မြစ်ကြီးနား ပမ္မတီး စစ်ရှောင်စခန်း မိသားစုများ မည်သည့်အကူညီမျှ မရရှိသေး

0
362

နမ္မတီးမှ Kasung (ကဆုန့်) စစ်ရှောင်များ မြစ်ကြီးနား သို့ ရွှေ့ပြောင်းခိုလှုံနေခြင်း ယခု ၂ပတ် ရောက်လာပြီဖြစ်သော်လည်း မည်သည့် အကူညီမှ မရရှိသေးသောကြောင့် စားဝတ်နေရေး အလွန်ခက်ခဲနေပါသည်။

စစ်ရှောင်မိသားစုများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ လီဆူ ရေးရာဝန်ကြီး နှင့် ရပ်ကွက်အုပ်ရေးမှူးများ လာရောက်တွေ့မှုရှိသော်လည်း တစ်စုံတစ်ရာထောက်ပံ့ပေးခြင်း မရရှိသေးကြောင်း စစ်ရှောင်များဆိုပါသည်။

တိုက်ပွဲကြောင့် ထွက်ပြေးရသော စစ်ရှောင်မိသားစုများ ရေဘေးကြောင့် ထပ်မံရွှေ့ပြောင်းရသဖြင့် စားဝတ်နေရေး၊ ကျန်းမာရေး အဖက်အဖက်မှ အကူအညီများ လိုအပ်နေကြာင်း စစ်ရှောင်တာဝန်ခံ ဦးအားဖီ ကချင်သတင်းဌာန KNG ကို ယခုလို ပြောပါသည်။

“ကျနော်တို့မှာ နေစရာအိမ်မရှိကြဘူး။ နိုင်ငံရေးမကောင်းတော့ မိမိအိမ် ပြန်ဖို့ အဆင်မပြေဘူး။ ဘယ်ကိုသွားရ၊ ဘယ်ကိုပြန်ကိုရမှန်းလည်းမသိ။ လူဦးရေများတော့ အစားအသောက် အရမ်းခက်ခဲတယ်။ နေထိုင်ဖို့လည်း မိုးကာတဲနဲ့ဆိုအဆင်မပြေဘူး။ ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ မလာတော့ပိုဆိုးတယ်။”

မိုးကောင်းမြို့နယ် နမ္မတီးမြို့ AG ခရစ်ယာန် ဘုရားကျောင်းတွင် ၄ လခန့် ခိုလှုံနေသော Kasung (ကဆုန့်) စစ်ပြေးမိသားစု ၁၄၂ ဦးသည် ၎င်းတို့ စခန်း ရေလွှမ်းမိုးခြင်း မကြာခဏ ခံရသောကြောင့် မြစ်ကြီးနားမြို့ ပမ္မတီး ရပ်ကွက် နယ်မြေ (၅)သို့ ရွှေ့ပြောင်းရခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here