉ခု၌ ခိုလှုံနေကြသည့် ဒုက္ခသည် များအား ၂ဝ၁၄ ခုနှစ်မှစတင်ကာ စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုများအပါအဝင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ အကူအညီများနှင့် စခန်းစီမံခန့်ခွဲမှု အကူအညီများသိသိသာ သာလျှော့ချခြင်းခံရသလို မြန်မာပြည်တွင်းစစ်ရှောင်များအား ထောက်ပံ့ပေး နေသည့် နိုင်ငံတကာ အကူအညီများလည်း ၂ဝ၁၇ ခုနှစ်ကတည်းက ဖြတ်တောက်ခြင်းခံခဲ့ရသည်ဟု ၎င်းတို့ကို ကူညီဆောင်ရွက်နေသူများက ပြောဆိုသည်။

သုံးရက်ကြာ ပြုလုပ်သည့် ကနေဒါ ကရင်လူမှုအသိုင်းအဝိုင်း၏ နှစ်ကုန်အစည်းအဝေးသို့ သက်ဆိုင်ရာ မြို့အသီးသီးမှ ကိုယ်စားလှယ်ပေါင်း ၅၄ဦးတက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ မြို့အသီးသီးမှ အဖွဲ့ဝင်များကို ပြန်လည်သုံးသပ်ခြင်း၊ ဗဟိုအလုပ်အမှုဆောင်များ၏ တင်ပြချက်များကို သုံးသပ်ခြင်း၊ ဖြည့်စွက်အတည်ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။ ၎င်းအပြင် KCC ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၂ဝပြည့်အထိမ်းအမှတ် ဖျော်ဖြေရေး အစီအစဉ်များ ပြုလုပ်ကျင်းပခဲ့ကြသည်။

KCC ကို ကနေဒါရောက် ကရင်အမျိုးသားများအရေးအရာများကို လုပ်ဆောင်ရန် ၁၉၉၈ ခုနှစ်တွင် စတည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ လက်ရှိ ကနေဒါနိုင်ငံတွင် ကရင်လူဦးရေ ၈,ဝဝဝမှ ၁ဝ,ဝဝဝ ဝန်းကျင်ရှိပြီး အများစုမှာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် စခန်းမှ ဖြစ်ကြကာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ တတိယနိုင်ငံ သွားရောက်ခိုလှုံနေထိုင်ရေး အစီအစဉ်ဖြင့် ၂ဝဝ၆ ခုနှစ်မှ စတင်ရောက်ရှိအခြေချနေ ထိုင်နေကြသူများ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here